Sunday 29 September 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေး အတွက် NLD နှင့် တိုင်းရင်းသား ပါတီများ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိ၍ ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူပြီး လွှတ်တော်သို့ တင်ပြမည်

Photo: ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေး အတွက် NLD နှင့် တိုင်းရင်းသား ပါတီများ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိ၍ ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူပြီး လွှတ်တော်သို့ တင်ပြမည်
Sunday, 29 September 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေး အတွက် NLD နှင့် တိုင်းရင်းသား ပါတီများ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိ၍ ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူပြီး ပြည်ထောင် စု လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများ၏ စက်တင်ဘာ ၂၈ ရက် ပူးတွဲကြေညာချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး အတွက် စတုတ္ထ အကြိမ်မြောက်အဖြစ် စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ NLD  ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အဆိုပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စတုတ္ထအကြိမ်မြောက် အစည်းအဝေးသို့ တိုင်းရင်းသားနိုင်ငံရေး ပါတီ ၁၀ ပါတီမှ ကိုယ်စားလှယ် ၂၀ တက်ရောက်ခဲ့ပြီး အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဗဟိုအလုပ် အမှုဆောင်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင်များ စုစုပေါင်း ၁၃ ဦး တက်ရောက်ခဲ့သည်။

ပူးတွဲကြေညာချက်တွင် "အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်း သားနိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးနှင့် ပတ်သက် သည့် အားသာချက်၊ အားနည်းချက်၊ အကြောင်းအကျိုးတို့ကို လေ့လာ သည့် အခါ အောက်ပါအချက်များကို တွေ့ရှိရပါသည်။ (၁) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ယင်းဥပဒေကို ပြင်ဆင်နိုင်ကြောင်း ထည့်သွင်းပြဋ္ဌာန်း ထားခြင်းကြောင့် အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းသည် ယင်းဥပဒေက ခွင့်ပြုထားခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် "နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ကို လိုက် နာစောင့်ထိန်းရန် တာဝန်" ရှိသည်ဟု ပြဋ္ဌာန်းထားသဖြင့် ဥပဒေ က ပြင်ဆင်နိုင်ကြောင်း ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ခြင်းသည် ဥပဒေဘောင် အတွင်းက ဆောင်ရွက်ခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ မူလရရှိထားသော အခွင့်အရေးများကို နိုင်ငံတော် အစိုးရက တာဝန်ခံ ရမည်။ (၂) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် "တပ်မတော်သည် နိုင် ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်" ဟု ပြဋ္ဌာန်းထားသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲခြင်းမှာ တပ်မတော်အား ဖိတ်ခေါ်ဆွဲသွင်းရာ ရောက်ပါ သည်။" ဟု ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အထက်ပါ တွေ့ရှိချက် များအား တိုင်းရင်းသား ပါတီများနှင့် ချပြဆွေးနွေး ခဲ့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်မည် (သို့မဟုတ်) အသစ်ရေးဆွဲ မည်ကို တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါ။ ထိုသို့ ဆုံးဖြတ်နိုင်ရန် ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူရန် လိုအပ်လာပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံ ပါတီများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးအတွက် ပြည်သူလူထု၏ ဆန္ဒသဘောထား ရယူရာတွင် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထားကိုလည်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ပါသည်ဟု ပူးတွဲကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေ့လာရာတွင် (က) ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်များ၊ (ခ) ရှေ့နောက် ညီညွတ်ခြင်း မရှိသော ဆန့်ကျင်ကွဲလွဲနေသည့် ပြဋ္ဌာန်းချက်များ၊ (ဂ) ပြည်တွင်းငြိမ်းချမ်းရေး အတွက် မရှိမဖြစ် လိုအပ်သော တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတား ဖြစ်နေသည့် ပြဋ္ဌာန်းချက်များ၊ (ဃ) ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသော . . . . .

"ပြုပြင်မှာလား၊ အသစ်ပြန်လည် ရေးဆွဲမှာလားလို့ မေးထားတာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောရရင် အမြင်နှစ်မျိုး ရှိပါတယ်။ ပြုပြင်ရင် သူ့ရဲ့ အကျိုးဆက်တွေက ဘယ်လိုရှိနိုင်လဲ၊ ဘယ်လိုပုံစံနဲ့ ပြုပြင်ရမလဲ။ အသစ်ရေး ဆွဲမယ် ဆိုရင်လည်း ဘယ်လိုပုံစံနဲ့ ရေးဆွဲနိုင်မလဲ၊ အကျိုးဆက်တွေ က ဘယ်လိုရှိနိုင်မလဲ ဆိုတာကို ကျွန်မတို့ အနေနဲ့ ပြည်သူ လူထု ကို ချပြပြီးတော့ ပြည်သူလူထုရဲ့ အသံကိုလည်း ပြန်ပြီးတော့ နားထောင်မှာ ဖြစ်ပါတယ်။ ဒီအသံကိုလည်း ပြည်ထောင်စု လွှတ်တော်ကနေ ကြားတဲ့အလျောက် လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီက အစီရင်ခံစာကို ရေးမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုသဘောတူပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ဆွေးနွေးပွဲအပြီး  မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြား သည်။

ပြည်သူ့ဆန္ဒ သဘောထား ရယူမည် ဆိုရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စီမံကိန်းချပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ နယ်များအထိ တတ်နိုင်ပါက ရွာများအထိဆင်းကာ ပြည်သူလူထုကို ချပြရန် စီစဉ်ထားပြီး မကြာမီ စတင်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောကြားသည်။

"ပြင်ဖို့နဲ့ အသစ်ရေးဆွဲဖို့မှာ ကျွန်မက ဘက်မလိုက်ဘူး။ NLD လည်း ဘက် မလိုက်ဘူး။ ဘာလို့လဲဆိုတော့ အဲဒါမတရားဘူးလေ။ ဇောင်းပေး သလို ဖြစ် သွား မှာပေါ့။ ပြည်သူလူထုကို ဒီဟာလုပ်၊ ဟိုဟာမလုပ်နဲ့လို့ ပြော သလို ဖြစ်နေမှာပေါ့။ ကျွန်မတို့ရဲ့ တာဝန်က ဘယ်လိုလုပ်ရင် ဘယ်ဟာဖြစ်နိုင် တယ် ဆိုတာကိုပဲ တင်ပြဖို့ပဲ။ ပြည်သူတွေ အနေနဲ့ ပြန်ပြီးဆွေးနွေးမယ်။ နောက်ဆွေးနွေးရင်းနဲ့လည်း အဖြေရသွားရင် ရသွားမှာပဲ။ ကျွန်မတို့ ဒီလိုဆွေးနွေးရင်းနဲ့ ဘယ်ဘက်ကို ထောက်ခံသင့် တယ် ဆိုတာ ကျွန်မတို့ အတွက်လည်း ရှင်းလင်းလာမှာ ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"ကျွန်မတို့နိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တတိ ယမြောက် ဖြစ် ပါတယ်။ ပထမ ၄၇ မှာ ဘယ်လိုပြဋ္ဌာန်းခဲ့တယ်၊ ၇၄ မှာ ဘယ်လိုပြဋ္ဌာန်းခဲ့တယ်၊ ၂၀၀၈ မှာ ဘယ်လိုပြဋ္ဌာန်းခဲ့တယ်၊ အဲဒီ့ သမိုင်းကြောင်းကို ရှင်းပြရမှာ ဖြစ်ပါတယ်။ ဒီအရ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုပုံစံနဲ့ ရေးဆွဲပြီး ဘယ်လိုပုံစံနဲ့ အတည်ပြုခဲ့လဲ၊ ဘာကြောင့် ဒီမိုကရေစီ နည်းမကျဘူးလို့ ယူဆလဲ။ ယုံကြည်လဲ ဆိုတာကို ပြည်သူတွေကို ချပြမှာ ဖြစ်တယ်။ နောက်တစ်ဆင့်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာရှိတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မညီတာ၊ ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်ဖို့ အတွက် အဟန့်အတား ဖြစ်စေတာ၊ အဓိက အချက်တွေကို ရှင်းပြမယ်။ ဒီလို အချက်တွေကြောင့် ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ချင်တယ်ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဖို့ လိုတယ်ဆိုတာကို ရှင်းပြမှာ ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာရာတွင် (က) ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်များ၊ (ခ) ရှေ့နောက် ညီညွတ်ခြင်း မရှိသော ဆန့်ကျင်ကွဲလွဲနေသည့် ပြဋ္ဌာန်းချက်များ၊ (ဂ) ပြည် တွင်းငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်သော တိုင်းရင်းသားများ၏ အခွင့် အရေးများကို အာမခံရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေး အတွက် အဟန့်အတား ဖြစ်နေသည့် ပြဋ္ဌာန်းချက်များ၊ (ဃ) ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေေ သာ ပြဋ္ဌာန်းချက်များ၊ (င) အပြန်အလှန် ထိန်းကျောင်းရမည့် ဒီမိုကရေစီ မဏ္ဍိုင်ကြီး (၃) ရပ်အား တစ်ဖက်စောင်းနင်း ဖြစ်စေသော ပြဋ္ဌာန်းချက်များ၊ (စ) နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ် ပေးနိုင်ခြင်း မရှိ သည့် ပြဋ္ဌာန်းချက်များ၊ (ဆ) ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတရေးကို ထိခိုက်နေသည့် ပြဋ္ဌာန်းချက်များ စသည်တို့ကို တွေ့ရှိရ သည် ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

"၂၀၁၅ မတိုင်ခင် အခြေခံဥပဒေ ပြင်ဆင်ရတယ်ဆိုတာ အကျပ်အတည်း ကနေ ဖောက်ထွက်ဖို့ ပြင်တာဖြစ်တယ်။ ဒါကို မပြင်နိုင်ရင် အကျပ် အတည်း ဖြစ် မယ်။ အကျပ်အတည်း မဖြစ်အောင် ပြင်ရတာ ဖြစ်တယ်" ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော်အနေနှင့် ၁၀၀ ရာခိုင်နှုန်း ပါဝင်လာစေရန် မျှော်လင့်ကြောင်းနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော် ပါဝင်လာပါက တိုင်းရင်းသား အားလုံးကလည်း ကြိုဆိုကြမှာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည်။

မိဘပြည်သူများက ဤဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး ပြည်သူ့ဆန္ဒ သဘောထား ရယူရေးတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများက တိုက်တွန်းနှိုးဆော် ထားသည်။

Eleven Media Group

စက်တင်ဘာ ၂၈ ရက်က NLD ရုံးချုပ်၌ မီဒီယာများနှင့် တွေ့ဆုံနေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
စက်တင်ဘာ ၂၈ ရက်က NLD ရုံးချုပ်၌ မီဒီယာများနှင့် တွေ့ဆုံနေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေး ဆွဲရေး အတွက် NLD နှင့် တိုင်းရင်း သားပါတီများ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်းမရှိ၍ ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်း ရင်းသား ပါတီများ၏ စက်တင်ဘာ ၂၈ ရက် ပူးတွဲကြေညာချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး အတွက် စတုတ္ထ အကြိမ်မြောက်အဖြစ် စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ NLD  ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အဆိုပါပူးတွဲကြေညာချက်ကို ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စတုတ္ထအကြိမ်မြောက် အစည်းအဝေးသို့ တိုင်းရင်းသားနိုင်ငံရေး ပါတီ ၁၀ ပါတီမှ ကိုယ်စားလှယ် ၂၀ တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဗဟို အလုပ်အမှုဆောင်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင်များ စုစုပေါင်း ၁၃ ဦး တက်ရောက်ခဲ့သည်။

ပူးတွဲကြေညာချက်တွင် "အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်း သားနိုင်ငံရေး ပါတီများ တွေ့ ဆုံဆွေးနွေးရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေး ဆွဲရေးနှင့် ပတ်သက်သည့် အားသာချက်၊ အားနည်းချက်၊ အကြောင်းအကျိုးတို့ကို လေ့လာသည့် အခါ အောက်ပါအချက်များကို တွေ့ရှိရပါသည်။ (၁) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ယင်းဥပဒေ ကို ပြင်ဆင်နိုင်ကြောင်း ထည့်သွင်းပြဋ္ဌာန်း ထားခြင်းကြောင့် အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းသည် ယင်းဥပဒေက ခွင့်ပြုထားခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် "နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်" ရှိသည်ဟု ပြဋ္ဌာန်းထား သဖြင့် ဥပဒေက ပြင်ဆင်နိုင်ကြောင်း ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ခြင်းသည် ဥပဒေဘောင် အတွင်းက ဆောင်ရွက်ခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်းဖြစ်၍ မူလရရှိထားသော အခွင့်အရေးများကို နိုင်ငံတော် အစိုးရက တာဝန်ခံ ရမည်။ (၂) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် "တပ်မတော်သည် နိုင် ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်" ဟု ပြဋ္ဌာန်းထားသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အသစ်ရေးဆွဲခြင်းမှာ တပ်မတော်အား ဖိတ်ခေါ်ဆွဲသွင်းရာ ရောက်ပါ သည်။" ဟု ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အထက်ပါ တွေ့ရှိချက် များအား တိုင်းရင်းသား ပါတီများနှင့် ချပြဆွေးနွေး ခဲ့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်မည် (သို့မဟုတ်) အသစ်ရေးဆွဲမည်ကို တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါ။ ထိုသို့ ဆုံးဖြတ်နိုင်ရန် ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူရန် လိုအပ်လာပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံ ပါတီများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးအတွက် ပြည်သူလူထု၏ ဆန္ဒသဘောထား ရယူရာတွင် ပူးပေါင်းလက် တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထားကိုလည်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ပါသည်ဟု ပူးတွဲကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေ့လာရာတွင် (က) ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်များ၊ (ခ) ရှေ့နောက် ညီညွတ်ခြင်း မရှိသော ဆန့်ကျင်ကွဲလွဲနေ သည့် ပြဋ္ဌာန်းချက် များ၊ (ဂ) ပြည်တွင်းငြိမ်းချမ်းရေး အတွက် မရှိမဖြစ် လိုအပ်သော တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတား ဖြစ်နေ သည့် ပြဋ္ဌာန်း ချက်များ၊ (ဃ) ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသော . . . . .

"ပြုပြင်မှာလား၊ အသစ်ပြန်လည် ရေးဆွဲမှာလားလို့ မေးထားတာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောရရင် အမြင်နှစ်မျိုး ရှိပါတယ်။ ပြုပြင်ရင် သူ့ရဲ့ အကျိုးဆက်တွေက ဘယ်လိုရှိနိုင်လဲ၊ ဘယ်လိုပုံစံနဲ့ ပြုပြင်ရမလဲ။ အသစ်ရေး ဆွဲမယ် ဆိုရင်လည်း ဘယ်လိုပုံစံနဲ့ ရေးဆွဲနိုင်မလဲ၊ အကျိုးဆက်တွေ က ဘယ်လိုရှိနိုင်မလဲ ဆိုတာကို ကျွန်မတို့ အနေနဲ့ ပြည်သူ လူထု ကို ချပြပြီးတော့ ပြည်သူလူထုရဲ့ အသံကိုလည်း ပြန်ပြီးတော့ နားထောင်မှာ ဖြစ်ပါတယ်။ ဒီအသံကိုလည်း ပြည်ထောင်စု လွှတ်တော်ကနေ ကြားတဲ့အလျောက် လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီက အစီရင်ခံစာကို ရေးမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုသဘောတူပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ဆွေးနွေး ပွဲအပြီး  မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြား သည်။

ပြည်သူ့ဆန္ဒ သဘောထား ရယူမည် ဆိုရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စီမံကိန်းချပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ နယ်များအထိ တတ်နိုင်ပါက ရွာများအထိဆင်းကာ ပြည်သူလူထုကို ချပြရန် စီစဉ်ထားပြီး မကြာမီ စတင်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောကြားသည်။

"ပြင်ဖို့နဲ့ အသစ်ရေးဆွဲဖို့မှာ ကျွန်မက ဘက်မလိုက်ဘူး။ NLD လည်း ဘက် မလိုက်ဘူး။ ဘာလို့လဲဆိုတော့ အဲဒါမတရားဘူးလေ။ ဇောင်းပေးသလို ဖြစ်သွားမှာပေါ့။ ပြည်သူလူထုကို ဒီဟာလုပ်၊ ဟိုဟာမလုပ်နဲ့ လို့ ပြော သလို ဖြစ်နေမှာပေါ့။ ကျွန်မတို့ရဲ့ တာဝန်က ဘယ်လိုလုပ်ရင် ဘယ်ဟာဖြစ်နိုင် တယ် ဆိုတာကိုပဲ တင်ပြဖို့ပဲ။ ပြည်သူတွေ အနေနဲ့ ပြန်ပြီးဆွေးနွေးမယ်။ နောက်ဆွေးနွေးရင်းနဲ့လည်း အဖြေရသွားရင် ရသွားမှာပဲ။ ကျွန်မတို့ ဒီလိုဆွေးနွေးရင်းနဲ့ ဘယ်ဘက်ကို ထောက်ခံသင့် တယ် ဆိုတာ ကျွန်မတို့ အတွက်လည်း ရှင်းလင်းလာမှာ ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"ကျွန်မတို့နိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တတိ ယမြောက် ဖြစ် ပါတယ်။ ပထမ ၄၇ မှာ ဘယ်လိုပြဋ္ဌာန်းခဲ့တယ်၊ ၇၄ မှာ ဘယ်လိုပြဋ္ဌာန်းခဲ့တယ်၊ ၂၀၀၈ မှာ ဘယ်လိုပြဋ္ဌာန်းခဲ့တယ်၊ အဲဒီ့ သမိုင်းကြောင်း ကို ရှင်းပြရမှာ ဖြစ်ပါတယ်။ ဒီအရ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လို ပုံစံနဲ့ ရေးဆွဲပြီး ဘယ်လိုပုံစံနဲ့ အတည်ပြုခဲ့လဲ၊ ဘာကြောင့် ဒီမိုကရေစီ နည်းမကျဘူးလို့ ယူဆလဲ။ ယုံကြည်လဲ ဆိုတာကို ပြည်သူတွေကို ချပြမှာ ဖြစ်တယ်။ နောက်တစ်ဆင့်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲမှာရှိတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မညီတာ၊ ဒီမိုကရေစီ ပြည်ထောင် စု ဖြစ်ပေါ်ဖို့ အတွက် အဟန့်အတား ဖြစ်စေတာ၊ အဓိက အချက်တွေကို ရှင်းပြမယ်။ ဒီလို အချက်တွေကြောင့် ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ချင်တယ်ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဖို့ လိုတယ်ဆိုတာကို ရှင်းပြမှာ ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာရာတွင် (က) ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်များ၊ (ခ) ရှေ့နောက် ညီညွတ်ခြင်း မရှိသော ဆန့်ကျင်ကွဲလွဲနေသည့် ပြဋ္ဌာန်းချက် များ၊ (ဂ) ပြည် တွင်းငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်သော တိုင်းရင်းသားများ၏ အခွင့် အရေးများကို အာမခံရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေး အတွက် အဟန့်အတား ဖြစ်နေ သည့် ပြဋ္ဌာန်း ချက်များ၊ (ဃ) ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေေ သာ ပြဋ္ဌာန်းချက် များ၊ (င) အပြန်အလှန် ထိန်းကျောင်းရမည့် ဒီမိုကရေစီ မဏ္ဍိုင်ကြီး (၃) ရပ်အား တစ်ဖက်စောင်း နင်း ဖြစ်စေသော ပြဋ္ဌာန်းချက်များ၊ (စ) နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ် ပေးနိုင်ခြင်း မရှိ သည့် ပြဋ္ဌာန်းချက်များ၊ (ဆ) ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတရေးကို ထိခိုက်နေ သည့် ပြဋ္ဌာန်းချက်များ စသည်တို့ကို တွေ့ရှိရ သည် ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

"၂၀၁၅ မတိုင်ခင် အခြေခံဥပဒေ ပြင်ဆင်ရတယ်ဆိုတာ အကျပ်အတည်း ကနေ ဖောက်ထွက် ဖို့ ပြင်တာဖြစ်တယ်။ ဒါကို မပြင်နိုင်ရင် အကျပ်အတည်း ဖြစ်မယ်။ အကျပ်အတည်း မဖြစ်အောင် ပြင်ရ တာ ဖြစ် တယ်" ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော်အနေနှင့် ၁၀၀ ရာခိုင်နှုန်း ပါဝင်လာစေ ရန် မျှော်လင့်ကြောင်းနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရာတွင် တပ်မတော် ပါဝင်လာပါက တိုင်းရင်းသား အားလုံးကလည်း ကြိုဆိုကြမှာ ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ၏ လေ့လာ သုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည်။

မိဘပြည်သူများက ဤဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး ပြည်သူ့ဆန္ဒ သဘောထား ရယူရေးတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများက တိုက်တွန်းနှိုးဆော် ထားသည်။

Eleven Media Group

No comments:

Post a Comment