Sunday 29 September 2013

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဘရူနိုင်း၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည်ရောက်ရှိ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဘရူနိုင်း၊ ထိုင်းနှင့် မလေးရှား နိုင်ငံတို့မှ စက်တင်ဘာ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီ ၄၉ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း မြန်မာ့ရုပ်မြင်သံကြား၏ သတင်းကြေညာချက်အရ သိရသည်။ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံ ပါလီမန်များ၏ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် သူရဦးရွှေမန်း ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံ House of Representative ဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် မလေးရှားနိုင် ငံ ရွေးကောက် ပွဲကော် မရှင် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment