Sunday 29 September 2013

ရန်ကုန်လေဆိပ်တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

၂၈.၉.၂၀၁၃ရက်နေ့ ၁၀၄၅ အချိန် ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွါ X-Ray စက်၌ တာဝန် ထမ်းဆောင်နေ သည့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း UB – Special ဖြင့် တင်ဆောင်ရန်အတွက် ကျော်စွာဝင်း၊ (ဘ)ဦးတင်ဦးလွင်၊ အင်းစိန်မြို့နယ်နေသူ ယူဆောင်
လာ သည့် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော TV Game စက်အား X-Ray စက်တွင် ဖြတ်သန်းစဉ် ၎င်း Game စက်အတွင်း၌ မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် လေကြောင်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်)သို့ ကျော်စွာဝင်း အား Game စက်နှင့်အတူခေါ်ဆောင်ကာ သက်သေများရှေ့တွင် ဖွင့်ဖေါက် စစ်ဆေးခဲ့ရာ Game စက်အတွင်းမှ အ၀ါရောင်တိတ်များဖြင့်ပတ်လျက် အပြာရောင်ပလပ်စတစ်အိတ်ငယ်များဖြင့်ထည့် ထားေ သာ WY စာတမ်းပါ စိတ်ကြွဆေးပြား (၇၉၈)ပြား၊ အလေးချိန် (၇၉.၈)ဂရမ်ခန့် ၊ ကာလတန်ဘိုးငွေကျပ် (၃၉၉၀၀၀၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ကျော်စွာဝင်းအားစစ်ဆေးခဲ့ရာ အဆိုပါဆေးပြားများပါသည့် Gameစက်ကို ရန်ကုန်မြို့မှ မြိတ်မြို့သို့ ပို့ဆောင်ပေးရန် ၀၆၀၀အချိန်ခန့်က အမည်မသိအမျိုးသား(၁)ဦးမှ လာရောက်ပေးခဲ့ခြင်းဖြစ်ပြီး မြိတ်မြို့ရှိ ဦးနောင်ကို၊ (ဘ)ဦးညာထံသို့ ပို့ဆောင်ပေးရန်ဖြစ်ကြောင်း စစ်ဆေးသိရှိရ သဖြင့် ကော့သောင်းမူးယစ် တပ်ဖွဲ့စုမှ ၁၃၅၀အချိန်တွင် ဦးနောင်ကိုအား ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါစိတ်ကြွဆေးပြားများဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကျော်စွာဝင်းနှင့် ဦးနောင်ကိုတို့အား မင်္ဂလာဒုံမြို့ မရဲစခန်း မယ(ပ)၉/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment