Sunday 29 September 2013

တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေး မွန်ပါတီများနှင့် အစိုးရအဖွဲ့ဆွေးနွေး

မွန်ပြည်နယ်တွင် ယနေ့မှစတင်၍ သုံးရက်တိုင် ကျင်းပမည့် မွန်အမျိုးသား ညီလာခံတွင် တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေးအတွက် တိုင်းရင်းသား ပါတီများနှင့် အစိုးရ အဖွဲ့ဝင်များ ဆွေးနွေးခဲ့ကြောင်း ယင်းညီ လာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကြည်ဝင်း က ပြောကြားသည်။
မွန်အမျိုးသား ညီလာခံတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၊ မွန် ဒီမိုကရေစီ ပါတီနှင့် မွန်ပြည် သစ်ပါတီတို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။ “တိုင်းရင်းသားတွေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် ရရေး အတွက် အဓိက ဆွေးနွေးခဲ့ပါတယ်” ဟု ဦးမင်းကြညဝင်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သော ကရင်အမျိုးသား အစည်းအရုံး၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA နှင့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတို့ တက်ရောက်ခဲ့သည်။

မွန်အမျိုးသား ညီလာခံကို စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး တက်ရောက် လာသော တိုင်းရင်းသား ပါတီများက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စာတမ်းများကို ဖတ်ကြား မည်ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆွေးနွေး သွားမည် ဖြစ်ကြောင်း ညီလာခံ ဖြစ်မြောက်ရေး ကော် မတီ က ထုတ်ပြန် ကြေညာထားသည်။

ရှမ်း၊ ကယား၊ မွန် တိုင်းရင်းသားများ၏ နိုင်ငံရေး ဆွေးနွေးပွဲကို စက်တင် ဘာလ နောက်ဆုံးပတ်တွင် ကျင်းပခဲ့ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး အပါအဝင် ကြေညာချက် ငါးချက်ကို ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment