Sunday 29 September 2013

ငါးပိရည်ကျို၌် တွေ့ရှိရသည့် ယူရီးယားဓာတ်မှာ ဓာတ်မြေသြဇာ ရောနှော ပါဝင်ခြင်းကြောင့် ဟုတ်၊ မဟုတ်ကို ခွဲခြားနိုင်ခြင်း မရှိကြောင်း FDA က ရှင်းလင်းချက် ထုတ်ပြန်

Photo: ငါးပိရည်ကျို၌် တွေ့ရှိရသည့် ယူရီးယားဓာတ်မှာ ဓာတ်မြေသြဇာ ရောနှော ပါဝင်ခြင်းကြောင့် ဟုတ်၊ မဟုတ်ကို ခွဲခြားနိုင်ခြင်း မရှိကြောင်း FDA က ရှင်းလင်းချက် ထုတ်ပြန်
Sunday, 29 September 2013

ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာများ ပါဝင်နေသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ စက်တင်ဘာ ၂၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ရှင်းလင်းချက် ပြန်လည်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရှင်းလင်းချက်တွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေး ဦးစီးဌာနမှ ဓာတ်ခွဲစစ်ဆေးပေးခဲ့သော နမူနာမှာ ငါးပိမဟုတ်ဘဲ ငါးပိရည်ကျို နမူနာသုံးမျိုးသာ ဖြစ်ကြောင်း၊ ၎င်းငါးပိရည်ကျို နမူနာသုံးမျိုး အနက် တစ်မျိုးတွင် ယူရီးယားဓာတ် ပါဝင်သည်ကို တွေ့ရှိရကြောင်းနှင့် ထိုသို့တွေ့ရှိ သည့် ယူရီးယားဓာတ်မှာ ဓာတ်မြေသြဇာ ရောနှောပါ ၀င်ခြင်းကြောင့် ဟုတ်၊ မဟုတ်ကို ခွဲခြားနိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်သို့ ပြန်ကြား ထားကြောင်း ဖော်ပြ ထားသည်။

ယင်းကဲ့သို့ ရှင်းလင်းချက်ထုတ်ပြန် ရခြင်းမှာ စက်တင်ဘာ ၂၆ ရက် ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည့် "ဈေးကွက်အတွင်း ငါးပိအချို့ ဓာတ်မြေသြဇာများ ပါဝင်မှု အတည်ပြု" သတင်းတွင် ရေးသားခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းခြင်းဖြစ်ပြီး အဆိုပါ သတင်းတွင် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ FDA သို့ ဈေးကွက်အတွင်းမှ ငါးပိနမူနာ သုံးမျိုးကို ပေးပို့စစ်ဆေးခဲ့ပြီး ယင်းတို့ အနက်မှ တစ်မျိုးမှာ ဓာတ်မြေသြဇာများ ပါဝင်နေကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားခဲ့ သည်ဟု ဖော်ပြခဲ့ခြင်း ဖြစ်သည်။

"ဦးဗအုပ်ခိုင် လာစစ်တာက ငါးပိရည်ကျို နမူနာသုံးမျိုး လာစစ်ပါတယ်။ တစ်မျိုးမှာတော့ ယူရီးယားဓာတ် ပါတယ်ဆိုပြီး အဖြေထုတ်ပေးလိုက် ပါတယ်။ အဲဒီဓာတ် ပါဝင်မှုက အလွန်အမင်း ပါနေတာ မဟုတ်လို့ အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့ ဦးဗအုပ်ခိုင်ကိုတော့ အန္တရာယ် မရှိဘူးလို့ မပြောလိုက်ပါဘူး။ ဓာတ်မြေသြဇာကပါတဲ့ ယူရီးယားလို့လည်း သူ့ကို မပြောလိုက်ဘူး။ ယူရီးယားဓာတ်ဆိုတာ လူ့ခန္ဓာကိုယ်မှာလည်း ရှိနိုင်သလို ငါးပိလုပ်တဲ့ ငါးတွေမှာလည်း ယူရီးယားဓာတ် ရှိနိုင်ပါတယ်။ နည်းပညာပိုင်း အရတော့ ဒီယူရီးယားဓာတ်က ဓာတ်မြေသြဇာက လာလား၊ မလာဘူးလား လို့တော့ မသိနိုင်ပါဘူး။ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနအနေနဲ့ ငါးပိတွေကို ပုံမှန်စစ်ဆေးနေပြီး စားသုံးသူ အတွက် အန္တရာယ်ရှိနိုင်ရင် ထုတ်ပြန်ပေးသွားမှာပါ။ အခုက အန္တရာယ် ရှိတာ မတွေ့သေးလို့ မထုတ်ပြန်သေးတာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်က စက်တင်ဘာ ၂၈ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပြန်ကြားချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားရာတွင် "သူတို့ပြန် လည် ရှင်းလင်းချက် ထုတ်ပြန်တာက ငါးပိရည်ကျို နမူနာ သုံးမျိုးမှာ တစ်မျိုးတည်း မှာပဲ ယူရီးယားဓာတ် ပါတယ်လို့ တွေ့ရတယ်။ သဘာဝ အလျောက်ဖြစ်တဲ့ ယူရီးယားဓာတ်ဆိုရင် သုံးမျိုးစလုံးမှာ တွေ့ရမှာပေါ့။ အခုက တစ်မျိုးမှာပဲ ပါတယ်ဆိုတော့ သဘာဝအလျောက်လား၊ လူကထည့် သွင်း ထားတာလားဆိုတာ တိတိကျကျ ခွဲခြားပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော့် အနေနဲ့တော့ သဘာဝအလျောက် ပါဝင်တာ မဖြစ်နိုင်ဘူး။ လူတွေထည့်ထားတာလို့ သုံးသပ်ယူဆပါတယ်" ဟု စက်တင်ဘာ ၂၈ ရက်က Daily Eleven သတင်းစာ၏ မေးမြန်းချက်အပေါ် ပြန် လည်ဖြေကြား ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါက်တာခင်မောင်ညိုက သုံးသပ်ပြောကြား ရာတွင် "အခု FDA က ပြန်ရှင်းတဲ့အထဲမှာ ငါးပိနမူနာ သုံးမျိုးထဲကမှ တစ်မျိုးမှာ ယူရီးယားဓာတ် ပါဝင်နေတယ်လို့ ရှင်းလင်းလိုက်တယ်။ ဦးဗအုပ်ခိုင် ပြောတာကတော့ သုံးမျိုးထဲမှာ တစ်မျိုးတွေ့တယ် ဆိုတာက အဲဒီတွေ့တဲ့ တစ်မျိုးက ယူရီးယားဓာတ်မြေသြဇာ ထည့်ထားတယ်လို့ ဆိုလိုတာ။ အမှန်က ကျန်တဲ့နှစ်မျိုးမှာ မတွေ့တိုင်း တွေ့တဲ့တစ်မျိုးမှာ ထည့်တယ်လို့ ပြောလို့မရဘူး။ ငါးပိရဲ့ အခြေခံက ငါးဖြစ်တဲ့အတွက် ယူရီးယားဓာတ်က ငါးတွေရဲ့ ကိုယ်ထဲမှာ ပါဝင်နေတယ်။ ယူရီးယားကို ငါးပိမှာတွေ့တိုင်း ဓာတ်မြေသြဇာကြောင့်လို့ မပြောနိုင်ဘူး။ နောက်ပြီး ယူရီးယားကို ငါးပိမှာပါတဲ့ ဘက်တီးရီးယား အချို့က စားသုံးတဲ့အခါ အဲဒီဓာတ် လျော့သွားပြီး မရှိတော့တာတွေလည်း ရှိတယ်။ ယူရီးယားဓာတ်ကလည်း လူတွေကို ဒုက္ခပေးနိုင်လောက်တဲ့ ပမာဏ မဟုတ်တဲ့အတွက် ငါးပိကို စားသုံးနိုင်ပါတယ်။ ယူရီးယားဓာတ် များတယ်ဆိုပြီး လူတွေကို အန္တရာယ် မပြုပါဘူး" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ငါးပိလုပ်ငန်း လုပ်ကိုင်ဖူးသူ တစ်ဦးက ပြောကြားရာတွင် ရေချိုငါးပိ ကို ငါးခုံးမ၊ ငါးစင်ရိုင်းစသည့် ငါးများဖြင့် ပြုလုပ်ရခြင်းဖြစ်ပြီး ယင်းငါးများကို ဆားဖြင့်နယ်ကာ အိုးဖြင့်သိပ်ရခြင်း ဖြစ်ကြောင်း၊ သိပ်ထားသည့် ငါးများ ကို နေ လှန်း ရကြောင်း၊ ငါးပိလုပ်ရာတွင်လည်း ငါး၏အစိတ်အပိုင်းများ အားလုံးကို ပြုလုပ်ခြင်းဖြစ်ပြီး ယင်းအစိတ်အပိုင်းများမှ ယူရီးယားဓာတ် ပါဝင်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။  

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းအနေဖြင့် ရန်ကုန် အခြေစိုက် ဈေးများတွင် ရောင်းချနေသော ငါးပိအချို့ကို နမူနာ ၀ယ်ယူကာ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ တစ်လခန့်အကြာတွင် ယင်းအဖြေကို ရရှိခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၆ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းအနေဖြင့် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Eleven Media Group

ငါးပိရည်ကျို ရောင်းနေသည့် ဈေးဆိုင်တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)

ငါးပိရည်ကျို ရောင်းနေသည့် ဈေးဆိုင်တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)
ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာများ ပါဝင်နေသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ စက်တင်ဘာ ၂၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ရှင်းလင်းချက် ပြန်လည်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ရှင်းလင်းချက်တွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေး ဦးစီးဌာနမှ ဓာတ်ခွဲ စစ်ဆေးပေးခဲ့သော နမူနာမှာ ငါးပိမဟုတ်ဘဲ ငါးပိရည်ကျို နမူနာသုံးမျိုးသာ ဖြစ်ကြောင်း၊ ၎င်းငါးပိရည်ကျို နမူနာသုံးမျိုး အနက် တစ်မျိုးတွင် ယူရီးယားဓာတ် ပါဝင်သည်ကို တွေ့ရှိရကြောင်းနှင့် ထိုသို့တွေ့ရှိ သည့် ယူရီးယားဓာတ်မှာ ဓာတ်မြေသြဇာ ရောနှောပါ ၀င်ခြင်းကြောင့်ဟုတ်၊မဟုတ်ကို ခွဲခြားနိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်သို့ ပြန်ကြား ထားကြောင်း ဖော်ပြ ထား သည်။

ယင်းကဲ့သို့ ရှင်းလင်းချက်ထုတ်ပြန် ရခြင်းမှာ စက်တင်ဘာ ၂၆ ရက် ထုတ် ကြေးမုံသတင်းစာ တွင် ဖော်ပြ ခဲ့သည့် "ဈေးကွက်အတွင်း ငါးပိအချို့ ဓာတ်မြေသြဇာများ ပါဝင်မှု အတည်ပြု" သတင်းတွင် ရေးသားခဲ့ သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းခြင်းဖြစ်ပြီး အဆိုပါ သတင်းတွင် မြန်မာနိုင် ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ FDA သို့ ဈေးကွက်အတွင်းမှ ငါးပိနမူနာ သုံးမျိုးကို ပေးပို့စစ်ဆေး ခဲ့ပြီး ယင်းတို့ အနက်မှ တစ်မျိုးမှာ ဓာတ်မြေသြဇာများ ပါဝင်နေကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားခဲ့ သည်ဟု ဖော်ပြခဲ့ခြင်း ဖြစ်သည်။

"ဦးဗအုပ်ခိုင် လာစစ်တာက ငါးပိရည်ကျို နမူနာသုံးမျိုး လာစစ်ပါတယ်။ တစ်မျိုးမှာတော့ ယူရီးယားဓာတ် ပါတယ်ဆိုပြီး အဖြေထုတ်ပေးလိုက် ပါတယ်။ အဲဒီဓာတ် ပါဝင်မှုက အလွန်အမင်း ပါနေတာ မဟုတ်လို့ အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့ ဦးဗအုပ်ခိုင်ကိုတော့ အန္တရာယ် မရှိဘူးလို့ မပြောလိုက်ပါဘူး။ ဓာတ်မြေသြ ဇာက ပါတဲ့ ယူရီးယားလို့လည်း သူ့ကို မပြောလိုက်ဘူး။ ယူရီးယားဓာတ်ဆိုတာ လူ့ခန္ဓာကိုယ်မှာလည်း ရှိနိုင်သလို ငါးပိလုပ်တဲ့ ငါးတွေမှာလည်း ယူရီးယားဓာတ် ရှိနိုင်ပါတယ်။ နည်းပညာပိုင်း အရတော့ ဒီယူရီးယားဓာတ်က ဓာတ်မြေသြဇာက လာလား၊ မလာဘူးလား လို့တော့ မသိနိုင်ပါဘူး။ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနအနေနဲ့ ငါးပိတွေကို ပုံမှန်စစ်ဆေးနေပြီး စားသုံးသူ အတွက် အန္တရာယ်ရှိနိုင်ရင် ထုတ်ပြန်ပေးသွားမှာပါ။ အခုက အန္တရာယ် ရှိတာ မတွေ့သေးလို့ မထုတ်ပြန်သေးတာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်က စက်တင်ဘာ ၂၈ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပြန်ကြားချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားရာတွင် "သူတို့ပြန် လည် ရှင်းလင်းချက် ထုတ်ပြန်တာက ငါးပိရည်ကျို နမူနာ သုံးမျိုးမှာ တစ်မျိုးတည်း မှာပဲ ယူရီးယားဓာတ် ပါတယ်လို့ တွေ့ရတယ်။ သဘာဝ အလျောက်ဖြစ်တဲ့ ယူရီးယားဓာတ်ဆိုရင် သုံးမျိုးစလုံးမှာ တွေ့ရမှာပေါ့။ အခုက တစ်မျိုးမှာပဲ ပါတယ်ဆိုတော့ သဘာဝအလျောက်လား၊ လူကထည့် သွင်း ထားတာလားဆိုတာ တိတိကျကျ ခွဲခြားပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော့် အနေနဲ့တော့ သဘာဝအလျောက် ပါဝင်တာ မဖြစ်နိုင်ဘူး။ လူတွေထည့်ထားတာလို့ သုံးသပ်ယူဆပါတယ်" ဟု စက်တင်ဘာ ၂၈ ရက်က Daily Eleven သတင်းစာ၏ မေးမြန်းချက်အပေါ် ပြန် လည်ဖြေကြား ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါက်တာခင်မောင်ညိုက သုံးသပ်ပြောကြား ရာတွင် "အခု FDA က ပြန်ရှင်းတဲ့အထဲမှာ ငါးပိနမူနာ သုံးမျိုးထဲကမှ တစ်မျိုးမှာ ယူရီးယားဓာတ် ပါဝင်နေတယ်လို့ ရှင်းလင်းလိုက်တယ်။ ဦးဗအုပ်ခိုင် ပြောတာကတော့ သုံးမျိုးထဲမှာ တစ်မျိုးတွေ့တယ် ဆိုတာက အဲဒီတွေ့တဲ့ တစ်မျိုးက ယူရီးယားဓာတ်မြေသြဇာ ထည့်ထားတယ်လို့ ဆိုလိုတာ။ အမှန်က ကျန်တဲ့နှစ်မျိုးမှာ မတွေ့တိုင်း တွေ့တဲ့တစ်မျိုးမှာ ထည့်တယ်လို့ ပြောလို့မရဘူး။ ငါးပိရဲ့ အခြေခံက ငါးဖြစ်တဲ့အတွက် ယူရီးယားဓာတ်က ငါးတွေရဲ့ ကိုယ်ထဲမှာ ပါဝင်နေတယ်။ ယူရီးယားကို ငါးပိမှာတွေ့တိုင်း ဓာတ်မြေသြဇာကြောင့်လို့ မပြောနိုင်ဘူး။ နောက်ပြီး ယူရီးယားကို ငါးပိမှာပါတဲ့ ဘက်တီးရီးယား အချို့က စားသုံးတဲ့အခါ အဲဒီဓာတ် လျော့သွားပြီး မရှိတော့တာတွေလည်း ရှိတယ်။ ယူရီးယားဓာတ်ကလည်း လူတွေကို ဒုက္ခပေးနိုင်လောက်တဲ့ ပမာဏ မဟုတ်တဲ့အတွက် ငါးပိကို စားသုံးနိုင်ပါတယ်။ ယူရီးယားဓာတ် များတယ်ဆိုပြီး လူတွေကို အန္တရာယ် မပြုပါဘူး" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ငါးပိလုပ်ငန်း လုပ်ကိုင်ဖူးသူ တစ်ဦးက ပြောကြားရာတွင် ရေချိုငါးပိ ကို ငါးခုံးမ၊ ငါးစင်ရိုင်းစသည့် ငါးများဖြင့် ပြုလုပ်ရခြင်းဖြစ်ပြီး ယင်းငါးများကို ဆားဖြင့်နယ်ကာ အိုးဖြင့်သိပ်ရခြင်း ဖြစ်ကြောင်း၊ သိပ်ထား သည့် ငါးများ ကို နေ လှန်း ရကြောင်း၊ ငါးပိလုပ်ရာတွင်လည်း ငါး၏အစိတ်အပိုင်းများ အားလုံးကို ပြု လုပ်ခြင်းဖြစ် ပြီး ယင်းအစိတ်အပိုင်းများမှ ယူရီးယားဓာတ် ပါဝင်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။  

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းအနေဖြင့် ရန်ကုန် အခြေစိုက် ဈေးများ တွင် ရောင်း ချနေသော ငါးပိအချို့ကို နမူနာ ၀ယ်ယူကာ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ တစ်လခန့်အကြာတွင် ယင်းအဖြေကို ရရှိခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၆ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းအနေဖြင့် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment