Sunday 29 September 2013

အောက်တိုဘာလမှ စတင်ကာ မီတာထိန်းသိမ်း စောင့်ရှောက်ခကို တစ်လ လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၅၀၀ နှုန်းနှင့် မီတာတန်ဖိုးကို တစ်လုံးလျှင် ကျပ် ၈၅၅၀၀ မှ ၆၅၀၀၀ နှုန်းသို့ လျှော့ချမည်


အောက်တိုဘာ ၁ ရက်မှ စတင်ကာ မီတာထိန်းသိမ်း စောင့်ရှောက်ခကို တစ်လလျှင် ကျပ် ၁၀၀၀ မှ ကျပ် ၅၀၀ နှုန်းနှင့် analog မီတာတန်ဖိုးကို တစ်လုံးလျှင် ကျပ် ၈၅၅၀၀ မှ ကျပ် ၆၅၀၀၀ နှုန်းသို့ လျှော့ချ မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်အောင်က စက်တင်ဘာ ၂၈ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။


လက်ရှိတွင် မီတာငှားရမ်းခ ၀န်ဆောင်စရိတ် သတ်မှတ်မှုများကို တစ်လ လျှင် ကျပ် ၁၀၀၀ ကောက်ခံ ခဲ့ရာမှ လာမည့်အောက်တိုဘာ ၁ ရက်မှ စတင်ကာ ကျပ် ၅၀၀ နှုန်းသို့ လျှော့ချ မည်ဖြစ်ကြောင်း၊ နေအိမ်တစ်အိမ်ကို လျှပ်စစ်မီးပေးနိုင်ရန် မီတာကုန်ကျစရိတ်အဖြစ် လက်ရှိအချိန်တွင် analog မီတာ တစ်လုံးအတွက် ငွေကျပ် ၈၅၅၀၀ ကောက်ခံကြောင်း၊ အောက်တို ဘာ ၁ ရက်မှ စတင်ကာ ၎င်း analog မီတာ တစ်လုံးအတွက် ငွေကျပ် ၆၅၀၀၀ သို့ ပြောင်းလဲမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆိုသည်။
ဒါက ပထမအဆင့် လျှော့ချတာ ဖြစ်ပါတယ်။ တကယ်လို့ ဒီလိုလျှော့ချ တာက ကျွန်တော်တို့ ဘတ်ဂျက်ကိုလည်း မထိခိုက်ဘူး။ ကျွန်တော်တို့ လုပ်ရကိုင်ရတာလည်း အဆင်ပြေမယ်ဆိုရင် ထပ်ပြီးဒါကို တဖြည်းဖြည်း ဖြေလျှော့ပြီးလုပ်ဖို့ ရည်ရွယ်ထားပါတယ် . . . . .

လက်ရှိ ခေတ်စားနေသည့် ဒစ်ဂျစ်တယ် မီတာနှုန်းထားများကို မူလက ကျပ်တစ်သိန်း သတ်မှတ်သော် လည်း အောက်တိုဘာ ၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀ နှုန်းသို့ ပြောင်းလဲသွားမည် ဖြစ်သည်။

"မီတာထိန်းသိမ်း စောင့်ရှောက်ခတွေ ကောက်တယ်။ တစ်ထောင်နှစ်ေ ထာင်။ တချို့တွေက လည်း ပြောတယ်။ အိမ်ပိတ်ထားလည်း မီတာခ ပေးေ န ရ တယ်။ အဲဒီတော့ ဒါကိုဘယ်လို လျှော့ချမလဲ။ ကျွန်တော်တို့ စဉ်းစားပါ တယ်။ စဉ်းစားပြီး လျှော့ချနိုင်သလောက် ကျွန်တော်တို့ လျှော့ချသွား မှာ ဖြစ် ပါတယ်။ နောက်မီတာတွေရဲ့ တန်ဖိုးတွေ။ မီတာတွေရဲ့ တန်ဖိုးတွေက analog မီတာဆိုရင် ကျပ် ၈၅၅၀၀ ယူတယ်။ ဒစ်ဂျစ်တယ် မီတာဆို တစ်သိန်းယူပါတယ်။ ဒါလည်း ကျွန်တော်တို့ ဘယ်လောက်လျှော့နိုင် မလဲ တွက်ချက်ပါတယ်။ လျှော့နိုင်သလောက် ကျွန်တော်တို့ ဒါတွေကို လျှော့ချဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ ဒါက ပထမအဆင့် လျှော့ချတာ ဖြစ်ပါတယ်။ တကယ်လို့ ဒီလိုလျှော့ချတာက ကျွန်တော်တို့ ဘတ်ဂျက်ကိုလည်း မထိခိုက်ဘူး။ ကျွန်တော်တို့ လုပ်ရကိုင်ရတာလည်း အဆင်ပြေမယ်ဆိုရင် ထပ်ပြီးဒါကို တဖြည်းဖြည်း ဖြေလျှော့ပြီးလုပ်ဖို့ ရည်ရွယ်ထားပါတယ်" ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ ရိုးရိုးမီတာ တပ်ဆင်ထားသူများကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အခမဲ့ လဲလှယ်ပေးရန် အစီအစဉ်ရှိပြီး ဒစ်ဂျစ်တယ်မီတာ အလုံးရေ တစ်သိန်းခွဲ ၀န်းကျင်ကို လဲလှယ်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့၌ လျှပ်စစ်မီတာများကို မသမာသည့်နည်းဖြင့် ပြုပြင်ကာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများကို သက်ဆိုင်ရာမှ စစ်ဆေးတွေ့ရှိ ခဲ့ရကြောင်း ထပ်မံ၍လည်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Medai Group

No comments:

Post a Comment