Tuesday 17 September 2013

လာရောက်ထုတ်ယူခြင်း မရှိသည့် အောင်ဘာလေထီ ဆုငွေပေါင်း သန်း ၅၀၀ ကျော်ရှိနေပြီး သိန်း ၁၅၀၀ ပေါက်သည့် ကံထူးရှင်လည်း ပါဝင်


Photo: လာရောက်ထုတ်ယူခြင်း မရှိသည့် အောင်ဘာလေထီ ဆုငွေပေါင်း သန်း ၅၀၀ ကျော်ရှိနေပြီး သိန်း ၁၅၀၀ ပေါက်သည့် ကံထူးရှင်လည်း ပါဝင်
Tuesday, September 17, 2013

ပြည်တွင်း အောင်ဘာလေထီ ဖြစ်သည့် ကျပ်သိန်း ၁၅၀၀ အထူးဆုကြီး ပေါက်သည့် ကံထူးရှင်မှာ တစ်နှစ်ဝန်းကျင် ကြာသည်အထိ ဆုငွေကို လာရောက်ထုတ်ယူခြင်း မရှိသေးကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သီတာက စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ယင်းသို့ထီပေါက်ပြီး လာရောက်ထုတ်ယူခြင်း မရှိသည့် ဆုငွေစုစုပေါင်းမှာ ကျပ်သန်းပေါင်း ၅၀၀ ကျော် ရှိနေကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

(၂၈၄) ကြိမ်မြောက်တွင် ထီပေါက်ပြီး လာရောက်ထုတ်ယူခြင်း မရှိသည့် ဆုငွေသိန်းပေါင်း ၂၁၀၇ သိန်းနှင့် (၂၈၅) ကြိမ်မြောက်တွင် ထီပေါက်ပြီး လာရောက်ထုတ်ယူခြင်း မရှိသည့် ဆုငွေသိန်းပေါင်း ၃၇၀၀ ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ဆုငွေလာရောက် မထုတ်ယူမှုများနှင့် ပတ်သက်၍ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သီတာက ''(၂၈၄) ကြိမ်မြောက်မှာ သိန်း ၃၀၀ တစ်ဆု၊ သိန်း ၁၀၀ ဆုတစ်ဆု ပါဝင်တယ်။ (၂၈၅) ကြိမ်မြောက်မှာ သိန်း ၁၅၀၀ တန်တစ်ဆု၊ သိန်း ၃၀၀တစ်ဆု၊ သိန်း ၁၀၀ ဆုတစ်ဆုဖြစ်တဲ့ ဆုတွေပါဝင်တယ်။ (၂၈၄) ကြိမ်မြောက်မှာ ထီပေါက်ပြီးတော့ လာရောက်ထုတ်ယူခြင်း မရှိသေးတဲ့ ဆုငွေတွေ ကို စက်တင်ဘာ ၃၀ ရက်မှာ နောက်ဆုံးထားပြီး ထုတ်ယူရမယ်။ (၂၈၅)ကြိမ်မြောက် ပေါက်တဲ့ ဆုငွေတွေကို အောက်တိုဘာ ၃၁ ရက်မှာ နောက်ဆုံးထားပြီး ထုတ်ယူရမယ်'' ဟု စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

သတ်မှတ်ထားသည့် နေ့များတွင် နောက်ဆုံးထားပြီး လာရောက် ထုတ်ယူရန်အတွက် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အခွန်ရုံးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးရှိ အောင်ဘာလေ သိန်းဆုဌာန ရုံးခွဲများတွင် ပေါက်မဲ ထီနံပါတ်များကို ကြော်ငြာထားကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယ ညွှန်ကြားရေးမှူးက ''နောက်ဆုံး သတ်မှတ်ထားတဲ့နေ့ထိ လာရောက် ထုတ်ယူခြင်း မရှိဘူးဆိုရင် ဒီဆုငွေတွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားပါမယ်'' ဟု ထပ်မံ ပြောကြားခဲ့သည်။ (၂၈၅) ကြိမ်မြောက်တွင် ကျပ်သိန်း ၁၅၀၀ အထူးဆုကြီး ပေါက်ခဲ့သည့် နံပါတ် မှာ ဃ/၈၈၀၅၄၆ ဖြစ်ကြောင်း သိရသည်။

Eleven media group

ထီထိုးရန် အက္ခရာနံပါတ် ရွေးနေသူများကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ပြည်တွင်း အောင်ဘာလေထီ ဖြစ်သည့် ကျပ်သိန်း ၁၅၀၀ အထူးဆုကြီး ပေါက်သည့် ကံထူးရှင်မှာ တစ်နှစ် ၀န်းကျင် ကြာသည်အထိ ဆုငွေကို လာရောက်ထုတ်ယူခြင်း မရှိသေးကြောင်း အောင်ဘာလေ သိန်း ဆုဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သီတာက စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။


ယင်းသို့ထီပေါက်ပြီး လာရောက်ထုတ်ယူခြင်း မရှိသည့် ဆုငွေစုစုပေါင်းမှာ ကျပ်သန်းပေါင်း ၅၀၀ ကျော် ရှိနေကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

(၂၈၄) ကြိမ်မြောက်တွင် ထီပေါက်ပြီး လာရောက်ထုတ်ယူခြင်း မရှိသည့် ဆုငွေသိန်းပေါင်း ၂၁၀၇ သိန်းနှင့် (၂၈၅) ကြိမ်မြောက်တွင် ထီပေါက်ပြီး လာရောက်ထုတ်ယူခြင်း မရှိသည့် ဆုငွေသိန်းပေါင်း ၃၇၀၀ ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ဆုငွေလာရောက် မထုတ်ယူမှုများနှင့် ပတ်သက်၍ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သီတာက ''(၂၈၄) ကြိမ်မြောက်မှာ သိန်း ၃၀၀ တစ်ဆု၊ သိန်း ၁၀၀ ဆုတစ်ဆု ပါဝင် တယ်။ (၂၈၅) ကြိမ်မြောက်မှာ သိန်း ၁၅၀၀ တန်တစ်ဆု၊ သိန်း ၃၀၀တစ်ဆု၊ သိန်း ၁၀၀ ဆုတစ်ဆုဖြစ်တဲ့ ဆုတွေပါဝင်တယ်။ (၂၈၄) ကြိမ်မြောက်မှာ ထီပေါက်ပြီးတော့ လာရောက်ထုတ်ယူခြင်း မရှိသေးတဲ့ ဆုငွေတွေကို စက်တင်ဘာ ၃၀ ရက်မှာ နောက်ဆုံးထားပြီး ထုတ်ယူရမယ်။ (၂၈၅)ကြိမ်မြောက် ပေါက်တဲ့ ဆုငွေတွေကို အောက်တိုဘာ ၃၁ ရက်မှာ နောက်ဆုံးထားပြီး ထုတ်ယူရမယ်'' ဟု စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

သတ်မှတ်ထားသည့် နေ့များတွင် နောက်ဆုံးထားပြီး လာရောက် ထုတ်ယူရန်အတွက် ပြည်နယ်နှင့် တိုင်း အသီးသီးရှိ အခွန်ရုံးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေး တိုင်း ဒေသကြီးရှိ အောင်ဘာလေ သိန်းဆုဌာန ရုံးခွဲများတွင် ပေါက်မဲ ထီနံပါတ်များ ကို ကြော်ငြာ ထားကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယ ညွှန်ကြားရေးမှူးက ''နောက်ဆုံး သတ်မှတ်ထားတဲ့နေ့ထိ လာရောက် ထုတ်ယူခြင်း မရှိဘူးဆိုရင် ဒီဆုငွေတွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားပါမယ်'' ဟု ထပ်မံ ပြောကြားခဲ့သည်။ (၂၈၅) ကြိမ်မြောက်တွင် ကျပ်သိန်း ၁၅၀၀ အထူးဆုကြီး ပေါက်ခဲ့သည့် နံပါတ် မှာ ဃ/၈၈၀၅၄၆ ဖြစ်ကြောင်း သိရသည်။

Eleven media group

ထီထိုးရန် အက္ခရာနံပါတ် ရွေးနေသူများကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

No comments:

Post a Comment