Tuesday 17 September 2013

ဂျိမ်းစ်ဘွန်းမင်းသားက အန္တရာယ်ဟုမြင်၍ နည်းပညာပစ္စည်းများ အိပ်ခန်းအတွင်းမထား

ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် သရုပ်ဆောင်လျက်ရှိသူ ဒင်နီယယ်ခရေ့ခ်ျက သူ၏ကြင်ဖက် ဇနီးသည် ရေချယ်ဝေ့ဇ်နှင့် အတူ ခေတ်မီနည်းပညာ ပစ္စည်းများကို အိပ်ခန်းအတွင်း ထားခွင့်မပြုကြ သူများဖြစ်သည်ဟု ဖွင့်ဟလာသည်။ အိမ်ထောင်သက်နှစ်နှစ်လွန်မြောက်ခဲ့ပြီဖြစ်သည့် ဒင်နီယယ်ခရေ့ခ်ျ တို့ လင်မယားသည် နည်းပညာပစ္စည်းများ အုံးစက်ရာအခန်းဆောင်တွင်ထားရှိခြင်းကို ဆန့်ကျင်ကြောင်း နယူးယောက်တိုင်းမ်သတင်းစာကြီးက ကိုးကားဖော်ပြခဲ့သည်။

''ဘဝပုံစံတကျရပ်တည်ရေးမှာ ဒါဟာနည်းလမ်းကောင်း တစ်ရပ်ပါ။ အိပ်ခန်းထဲကို နည်းပညာပစ္စည်းတွေ ယူဖို့ ခွင့်မပြုဘူး''ဟု ဒင်နီ ယယ်ခရေ့ခ်ျက ဆိုသည်။ ထို့ပြင် iPad တစ်လုံးသာအိပ်ရာပေါ်ရောက်နေ ခဲ့လျှင် နှစ်ကိုယ်တူ ဇနီးမောင်နှံများမှာ အင်တာနက်ကနေပြီး လွယ်လင့်တကူ ညစ်ညမ်းဆိုက်များ ကြည့်နေနိုင်ကြောင်း၊ ယင်းသည် တမြည့်မြည့်မျှဉ်း၍ သေစေနိုင်သော လူသတ်ကောင် အသွင်ဆောင်နေကြောင်း၊ ထို့အတွက်ကြောင့်အိပ်ခန်းအတွင်း ယင်းကိုရှောင်ကြဉ်ခြင်းဖြင့် ကာမဂုဏ် အာရုံမှာပင် နစ်မြောနေမည့်အဖြစ်ကိုလည်း လုံးလုံးဟန့်တားရာရောက်ကြောင်း ဒင်နီယယ်ခရေ့ခ်ျ က ဖြည့် စွက်ပြောကြားခဲ့သည်။

လက်ငင်းအချိန်တွင် ဒင်နီယယ်ခရေ့ခ်ျတို့ ဇနီးမောင်နှံနှစ်ဦးသည် ဘရော့ဒ်ဝေးပြဇာတ်တွင်အတူ သရုပ်ဆောင်ကြရေး ပြင်ဆင်လျက်ရှိသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment