Tuesday 17 September 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အချုပ်အခြာအာဏာ မထိခိုက် ရန် အရေးကြီးကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အချုပ်အခြာအာဏာ မထိခိုက်ရန် အရေးကြီးကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး ပြောကြား
Tuesday, September 17, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက အချုပ်အခြာ အာဏာ မထိခိုက်ရန် အရေးကြီးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက စက်တင်ဘာ ၁၅ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲ တွင် The Hot News Weekly Journal မှ သတင်းထောက် မေးမြန်း ခဲ့သည့် ဖွဲ့ စည်းပုံပြင်ဆင်နိုင်ပြီး ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမည် ဆိုပါက နိုင်ငံခြား လွှမ်း မိုးမှုများ ရှိလာပါက တား ဆီးနိုင် ရန် စီမံထားရှိပုံအား မေးမြန်းရာ ဦးဌေးဦးက ''ဖွဲ့စည်းပုံ လေ့လာ သုံး သပ်ရေး ကော်မတီ ဖွဲ့ထားတာပဲ ရှိပါသေးတယ်။ ပြင်ဆင်မယ်ဆိုပြီး ဖွဲ့ထားတာ မဟုတ်ပါဘူး။ ပြင်ဆင်ဖို့ လေ့လာရာမှာလည်း အချုပ်အခြာ အာဏာ မထိခိုက်ဖို့ အရေးကြီးပါတယ်။ ဖွဲ့စည်းပုံမှာ တားမြစ်ထားတာ ကလည်း သူ့တစ်ယောက် တည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ၁၉၄၇ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံတွေမှာဆိုရင် လွှတ်တော်အမတ်တောင် ဖြစ်ခွင့်မရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ လွှတ်တော်အမတ်ဖြစ်ခွင့် ပေးထားပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ ကိုယ့်အချုပ်အခြာ အာဏာကို တိုင်းတစ်ပါးက စိုးမိုးနိုင်တယ်လို့ ယူဆရင်တော့ မစဉ်းစားဘူး'' ဟု ပြောကြားသည်။

''ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ဘူး။ ဘာလို့လဲ ဆိုတော့ ဖွဲ့စည်းပုံကို လေ့လာတဲ့ ပြည်သူတွေဆိုတာ ရှားပါ တယ်။ ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေ ရတာ။ ပြင်ချင်တဲ့ သူတွေ က ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေ က ပြင်ချင် တာ ဖြစ်နေ တယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ လူတွေက ရူးပြီးဖြစ်နေကြတာပါ'' ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်နိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင်များ လေ့ လာနေပြီ ဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲ ကျင်းပပြီး စာတမ်းဖတ်ပွဲမှ ရရှိလာသည့် အချက်များပေါ် မူတည်ပြီး ဆက် လက် ဆောင်ရွက်မည့် အတိုင်းအတာကို ဆက်လက် စဉ်းစားမည် ဖြစ်ကြောင်း ဦးဌေးဦးက ဆက်လက် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင် စု လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည့်အတွက် တိုင်းရင်းသား အဖွဲ့ များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှလည်း လေ့လာပြုစုလျက် ရှိကြောင်း သိရသည်။

အလားတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများ နားလည်သိရှိ နိုင်ရေးအတွက် အဖွဲ့ချုပ်အနေနှင့် အသိပညာ ပေးမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း ပြော ကြား ထားသည်။

Eleven Media Group
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက အချုပ်အခြာအာဏာ မထိခိုက်ရန် အရေးကြီးေ ကြာင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက စက်တင်ဘာ ၁၅ ရက်တွင် သတင်းထောက် များနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲ တွင် The Hot News Weekly Journal မှ သတင်းထောက် မေးမြန်းခဲ့သည့် ဖွဲ့ စည်းပုံပြင်ဆင်နိုင်ပြီး ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမည် ဆိုပါက နိုင်ငံခြား လွှမ်းမိုးမှုများရှိလာပါက တားဆီးနိုင်ရန် စီမံထားရှိပုံအား မေးမြန်းရာ ဦးဌေးဦးက ''ဖွဲ့စည်းပုံ လေ့လာသုံး သပ်ရေး ကော်မတီဖွဲ့ထားတာပဲ ရှိပါသေးတယ်။ ပြင်ဆင်မယ်ဆိုပြီး ဖွဲ့ထားတာ မဟုတ်ပါဘူး။ ပြင်ဆင် ဖို့ လေ့လာရာမှာလည်း အချုပ်အခြာအာဏာမထိခိုက်ဖို့ အရေးကြီးပါတယ်။ ဖွဲ့စည်းပုံမှာ တားမြစ်ထားတာ ကလည်း သူ့တစ်ယောက်တည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ၁၉၄၇ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံတွေမှာဆိုရင် လွှတ်တော်အမတ်တောင် ဖြစ်ခွင့်မရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ လွှတ်တော်အမတ်ဖြစ်ခွင့် ပေးထား ပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ ကိုယ့်အချုပ်အခြာ အာဏာကိုတိုင်းတစ်ပါးက စိုးမိုးနိုင်တယ်လို့ ယူဆရင်တော့ မစဉ်းစားဘူး'' ဟု ပြောကြား သည်။

''ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ဘူး။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ ကို လေ့ လာတဲ့ ပြည်သူတွေဆိုတာ ရှားပါတယ်။ ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေ ရတာ။ ပြင်ချင်တဲ့ သူတွေက ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေက ပြင်ချင်တာ ဖြစ်နေတယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ လူတွေက ရူးပြီးဖြစ်နေကြတာပါ'' ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရန်အတွက် ဗဟို အလုပ်အမှုဆောင်များ လေ့လာနေပြီ ဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲကျင်းပပြီး စာတမ်းဖတ်ပွဲမှ ရရှိလာ သည့် အချက်များပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်မည့် အတိုင်းအတာကို ဆက်လက်စဉ်းစား မည် ဖြစ်ကြောင်း ဦးဌေးဦးက ဆက်လက် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည့်အတွက် တိုင်းရင်း သားအဖွဲ့များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှလည်း လေ့လာပြုစုလျက် ရှိကြောင်း သိရသည်။

အလားတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများနားလည်သိရှိ နိုင်ရေးအတွက် အဖွဲ့ချုပ်အနေနှင့်အသိပညာ ပေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment