Tuesday 17 September 2013

တရုတ်အမျိုးသားများ၏ ဇနီးအဖြစ် မြန်မာအမျိုးသမီးများအား ၀ယ်ယူမှုနှုန်း မြင့်တက်နေခြင်းကို ပြန်လည်ဆန်းစစ်ရန် တရုတ်နှင့် မြန်မာ တာဝန်ရှိသူတို့ ညှိနှိုင်း

တရုတ်အမျိုးသားများ၏ ဇနီးအဖြစ် မြန်မာအမျိုးသမီးများကို သိန်းဆယ်ဂဏန်းဖြင့် ၀ယ်ယူမှုနှုန်း မြင့် တက်နေခြင်းကို ပြန်လည်ဆန်းစစ် ပြုပြင်ရန် တရုတ်နိုင်ငံ ရဲအရာရှိ ကြီးများနှင့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်တားဆီး နှိမ်နှင်းရေးတို့ ညှိနှိုင်းလျက် ရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် ကုန်ကူးခံရမှုနှုန်း မြင့်တက်လျက်ရှိပြီး အဓိက ဆက်သွယ်သည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်နေပြီး အများစုမှာ မြန်မာအမျိုးသမီးများကို ကျပ် ၂၅ သိန်း နှင့် သိန်း ၅၀ အကြားပေး၍ ၀ယ်ယူနေကြောင်း သိရသည်။

ယင်းကြောင့် မြန်မာနိုင်ငံ လူကုန်ကူး တားဆီးနှိမ်နှင်းရေး အဖွဲ့နှင့် တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လူကုန်ကူးမှုကို တားဆီးလုပ်ဆောင် နေသော်လည်း အဓိက တရုတ်နိုင်ငံ၏ ထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်သော တစ်အိမ်ထောင် သားသမီး တစ်ယောက် စနစ်တွင် အမျိုးသမီးများ ရှားပါးမှု ကြုံတွေ့လာ ခဲ့ရာ အိမ်နီးချင်း နိုင်ငံများမှ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အတင်းအဓမ္မ ထိမ်းမြားခြင်းတို့ ရှိနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၏ စစ်ဆေးချက် များတွင် ဖော်ပြ ထားသည်။

လူကုန်ကူးခံရသူများ အခြေအနေတွင်လည်း ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှုကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝဘေး ကပ်ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံ ခံရခြင်းတို့မှာ လူကုန်ကူးမှု အခြေအနေ သို့ ရောက် ရှိရန် အလွန်နီးစပ်နေ...

''သူတို့ရဲ့ အိမ်ထောင်စုတစ်စုက သားသမီးတစ်ယောက်ပဲ လက်ခံတဲ့ အနေအထား မှာ ယောက်ျားလေးတွေပဲ များနေတယ်။ လိုအပ်တဲ့ အမျိုးသမီးတွေကို ထုံးတမ်းစဉ်လာအရ လက်ထပ်မယ် ဆိုရင် မြန်မာငွေ သိန်း ၁၀၀ နီးပါးလောက် ကုန်တယ်။ ဒါကြောင့်မို့ အိမ်နီးချင်း နိုင်ငံကနေ၀ယ်တဲ့ အနေအထားကို တရုတ်ရဲတပ်ဖွဲ့က အကြီးအကဲတွေနဲ့ ပြန်လည်ဆန်းစစ်ပြီး ပြုပြင်ဖို့အတွက် ညှိနှိုင်းနေပါ တယ်'' ဟု ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စုမှူး ရဲမှူးရိုလင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူး ခံရသူများမှာ အဓမ္မထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ် ခိုင်းစေခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အား ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။

လူကုန်ကူးမှုမှာ တိုးတက်လာသော နည်းပညာအရ ကျူးလွန်ရန် လွယ်ကူလာခြင်း၊ အရင်းအနှီး နည်းနည်းဖြင့် အမြတ်အစွန်း ကြီးမားစွာ ရရှိခြင်းတို့ကြောင့် လူကုန်ကူးမှု ပြဿနာ တိုးမြင့်လာကြောင်း ရဲတပ်ဖွဲ့ က ၎င်းတို့၏ စစ်ဆေးချက်များကို ပြန်လည် သုံးသပ်ထားသည်။

လူကုန်ကူးခံရသူများ အခြေအနေတွင်လည်း ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝဘေး ကပ်ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံ ခံရခြင်းတို့မှာ လူကုန်ကူးမှု အခြေအနေ သို့ ရောက်ရှိရန် အလွန်နီးစပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု အရေအတွက် နှစ်စဉ် ၅၀ ကျော်မှ ၂၀၀ နီးပါး အထိ ရှိနေကြောင်း၊ လူကုန်ကူး ခံရသူများမှာလည်း ၂၀၀ ခန့်မှ ၄၀၀ ၀န်းကျင်အထိ ရှိနေပြီး အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။

Eleven media group

1 comment:

  1. Is this case to negotiate or to prevent. Please be sure what the hell are you going. Just make sure..

    ReplyDelete