Tuesday 17 September 2013

တရုတ်နိုင်ငံမှ အကူအညီပေးမည့် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လယ်ယာလုပ်ငန်းများတွင် အသုံးပြုမည်



Photo: တရုတ်နိုင်ငံမှ အကူအညီပေးမည့် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လယ်ယာလုပ်ငန်းများတွင် အသုံးပြုမည်
Tuesday, September 17, 2013

တရုတ်နိုင်ငံမှ အကူအညီပေးမည့် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လယ်ယာလုပ်ငန်းများတွင် အသုံးပြု
သွားမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံမှ အကူအညီရယူပြီး ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်
များမှာ အသည်းရောင် အသားဝါ (ဘီ)ပိုးအတွက် ဆေးနှင့်ဆေး ကိရိယာပစ္စည်းများ အကူအညီပေးရေး၊ ဆေးကိရိယာ ပစ္စည်းများ အကူအညီပေးရေး၊ စိုက်ပျိုးရေး သရုပ်ပြစင်တာ စီမံချက်အတွက်
ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာ ရေးဆွဲရေး၊ ပညာရေး သင်ထောက်ကူ ပစ္စည်းများ အကူအညီပေးရေး၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစား လေ့ကျင့်ရေး
ဆိုင်ရာ ပစ္စည်းများ၊ မြန်မာအားကစား အဖွဲ့များအား တရုတ်နိုင်ငံတွင်
လေ့ကျင့်ပေးမည့် အစီအစဉ်၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ စေလွှတ်မည့် အားကစားနည်းပြ များနှင့် ဖွင့်ပွဲပိတ်ပွဲအတွက် ပစ္စည်းကိရိယာများ အကူ
အညီပေးရေး၊ ရခိုင်ဒေသအတွက် အိမ်ပုံစံပစ္စည်းအစုံ ၃၅၀ စီမံကိန်း၊ ရခိုင်ဒေသ ငလျင်ဒေသရှိ ဒုက္ခသည်များ အကူအညီပေးရေး လုပ်ငန်း၊ ကချင်ပြည်နယ်သို့ ကျောင်း၊ ဘိုးဘွားရိပ်သာများ လှူဒါန်းခြင်း အစရှိသည့် လုပ်ငန်းစီမံချက်များ ဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း တရုတ်နိုင်ငံ၏ အကူအညီပေးမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၁၁ သန်း ရှိကြောင်း၊
ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်းများမှ ရရှိနိုင်မည့် အကူအညီ ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရှိကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များအရ သိရသည်။ ပညာရေး၊ ကျန်းမာရေး၊ အစားအစာနှင့် ၀င်ငွေလုံခြုံရေးဆိုင်ရာ အခြေခံ လိုအပ်ချက်များဆိုင်ရာ ပံ့ပိုးမှု၊ ရေချိုနှင့် ကမ်းခြေဒေသ ငါးလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် သုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး စီမံကိန်း၊
မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ တစ်နိုင်တစ်ပိုင် မွေးမြူမှုဖွံ့ဖြိုး
တိုးတက်ရေး သုတေသ စီမံကိန်းများအတွက် သြစတြေးလျနိုင်ငံမှ အကူအညီ ရယူသွားမည် ဖြစ်ကြောင်း သိရသည်။

Eleven media group
တရုတ်နိုင်ငံမှ အကူအညီပေးမည့် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လယ်ယာလုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။


တရုတ်နိုင်ငံမှ အကူအညီရယူပြီး ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များမှာ အသည်းရောင် အသားဝါ (ဘီ) ပိုး အတွက် ဆေးနှင့်ဆေး ကိရိယာပစ္စည်းများ အကူအညီပေးရေး၊ ဆေးကိရိယာ ပစ္စည်းများ အကူ အညီပေးရေး၊ စိုက်ပျိုးရေး သရုပ်ပြစင်တာ စီမံချက်အတွက်ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု အစီရင် ခံစာ ရေးဆွဲရေး၊ ပညာရေး သင်ထောက်ကူ ပစ္စည်းများ အကူအညီပေးရေး၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစား လေ့ကျင့်ရေးဆိုင်ရာ ပစ္စည်းများ၊ မြန်မာ အားကစား အဖွဲ့များအား တရုတ်နိုင်ငံတွင်လေ့ကျင့်ပေးမည့် အစီအစဉ်၊ တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံ သို့ စေလွှတ်မည့် အားကစားနည်းပြ များနှင့် ဖွင့်ပွဲပိတ်ပွဲအတွက် ပစ္စည်းကိရိယာများ အကူ
အညီပေးရေး၊ ရခိုင်ဒေသအတွက် အိမ်ပုံစံပစ္စည်းအစုံ ၃၅၀ စီမံကိန်း၊ ရခိုင်ဒေသ ငလျင်ဒေသရှိ ဒုက္ခသည်များ အကူအညီပေးရေး လုပ်ငန်း၊ ကချင်ပြည်နယ်သို့ ကျောင်း၊ ဘိုးဘွားရိပ်သာများ လှူဒါန်းခြင်း အစရှိသည့် လုပ်ငန်းစီမံချက်များ ဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း တရုတ်နိုင်ငံ၏ အကူအညီပေးမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၁၁ သန်း ရှိကြောင်း၊ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်းများမှ ရရှိနိုင်မည့် အကူအညီ ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရှိကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များအရ သိရသည်။ ပညာရေး၊ ကျန်းမာရေး၊ အစားအစာနှင့် ၀င်ငွေလုံခြုံရေး ဆိုင်ရာ အခြေခံ လိုအပ်ချက်များဆိုင်ရာ ပံ့ပိုးမှု၊ ရေချိုနှင့် ကမ်းခြေဒေသ ငါးလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် သုတေ သန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး စီမံကိန်း၊မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ တစ်နိုင် တစ်ပိုင် မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး သုတေသ စီမံကိန်းများအတွက် သြစတြေးလျနိုင်ငံ မှ အကူအညီ ရယူ သွားမည် ဖြစ်ကြောင်း သိရသည်။

Eleven media group

No comments:

Post a Comment