Tuesday 17 September 2013

အိန်္ဒိယ နိုင်ငံမှ သတို့သမီး တစ်ဦး မင်္ဂလာဆောင်ပြီး နောက်တစ်ရက်တွင် မိဘနှစ်ပါး ဆုံးရှုံးခဲ့ရ

အိနိ္ဒယ နိုင်ငံ တမီလ်နာဒူးပြည်နယ် ကွိုင်ဘာတော်မြို့တွင် မင်္ဂလာဆောင်ပြီး ခါစ သတို့သမီး တစ်ဦးသည် မင်္ဂလာဦးည ကုန်လွန်ပြီး နောက်တစ်နေ့တွင် မိဘနှစ်ပါးကို ဆုံးရှုံးရသော အဖြစ်ဆိုးနှင့် ရင်ဆိုင် ခဲ့ ရကြောင်း Tamil Nesan သတင်း ဌာန၏ ဖော်ပြချက်အရ သိရသည်။

သတို့ သမီး၏ မိဘနှစ်ပါးသည် သမီး ဖြစ်သူ၏ မင်္ဂလာဦးညတွင်း အိမ်တွင်း တပ်ဆင် ထားသော မီးစက်မှ အဆိပ်ရသောအငွေ့ကို ရှူရှိုက်မိပြီး ကွန်လွန် ခဲ့ကြခြင်း ဖြစ်သည်။ထို့ပြင် သတို့ သမီး၏ မောင်ဖြစ်သူနှင့် အသက် ၆၀ အရွယ် အဘွားဖြစ်သူတို့သည်လည်း ယင်းအငွေ့ကို ရှူရှိုက်မိ၍ သတိ မေ့မြောခဲ့ သဖြင့် ဆေး ရုံတွင် အရေးပေါ် ကုသမှု ခံယူ ရလျက်ရှိသည်။

၎င်း သတို့သမီး၏ မင်္ဂလာပွဲအား စက်တင်ဘာ ၁၁ ရက်က ကျင်းပခဲ့ပြီး မင်္ဂလာ ဦးစုံတွဲသည် ရိုးရာဓလေ့ ထုံးစံ အတိုင်း လက်ထပ် မင်္ဂလာပွဲ ကျင်းပပြီးနောက် ၎င်းတို့၏ နေအိမ်သစ်သို့ပြောင်းရွှေ့ခဲ့သည်

မင်္ဂလာဦးညကို ကျော်လွန်ပြီးနောက် တစ်နေ့ မနက်တွင် မိဘ နှစ်ပါးစလုံး သေဆုံး နေသည် ကို တွေ့ ခဲ့ရပြီး မောင်ဖြစ်သူနှင့် အဘွားဖြစ်သူမှာ သတိမေ့ နေသည်ကို တွေ့ခဲ့ရခြင်း ဖြစ် သည်။သတို့သမီး မိသားစုသည် အဆိုပါ မီးစက်ကို မင်္ဂလာ ပွဲတွင် အသုံးပြုရန် အတွက် အထူး ငှားရမ်းထားခြင်း ဖြစ် သည် ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment