Monday 30 September 2013

ထားဝယ်စီမံကိန်းတွင် ခေတ်မီနည်းပညာသုံးသော်လည်း ဒေသခံများ၏ လူမှုဘဝကို ပြန်လည်မဆန်းစစ်နိုင်ပါက ရပ်ထားသင့်ဟုဆို

Photo: ထားဝယ်စီမံကိန်းတွင် ခေတ်မီနည်းပညာသုံးသော်လည်း ဒေသခံများ၏ လူမှုဘဝကို ပြန်လည်မဆန်းစစ်နိုင်ပါက ရပ်ထားသင့်ဟုဆို
Monday, September 30, 2013

ထား ဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ကို မည်သည့် တိုင်းပြည်မှ မည် သည့်ကောင်းသည့် နည်းပညာ သုံးသုံး ဒေသခံ များ၏ လက်ရှိလူမှု ဘဝကို ပြန်လည်ဆန်းစစ်ခြင်းမ လုပ်နိုင်ပါက ရှေ့ဆက်မလုပ်ဘဲ ရပ်ဆိုင်းထားသင့်ကြောင်း ထား ဝယ်အမျိုးသမီးသမဂ္ဂ (TWU)မှ ထုတ်ဖော်ပြောကြားလိုက်သည်။

ရန်ကုန်မြို့National YMCA တွင် ထားဝယ်အမျိုးသမီး သမဂ္ဂ( TWU)မှ ထုတ်ဝေဖြန့်ချိ သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဒေသခံ များ၏ဆန္ဒ မှတ်တမ်းဗီဒီယိုဖြန့်ချိပွဲတွင် ယခု ကဲ့သို့ထုတ်ဖော်ပြော ကြားလိုက် ခြင်းဖြစ်သည်။

ထားဝယ်အမျိုးသမီးသမဂ္ဂ မှ ဒေါ်စုစုဆွေက ''ဒီစီမံ ကိန်း ကြောင့် မြေ ယာလျော်ကြေးငွေ ကျပ် သိန်း ၁ဝဝ ရလဲ ဘယ်နှလ ခံ မှာလဲ။ တစ်သက်စားလို့မကုန် တဲ့မြေတွေ ဆုံးတယ်။ လက်တွေ့ မှာ နစ်နာတယ်။ အလုပ်မရှိကြ တော့ အရွယ်စုံ ထိုင်းကိုသွားပြီး အလုပ်လုပ်ကြရတယ်။ ကျန်တာ ဆို သက်ကြီးရွယ်အိုတွေပဲရှိ တယ်။ ဒီစီမံကိန်းက သူတို့တွေ မဖိတ်ခေါ်ဘူး။ အားမပေးဘူး။ တကယ်ကော ဒီစီမံကိန်းက ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းလားလို့ မေးခွန်းထုတ်ချင်တယ်။ စီမံခန့် ခွဲမှုမရှိတာ၊ တာဝန်ခံမှုမရှိတာ၊ မဖြေရှင်းပေးနိုင်တာတွေကြောင့် သုညကစရမယ့် ထားဝယ်လိုဒေသ မျိုးမှာ ဘယ်လောက်အထိ အ ဆင်သင့်ဖြစ်နေပြီ လဲ။ သေသေ ချာချာဆန်းစစ်စေချင်တယ်။ ရှေ့ ဆက်မတိုးသင့်ဘူး။ ဂျပန်ပဲလာ လာ၊ ဘယ်သူပဲလာလာ ဒီအတိုင်း ဆက်သွားနေ ရင်တော့ ဒေသခံ တွေအတွက် ဘာမှထူးမလာနိုင် ဘူး''ဟု ရန်ကုန်တိုင်းမ်၏မေးမြန်း မှုကိုဖြေကြားသည်။

ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (DDA)မှ ဦးရဲလင်းမြင့်က ''ခု ဂျပန်လာမယ်လို့သိရတယ်။ သူ တို့က ပိုပြီးစနစ်ကျတယ်ဆိုပေ မယ့် ထိုင်းမှာ မယ်တာဖော့မှာဖြစ် နေတဲ့ သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှုတွေ၊ လူတွေထိခိုက်မှုတွေ က အဲဒီမှာ ရင်းနှီးမြှုပ်နှံထားတာ က ဂျပန်ပဲဖြစ်နေ တယ်။ အီတာ လျံထိုင်းနဲ့ ဂျပန်အကူးအပြောင်း မှာ ဘယ်နိုင်ငံက ပဲလုပ်လုပ်အ ရင်က လျော်ကြေးကိစ္စတွေ ပေး မယ်လို့ ပြောထားတဲ့ ဟာတွေ၊ လျှော့ပေးထားတာတွေကို ဘယ် လိုလွှဲပြောင်းမလဲ ငါတို့မသိဘူး။ နောက်တစ်ဦးက ငါတို့နဲ့မဆိုင် ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အ ပေါ်က ဘယ်လိုပြောင်းပြောင်း အောက်ခြေမှာ မရှင်းဘဲထား ရင် နောက်ပိုရှုပ်ထွေးတဲ့အခြေအ နေ ရောက်သွားနိုင်တယ်။ တစ်ခု ချင်းစီကို ကျကျနနဖြေရှင်းပြီး မှ ရှေ့ဆက်သွားဖို့ လုပ်သင့်တယ်'' ဟု ထောက်ပြပြောဆိုသည်။

နိုင်ငံတော်စီမံကိန်းဖြစ် သည်ဆိုပါကလဲ နိုင်ငံတကာတွင် လုပ်ကိုင်နေသည့် စည်းမျဉ်းစည်း ကမ်းများအတိုင်း စီမံကိန်းမစ တင်မီ ဒေသခံများကို အသိပေး တိုင်ပင်ကာ သဘောတူညီချက် များရယူသင့်ပြီး ဒေသခံများ၏ မူလအခွင့် အရေးရပိုင်ခွင့်များ ကို လေးစားသင့်ကြောင်း၊ ဒေသ ခံများ၏ ခြံ၊ မြေများကို အသုံးချ ကာ မျက်ကွယ်တွင် ရှင်းလင်းဆောင် ရွက်မှ စီမံကိန်းစတင်သည် ဟုသိ ရှိကြောင်း ဒေသခံများကဆိုသည်။

ထားဝယ်ဒေသခံ၊ မူဒူးကျေး ရွာမှ ဦးအောင်မြင့်က ''ကျွန် တော် တို့ ရွာမှာ ဆို မြေယာလျော် ကြေးတွေက ပထမတစ်ဧက ကျပ် ငါးသိန်း၊ နောက် တစ်ဧကကျပ် သိန်း ၃၀၊ နောက်ဆုံးကျပ်သိန်း ၁ဝဝအထိပေး တယ်။ လျော်ကြေး က သုံးခုကွဲပြားနေတယ်။ သဘော မတူလို့ လျော်ကြေးမ ယူလဲ သမာဓိ အဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေးတွေ နဲ့ တစ်ပတ် ရိုက်ခြိမ်းခြောက်ပြီး လျော်ကြေးပေး သွားတာတွေလဲ ရှိတယ်။ ကျွန်တော်တို့ခြံအလုပ် ကတင် တစ်နေ့ဝင်ငွေ ငွေကျပ် ၁ဝဝဝဝရနေတာ။ ဖယ်ပေးရတော့ ကော ဘာလုပ်ကိုင်စားသောက် နိုင်မလဲ။ ဒီလိုသာဆို ကျွန်တော် တို့ဘဝ ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူး''ဟု ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ပြောသည်။

စီမံကိန်းဧရိယာ ၂၀၄ဒသမ၅ စတုရန်းကီလိုမီတာရှိကာ အ မေရိကန်ဒေါ်လာ ၈ဒသမ၆ ဘီလီ ယံကုန်ကျမည့် အရှေ့တောင်အာ ရှ၏အကြီးဆုံး ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို ၂၀၀၈ခု နှစ်က နှစ်နိုင်ငံအစိုးရချင်း လက် မှတ်ရေးထိုး စတင်အကောင်အ ထည်ဖော်ခဲ့ခြင်းဖြစ်ကာ လက်ရှိ တွင် စီမံကိန်းရင်းနှီးမြှုပ်နှံမှုပမဏ ကြီးမားသည့်အတွက် ဆက်လက် အကောင်အထည်ဖော်ရန် ဂျပန်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံပူးပေါင်း အကောင်အထည်ဖော်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media GROUPLOVE
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို မည်သည့်တိုင်းပြည်မှ မည်သည့်ကောင်းသည့် နည်းပညာ သုံးသုံး ဒေသခံများ၏ လက်ရှိလူမှုဘဝကို ပြန်လည်ဆန်းစစ်ခြင်းမ လုပ်နိုင်ပါက ရှေ့ဆက်မလုပ်ဘဲ ရပ် ဆိုင်းထားသင့်ကြောင်း ထား ဝယ်အမျိုးသမီးသမဂ္ဂ (TWU)မှ ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန်မြို့National YMCA တွင် ထားဝယ်အမျိုးသမီး သမဂ္ဂ( TWU)မှ ထုတ်ဝေဖြန့်ချိ သည့် ထားဝယ်ရေ နက် ဆိပ်ကမ်း စီမံကိန်းနှင့် ဒေသခံများ၏ဆန္ဒ မှတ်တမ်းဗီဒီယိုဖြန့်ချိပွဲတွင် ယခုကဲ့သို့ထုတ်ဖော်ပြော ကြားလိုက် ခြင်းဖြစ်သည်။

ထားဝယ်အမျိုးသမီးသမဂ္ဂ မှ ဒေါ်စုစုဆွေက ''ဒီစီမံ ကိန်း ကြောင့် မြေ ယာလျော်ကြေးငွေ ကျပ် သိန်း ၁ဝဝ ရလဲ ဘယ်နှလ ခံ မှာလဲ။ တစ်သက်စားလို့မကုန် တဲ့မြေတွေ ဆုံးတယ်။ လက်တွေ့ မှာ နစ်နာတယ်။ အလုပ်မရှိကြ တော့ အရွယ်စုံ ထိုင်းကိုသွားပြီး အလုပ်လုပ်ကြရတယ်။ ကျန်တာဆို သက်ကြီးရွယ် အိုတွေပဲရှိ တယ်။ ဒီစီမံကိန်းက သူတို့တွေ မဖိတ်ခေါ်ဘူး။ အားမပေးဘူး။ တကယ်ကော ဒီစီမံကိန်းက ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းလားလို့ မေးခွန်းထုတ်ချင်တယ်။ စီမံခန့် ခွဲမှုမရှိတာ၊ တာဝန်ခံမှုမရှိတာ၊ မဖြေရှင်းပေးနိုင်တာတွေကြောင့် သုညကစရမယ့် ထားဝယ်လိုဒေသ မျိုးမှာ ဘယ်လောက်အထိ အ ဆင်သင့်ဖြစ်နေပြီ လဲ။ သေသေ ချာချာဆန်းစစ်စေချင်တယ်။ ရှေ့ ဆက်မတိုးသင့်ဘူး။ ဂျပန်ပဲလာ လာ၊ ဘယ်သူပဲလာလာ ဒီအတိုင်း ဆက်သွားနေ ရင်တော့ ဒေသခံ တွေအတွက် ဘာမှထူးမလာနိုင် ဘူး''ဟု ရန်ကုန်တိုင်းမ်၏မေးမြန်း မှုကိုဖြေကြားသည်။

ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (DDA)မှ ဦးရဲလင်းမြင့်က ''ခု ဂျပန်လာမယ်လို့သိရတယ်။ သူ တို့က ပိုပြီးစနစ်ကျတယ်ဆိုပေ မယ့် ထိုင်းမှာ မယ်တာဖော့မှာဖြစ် နေတဲ့ သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှုတွေ၊ လူတွေထိခိုက်မှုတွေက အဲဒီမှာ ရင်းနှီးမြှုပ်နှံထားတာက ဂျပန်ပဲဖြစ်နေ တယ်။ အီတာ လျံထိုင်းနဲ့ ဂျပန်အကူးအပြောင်းမှာ ဘယ်နိုင်ငံက ပဲလုပ်လုပ်အ ရင်က လျော်ကြေးကိစ္စတွေ ပေး မယ်လို့ ပြောထားတဲ့ ဟာတွေ၊ လျှော့ပေးထားတာတွေကို ဘယ် လိုလွှဲပြောင်းမလဲ ငါတို့မသိဘူး။ နောက်တစ်ဦးက ငါတို့နဲ့မဆိုင် ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အ ပေါ်က ဘယ်လိုပြောင်းပြောင်း အောက်ခြေမှာ မရှင်းဘဲထား ရင် နောက် ပိုရှုပ်ထွေးတဲ့အခြေအ နေ ရောက်သွားနိုင်တယ်။ တစ်ခုချင်းစီကို ကျကျနနဖြေရှင်းပြီး မှ ရှေ့ဆက်သွားဖို့ လုပ်သင့်တယ်'' ဟု ထောက်ပြပြောဆိုသည်။

နိုင်ငံတော်စီမံကိန်းဖြစ် သည်ဆိုပါကလဲ နိုင်ငံတကာတွင် လုပ်ကိုင်နေသည့် စည်းမျဉ်းစည်း ကမ်းများ အတိုင်း စီမံကိန်းမစ တင်မီ ဒေသခံများကို အသိပေး တိုင်ပင်ကာ သဘောတူညီချက် များရယူ သင့်ပြီး ဒေသခံများ၏ မူလအခွင့် အရေးရပိုင်ခွင့်များ ကို လေးစားသင့်ကြောင်း၊ ဒေသ ခံများ၏ ခြံ၊ မြေများကို အသုံးချ ကာ မျက်ကွယ်တွင် ရှင်းလင်းဆောင် ရွက်မှ စီမံကိန်းစတင်သည် ဟုသိ ရှိကြောင်း ဒေသခံများကဆိုသည်။

ထားဝယ်ဒေသခံ၊ မူဒူးကျေး ရွာမှ ဦးအောင်မြင့်က ''ကျွန် တော် တို့ ရွာမှာ ဆို မြေယာလျော် ကြေးတွေက ပထမတစ်ဧက ကျပ် ငါးသိန်း၊ နောက် တစ်ဧကကျပ် သိန်း ၃၀၊ နောက်ဆုံးကျပ်သိန်း ၁ဝဝအထိပေး တယ်။ လျော်ကြေး က သုံးခုကွဲပြားနေတယ်။ သဘော မတူလို့ လျော်ကြေးမ ယူလဲ သမာဓိ အဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေးတွေ နဲ့ တစ်ပတ် ရိုက်ခြိမ်းခြောက်ပြီး လျော်ကြေးပေး သွားတာတွေလဲ ရှိတယ်။ ကျွန်တော်တို့ခြံအလုပ် ကတင် တစ်နေ့ဝင်ငွေ ငွေကျပ် ၁ဝဝဝဝရနေတာ။ ဖယ်ပေးရတော့ ကော ဘာလုပ်ကိုင်စားသောက် နိုင်မလဲ။ ဒီလိုသာဆို ကျွန်တော် တို့ဘဝ ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူး''ဟု ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ပြောသည်။

စီမံကိန်းဧရိယာ ၂၀၄ဒသမ၅ စတုရန်းကီလိုမီတာရှိကာ အ မေရိကန်ဒေါ်လာ ၈ဒသမ၆ ဘီလီ ယံကုန်ကျ မည့် အရှေ့တောင်အာ ရှ၏အကြီးဆုံး ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို ၂၀၀၈ခု နှစ်က နှစ်နိုင်ငံ အစိုးရချင်း လက် မှတ်ရေးထိုး စတင်အကောင်အ ထည်ဖော်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် စီမံကိန်း ရင်းနှီးမြှုပ်နှံမှု ပမဏ ကြီးမားသည့်အတွက် ဆက်လက် အကောင်အထည်ဖော်ရန် ဂျပန်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media GROUPLOVE

No comments:

Post a Comment