Monday 30 September 2013

ကယားပြည်နယ်သူရဲကောင်းဗိမာန်ကိုပြုပြင် မွမ်းမံအလှဆင်မှုပြုလုပ်

Photo: ကယားပြည်နယ်သူရဲကောင်းဗိမာန်ကိုပြုပြင် မွမ်းမံအလှဆင်မှုပြုလုပ်
Monday, September 30, 2013

ကယားပြည်နယ်၊လွိုင်ကော် မြို့ရှိသူရဲကောင်းဗိမာန်ကိုဆေး သုတ်ခြင်း၊ ဗိမာန်ပတ်လည်တွင် ကွန်ကရစ်ခင်း၍အကာအရံလက် ရန်းတိုင်များ တပ်ဆင်ခြင်း၊ ဗိမာန် အ၀င်လမ်းအားကွန်ကရစ်ခင်းခြင်း စသည့်ပြုပြင် မွမ်းမံအလှဆင်မှုပြု လုပ်ထားကြောင်းသိရသည်။ 

ယင်းသူရဲကောင်းဗိမာန်သည် ကယားပြည်နယ်မော်ချီး၊ရှားတော၊ လွိုင်ကော် ၊ ဒီးမော့ဆိုဒေသများ သို့တရုတ်ဖြူ (ကူမင်တန်)များ ကျူးကျော်တိုက်ခိုက် ခဲ့သည့် ၁၉၄၉ခုနှစ် နိုဝင်ဘာလမှ ၁၉၅၀ ပြည့်နှစ်သြဂုတ်လ အတွင်းတိုက် ပွဲများတွင်မိမိတို့ ပိုင်ဆိုင်သောနယ် မြေများတိုင်းတစ်ပါးသားတို့ ၏ လက်အောက် သို့ မကျစေရန် အသက်ကိုပဓာနမထားဘဲရွပ်ရွပ် ချွံချွံ ကာကွယ်ရင်း အသက်ပေးခဲ့ သောပြည်သူ့တပ်မတော်သားသူ ရဲကောင်း စစ်သည်များကိုအထိမ်း အမှတ်ကျောက်တိုင်ဆောက်လုပ်ရန် ကယားပြည်နယ် ပါလီမန်အတွင်း ၀န်မဟာသရေစည်သူ ဦးစိန်အဆို ပြုချက်အရကယားပြည်နယ်ဥက္ကဋ္ဌ ၀န်ကြီးစပ်ဝဏ္ဏမှ ၁၉၅၂ ခုနှစ် မတ်လတွင်ကယားပြည်နယ်သူရဲ ကောင်းဗိမာန်အဖြစ်တည်ဆောက် ပေးခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်သူရဲကောင်း ဗိမာန်သည်လွိုင်ကော်မြို့ဆု တောင်းပြည့်မြို့ နာမ်ရွှေစေတီ တော်အနီးကန်္ဒရ၀တီလမ်းမကြီး ဘေး၌တည်ရှိသည်။

Hot News
ကယားပြည်နယ်၊လွိုင်ကော် မြို့ရှိသူရဲကောင်းဗိမာန်ကိုဆေး သုတ်ခြင်း၊ ဗိမာန်ပတ်လည်တွင် ကွန်ကရစ် ခင်း၍ အကာအရံလက် ရန်းတိုင်များ တပ်ဆင်ခြင်း၊ ဗိမာန် အ၀င်လမ်းအားကွန်ကရစ်ခင်းခြင်း စသည့်ပြုပြင် မွမ်းမံအလှဆင်မှုပြု လုပ်ထားကြောင်းသိရသည်။
ယင်းသူရဲကောင်းဗိမာန်သည် ကယားပြည်နယ်မော်ချီး၊ရှားတော၊ လွိုင်ကော် ၊ ဒီးမော့ဆိုဒေသများသို့ တရုတ်ဖြူ (ကူမင်တန်)များ ကျူးကျော်တိုက်ခိုက် ခဲ့သည့် ၁၉၄၉ခုနှစ် နိုဝင်ဘာလမှ ၁၉၅၀ ပြည့်နှစ် သြဂုတ်လ အတွင်းတိုက် ပွဲများတွင်မိမိတို့ ပိုင်ဆိုင်သောနယ် မြေများတိုင်းတစ်ပါးသားတို့ ၏ လက်အောက် သို့ မကျစေရန် အသက်ကိုပဓာနမထားဘဲရွပ်ရွပ် ချွံချွံ ကာကွယ်ရင်း အသက်ပေးခဲ့ သောပြည်သူ့ တပ်မတော်သားသူရဲကောင်း စစ်သည်များကိုအထိမ်း အမှတ်ကျောက်တိုင်ဆောက်လုပ်ရန် ကယားပြည် နယ် ပါလီမန်အတွင်း ၀န်မဟာသရေစည်သူ ဦးစိန်အဆို ပြုချက်အရကယားပြည်နယ်ဥက္ကဋ္ဌ ၀န်ကြီးစပ် ၀ဏ္ဏမှ ၁၉၅၂ ခုနှစ် မတ်လတွင်ကယားပြည်နယ်သူရဲ ကောင်းဗိမာန်အဖြစ် တည်ဆောက် ပေး ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်သူရဲကောင်း ဗိမာန်သည်လွိုင်ကော်မြို့ဆု တောင်းပြည့်မြို့ နာမ်ရွှေစေတီ တော်အနီး ကန်္ဒရ၀တီလမ်းမကြီး ဘေး၌တည်ရှိသည်။

Hot News

No comments:

Post a Comment