Monday 30 September 2013

လယ်တီဆရာတော်ကြီးသိမ် မဖျက်ဆီးရေး အာဏာပိုင်များ ညှိုနှိုင်းပေးမည်

Photo: လယ်တီဆရာတော်ကြီးသိမ် မဖျက်ဆီးရေး အာဏာပိုင်များ ညှိုနှိုင်းပေးမည်
Monday, September 30, 2013

လယ်တီဆရာတော်ကြီးသိမ်မဖျက်သိမ်းရေး အာဏာပိုင်များမှ သက်ဆိုင် ကုမ္မဏီများနှင့်ညှိုနှိုင်းပေးသွားမည်ဖြစ်ကြောင်း ဆန္ဒပြလမ်းလျှောက်ရာတွင် ပါဝင်သူတစ်ဦးထံမှသိရသည်။  ဆက်လက်ညှိုနှိုင်းနေဆဲပါ။ သုံးချက်တောင်း ဆို ထားတာ။ မလိုက်လျောနိုင်ရင် ဆက်ချီတက်မယ်။ သူတို့ ဘက်ကတော့ ဆက်ထွက်စေချင်ပုံမရဘူး။ မလိုက်လျောနိုင်ရင် ဆက်ထွက်မယ်ဟု ဆန္ဒပြ လမ်းလျှောက်ရာတွင် ပါဝင်သူ မမော်က ပြောသည်။ လယ်တီဆရာတော်ကြီး သိမ်မဖျက်ရေးအတွက် လက်ပံတောင်းတောင် ဒေသခံ ၄၇ယောက်နှင့်
သံဃာတော်များအပါအ၀င်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ၊ ပြည်သူလူထုတစ်ရာခန့် မနေ့နေ့လယ် ၂နာရီခွဲခန့်မှ မန္တလေးမြို့ အမရပူရမြို့နယ်ကပ်ကျော်ခွေ့မှ စတင်လမ်းလျှောက်ဆန္ဒပြခဲ့ရာ စစ်ကိုင်းကောင်းမှု တောင်အနီးစည်တီးဘုန်းကြီးကျောင်းအတွင်းခရီးတစ်ထောက်နားညအိပ်ခဲ့ပြီ ယနေ့်နံနက်ခင်းခရီးဆက်ရာတွင် အာဏာပိုင်အဖွဲ့ အစည်း မှ တားဆီးခဲ့သည်။ 

ထို့နောက်လမ်းလျှောက်ဆန္ဒပြကြသူ များမှ ဆက်လက်လမ်း မလျှောက် စေ လိုပါက အချက်သုံးချက်လိုက်လျှောပေးရန်တောင်းဆိုခဲ့သည်။
လယ်တီ ဆရာတော်ကြီး၏သိမ် လုံးဝမဖျက် ဆီးရေး၊ လယ်တီ ဆရာတော်ကြီးသိမ်အား မည်သူမဆို ၀င်ရောက်သွားလာခွင့်ပြုရန်နှင့် ယခုဆန္ဒပြရာတွင် ပါဝင် သူများကို ဖမ်းဆီးတရားစွဲခြင်းမပြုရန် တောင်းဆို ထားရာ ပထမအချက်ဖြစ်သည့် လယ်တီဆရာတော်ကြီး၏ သိမ် မဖျက် သိမ်းရေးအတွက် အာဏာပိုင်များမှ ကြားဝင်ညှိုနှိုင်းပေးသွားမည်ဖြစ်ကြောင်း လမ်းလျှောက်ရာတွင် ပါဝင်သူများထံမှ သိရသည်။ 

ဖိုးလပြည့်
Popular Myanmar News Journal
လယ်တီဆရာတော်ကြီးသိမ်မဖျက်သိမ်းရေး အာဏာပိုင်များမှ သက်ဆိုင် ကုမ္မဏီများနှင့်ညှိုနှိုင်းပေးသွား မည်ဖြစ်ကြောင်း ဆန္ဒပြလမ်းလျှောက်ရာတွင် ပါဝင်သူတစ်ဦးထံမှသိရသည်။
ဆက်လက်ညှိုနှိုင်းနေဆဲပါ။ သုံးချက်တောင်း ဆို ထားတာ။ မလိုက်လျောနိုင်ရင် ဆက်ချီတက်မယ်။ သူတို့ ဘက်ကတော့ ဆက်ထွက်စေချင်ပုံမရဘူး။ မလိုက်လျောနိုင်ရင် ဆက်ထွက်မယ်ဟု ဆန္ဒပြ လမ်းလျှောက် ရာတွင် ပါဝင်သူ မမော်က ပြောသည်။ လယ်တီဆရာတော်ကြီး သိမ်မဖျက်ရေးအတွက် လက်ပံတောင်းတောင် ဒေသခံ ၄၇ယောက်နှင့် သံဃာတော်များအပါအ၀င်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သား သမဂ္ဂများ၊ ပြည်သူလူထုတစ်ရာခန့် မနေ့နေ့လယ် ၂နာရီခွဲခန့်မှ မန္တလေးမြို့ အမရပူရမြို့နယ် ကပ်ကျော်ခွေ့ မှ စတင်လမ်းလျှောက်ဆန္ဒပြခဲ့ရာ စစ်ကိုင်းကောင်းမှု တောင်အနီးစည်တီးဘုန်းကြီးကျောင်း အတွင်း ခရီးတစ်ထောက်နားညအိပ်ခဲ့ပြီ ယနေ့်နံနက်ခင်းခရီးဆက်ရာတွင် အာဏာပိုင်အဖွဲ့ အစည်း မှ တားဆီးခဲ့သည်။

ထို့နောက်လမ်းလျှောက်ဆန္ဒပြကြသူများမှ ဆက်လက်လမ်း မလျှောက် စေလိုပါက အချက်သုံးချက် လိုက်လျှောပေးရန်တောင်းဆိုခဲ့သည်။ လယ်တီဆရာတော်ကြီး၏သိမ် လုံးဝမဖျက်ဆီးရေး၊ လယ်တီ ဆရာတော်ကြီးသိမ်အား မည်သူမဆို ၀င်ရောက်သွားလာခွင့်ပြုရန်နှင့် ယခုဆန္ဒပြရာတွင် ပါဝင် သူများကို ဖမ်းဆီးတရားစွဲခြင်းမပြုရန် တောင်းဆို ထားရာ ပထမအချက်ဖြစ်သည့် လယ်တီဆရာတော်ကြီး၏ သိမ် မဖျက် သိမ်းရေးအတွက် အာဏာပိုင်များမှ ကြားဝင်ညှိုနှိုင်းပေးသွားမည်ဖြစ်ကြောင်း လမ်းလျှောက်ရာတွင် ပါဝင်သူများထံမှ သိရသည်။

ဖိုးလပြည့်
Popular Myanmar News Journal

No comments:

Post a Comment