Monday 30 September 2013

၂၀၁၄ ကျရင် သန်းကြွယ်သူဌေးဦးရေ အာရှတိုက်မှာ အများဆုံးရှိမယ်

၂၀၁၄ ခုနှစ်ကျရင် ဒေါ်လာ သန်းကြွယ်သူဌေးတွေရဲ့ လူဦးရေက အာရှတိုက်မှာ အများဆုံးရှိမယ်လို့ Royal Bank of Canada ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာရှတိုက်မှာ စီးပွားရေးအခြေအနေ ကောင်းမွန်တာတွေ၊ လူဦးရေ တိုးတက်မှုနှုန်း ဆက်လက် ရှိနေ တာတွေ နဲ့ ငွေစုဆောင်းလိုသူတွေ များပြားတဲ့အတွက် နှစ်စဉ်နှစ်တိုင်း သန်းကြွယ် သူဌေးဦးရေ ၁၀% နီးပါး တိုး များလာပြီး သူတို့ပိုင်ဆိုင်မှု တန်ဖိုးအားဖြင့် ဒေါ်လာ ၁၆ ထရီလီယံ ရှိတယ်လို့ ပြောပါတယ်။

ခုလောလောဆယ် ကမ္ဘာ့ သန်းကြွယ်သူဌေး အများဆုံးရှိရာ နေရာက မြောက်အာမေရိက တိုက်ဖြစ်နေပြီး အာရှတိုက်က ဒုတိယနေရာ လိုက်နေပေမယ့် လာမယ့်နှစ်ကျရင် အာရှတိုက်က ပထမနေရာ ရောက် သွားနိုင် တယ်လို့ ပြောပါတယ်။

အာရှတိုက်ထဲမှာမှ ဟောင်ကောင်ကျွန်းမှာ သန်းကြွယ်သူဌေး ဦးရေ ပိုများနေပြီး ရင်းနှီးမြုပ်နှံနိုင်တဲ့ ပိုင်ဆိုင်မှုတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ သန်းကြွယ်သူဌေးဦးရေ တစ်နှစ်ကို ၃၅% တိုးပွားလာတယ် လို့ ဖော်ပြထားပါတယ်။

အာရှတိုက်တစ်ခုလုံးမှာ သန်းကြွယ်သူဌေး ဦးရေ တိုးပွားမှု အနည်းဆုံးနိုင်ငံက ဂျပန်နိုင်ငံဖြစ်ကြောင်း လည်း ဖော်ပြထားပါတယ်။

ABC

No comments:

Post a Comment