Saturday 24 August 2013

Photo: ပေါ့ပ်ဘုရင်မ ကေတီပယ်ရီ၏ တေးသီချင်း အယ်လ်ဘမ် ရောင်းအား အကောင်းဆုံးအဖြစ် ရပ်တည်လျက်ရှိ 
Saturday, August 24, 2013

ပေါ့ပ်ဘုရင်မ ကေတီပယ်ရီ၏ ပြီးခဲ့သည့် ရက်သတ္တပတ်က ဖြန့်ချိခဲ့သော တစ်ကိုယ်တော်တေးသီချင်း အယ်လ်ဘမ်သည်အမေရိကန် နိုင်ငံတွင်သြဂုတ်  ၂၂ ရက်က ရောင်းအား အကောင်းဆုံး အဖြစ် ရပ်တည်လျက် ရှိကြောင်း သိရသည်။

ကေတီပယ်ရီ၏ မကြာမီ ဖြန့်ချိမည့် Prism တေးအယ်လ်ဘမ်မှ တေးသီချင်း သစ် "Roar"  သည် ပထမ သီတင်းပတ်အတွင်း အင်တာနက်မှ တစ်ဆင့် download ဆွဲရောင်းချမှု ၅၅၇,ဝဝဝ ထိ ရောင်းချနိုင်ခဲ့ပြီး ယခုနှစ်၏ ရက်သတ္တပတ် အတွင်း ရောင်းအား အကောင်းဆုံးနှင့် တေးသီချင်း ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိကြောင်း USA Today တွင် ဖော်ပြချက် အရ သိရသည်။

အဆိုပါ  တေးသီချင်းသစ်သည် ၂ဝ၁ဝ ပြည့်နှစ်က အင်တာနက်မှ တစ်ဆင့် download ဆွဲ ရောင်းချမှု ၅ဝ၉,ဝဝဝ အထိ ရောင်းချမှုဖြင့် လူကြိုက် အများဆုံး တေးသီချင်း "Firework"  ကို ကျော်လွန်၍ ရောင်းအား အကောင်းဆုံး တေးသီချင်း အဖြစ် ရပ်တည်လျက် ရှိသည်။ 

မြ၀တီ
ပေါ့ပ်ဘုရင်မ ကေတီပယ်ရီ၏ ပြီးခဲ့သည့် ရက်သတ္တပတ်က ဖြန့်ချိခဲ့သော တစ်ကိုယ်တော်တေးသီချင်း အယ်လ်ဘမ်သည် အမေရိကန် နိုင်ငံတွင် သြဂုတ်  ၂၂ ရက်က ရောင်းအားအကောင်းဆုံးအဖြစ် ရပ်တည် လျက် ရှိကြောင်း သိရသည်။

ကေတီပယ်ရီ၏ မကြာမီ ဖြန့်ချိမည့် Prism တေးအယ်လ်ဘမ်မှ တေးသီချင်း သစ် "Roar"  သည် ပထမ သီတင်းပတ်အတွင်း အင်တာနက်မှ တစ်ဆင့် download ဆွဲရောင်းချမှု ၅၅၇,ဝဝဝ ထိ ရောင်းချနိုင်ခဲ့ပြီး ယခုနှစ်၏ ရက်သတ္တပတ် အတွင်း ရောင်းအား အကောင်းဆုံးနှင့် တေးသီချင်း ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိကြောင်း USA Today တွင် ဖော်ပြချက် အရ သိရသည်။

အဆိုပါ  တေးသီချင်းသစ်သည်  ၂ဝ၁ဝ ပြည့်နှစ်က အင်တာနက်မှ တစ်ဆင့် download ဆွဲ ရောင်းချမှု ၅ဝ၉,ဝဝဝ အထိ ရောင်းချမှုဖြင့် လူကြိုက်အများဆုံး တေးသီချင်း "Firework"  ကို ကျော်လွန်၍ ရောင်းအား အကောင်းဆုံး တေးသီချင်း အဖြစ် ရပ်တည်လျက် ရှိသည်။ 

မြ၀တီ

No comments:

Post a Comment