Saturday 24 August 2013

ဝက်လက်မြို့နယ် ဒေသထွက် သင်္ဘောသီးများ ရန်ကုန်ပွဲစားများမှ ခြံပြတ်ဝယ်ယူ

Photo: ဝက်လက်မြို့နယ် ဒေသထွက် သင်္ဘောသီးများ ရန်ကုန်ပွဲစားများမှ ခြံပြတ်ဝယ်ယူ
Saturday, August 24, 2013

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မူးမြစ်ကမ်းဘေး ဒေ သ ရှိ သင်္ဘောခြံကြီးများမှ ထွက်ရှိသော သင်္ဘောသီးများကို ရန်ကုန်မြို့ရှိ သစ်သီးပွဲစားများက ခြံပြတ် ဝယ်ယူ တင်သွင်းခဲ့သဖြင့် ယခုနှစ် သင်္ဘော စိုက် တောင်သူများ တွက်ခြေကိုက်၍ အမြတ်အစွန်း ပိုမိုရရှိခဲ့ကြောင်း သမရိုး ကျေးရွာနေ သင်္ဘောစိုက် တောင်သူ တစ်ဦးက ပြောပြခဲ့သည်။

''အလုံးဈေးနဲ့ ပြောရရင် မနှစ်က ရှယ်လုံးမှ ၅ဝဝ ပဲရတယ်။ ဒီနှစ်ကျတော့ ပြွမ်းကို တစ်လုံး ၄၅ဝ ပေးတယ်။ ရှယ်သီးတွေကတော့ တစ်လုံးကို ၇ဝဝ ရတယ်။ အရင်နှစ်ကထက် ပျမ်းမျှတစ်လုံးကို ၁၅ဝ၊ ၂ဝဝ လောက် ပိုပြီးဈေးရပါတယ်'' ဟု ၎င်းက ဆက်လက်၍ ရှင်းပြခဲ့သည်။

ဝက်လက်မြို့နယ်၏ အနောက်ဘက်တွင် မူးမြစ် တည်ရှိရာ နှစ်စဉ် မူးမြစ်ရေဝင်သော ဒေသများသည် နုန်းတင်မြေနု စိုက်ခင်းကြီးအဖြစ် တည်ရှိပြီး ငှက်ပျော၊ သင်္ဘော၊ သရက် စသည်ဖြင့် စားသောက်ကုန် သီးနှံများ စိုက်ပျိုး လုပ်ကိုင်သော ဥယျာဉ်ခြံကြီးများ အများအပြား ရှိကြောင်း သိရသည်။

အဆိုပါ ဥယျာဉ်ခြံကြီးများမှ ထွက်ရှိသော သင်္ဘောသီးများသည် ရန်ကုန် သီရိမင်္ဂလာ သစ်သီးဈေးရှိ သစ်သီးပွဲစားများမှ ၎င်းဒေသသို့ ဆင်း၍ သင်္ဘောခြံကြီးများကို ကြည့်ရှုကာ အလုံးရေ အထွက်နှုန်းပေါ် မူတည်၍ ခြံပြတ် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ နေ့စဉ် သင်္ဘောခြံလုပ်သားပေါင်း များစွာဖြင့် လုပ်ကိုင်ရသည့် အတွက်လည်း ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိ လာကြောင်း သိရသည်။

ထိုဒေသထွက် သင်္ဘောသီး များကိုရန်ကုန်မြို့သို့ သယ်ယူ ပို့ဆောင်သည့် အခါ အနာအဆာ ကင်း၍ ပိုမိုသန့်ရှင်းလတ်ဆတ်စေရန် သင်္ဘောသီးများကို စက္ကူများဖြင့် ထုပ်ပိုး၍ သယ်ယူ ပို့ဆောင်ကြကြောင်း သိရသည်။

မြ၀တီ
စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မူးမြစ်ကမ်းဘေး ဒေ သ ရှိ သင်္ဘောခြံကြီးများမှ ထွက်ရှိသော သင်္ဘောသီးများကို ရန်ကုန်မြို့ရှိ သစ်သီးပွဲစားများက ခြံပြတ် ဝယ်ယူတင်သွင်းခဲ့သဖြင့် ယခုနှစ် သင်္ဘော စိုက် တောင်သူများ တွက်ခြေကိုက်၍ အမြတ်အစွန်း ပိုမိုရရှိခဲ့ကြောင်း သမရိုး ကျေးရွာနေ  သင်္ဘောစိုက် တောင်သူ တစ်ဦးက ပြောပြခဲ့သည်။

''အလုံးဈေးနဲ့ ပြောရရင် မနှစ်က ရှယ်လုံးမှ ၅ဝဝ ပဲရတယ်။ ဒီနှစ်ကျတော့ ပြွမ်းကို တစ်လုံး ၄၅ဝ ပေးတယ်။ ရှယ်သီးတွေကတော့ တစ်လုံးကို ၇ဝဝ ရတယ်။ အရင်နှစ်ကထက် ပျမ်းမျှတစ်လုံးကို ၁၅ဝ၊ ၂ဝဝ လောက် ပိုပြီးဈေးရပါတယ်'' ဟု ၎င်းက ဆက်လက်၍ ရှင်းပြခဲ့သည်။

ဝက်လက်မြို့နယ်၏ အနောက်ဘက်တွင် မူးမြစ်တည်ရှိရာ နှစ်စဉ်မူးမြစ်ရေ ဝင်သော ဒေသများ သည် နုန်းတင်မြေနု စိုက်ခင်းကြီးအဖြစ် တည်ရှိပြီး ငှက်ပျော၊ သင်္ဘော၊ သရက် စသည်ဖြင့် စားသောက်ကုန် သီးနှံများ စိုက်ပျိုး လုပ်ကိုင်သော ဥယျာဉ်ခြံကြီးများ အများအပြား ရှိကြောင်း သိရသည်။

အဆိုပါ ဥယျာဉ်ခြံကြီးများမှ ထွက်ရှိသော သင်္ဘောသီးများသည် ရန်ကုန် သီရိမင်္ဂလာ သစ်သီးဈေးရှိ သစ်သီးပွဲစားများမှ ၎င်းဒေသသို့ ဆင်း၍ သင်္ဘောခြံကြီးများကို ကြည့်ရှုကာ အလုံးရေ အထွက်နှုန်းပေါ် မူတည်၍ ခြံပြတ် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ နေ့စဉ် သင်္ဘောခြံလုပ်သားပေါင်း များစွာဖြင့် လုပ်ကိုင်ရသည့် အတွက်လည်း ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိ လာကြောင်း သိရသည်။

ထိုဒေသထွက် သင်္ဘောသီး များကိုရန်ကုန်မြို့သို့ သယ်ယူ ပို့ဆောင်သည့် အခါ အနာအဆာ ကင်း၍ ပိုမိုသန့်ရှင်းလတ်ဆတ်စေရန် သင်္ဘောသီးများကို စက္ကူများဖြင့် ထုပ်ပိုး၍ သယ်ယူ ပို့ဆောင်ကြကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment