Saturday 24 August 2013

ဒေါ်လာဈေးနှုန်း ကျရိပ်ပြသော်လည်း အီလက်ထရွန်နစ် ပစ္စည်းဈေးနှုန်းများ ဆက်လက် မြင့်တက်

Photo: ဒေါ်လာဈေးနှုန်း ကျရိပ်ပြသော်လည်း အီလက်ထရွန်နစ် ပစ္စည်းဈေးနှုန်းများ ဆက်လက် မြင့်တက် 
 Saturday, August 24, 2013

ဒေါ်လာဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာသော်လည်း အီလက်ထရွန်နစ် ပစ္စည်း ဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိဘဲ   ဆက်လက် မြင့်တက်လျက် ရှိကြောင်း  အီလက်ထရွန်နစ် ပစ္စည်း ဈေးကွက်များ အတွင်းမှ သိရသည်။

ဒေါ်လာဈေးနှုန်း အတက်အကျနှင့် အီလက်ထရွန်နစ် ပစ္စည်း ဈေးနှုန်း အတက်အကျမှာ တိုက်ရိုက် အချိုးကျပြီး ဒေါ်လာဈေးနှုန်း မြင့်တက်လာပါက အီလက်ထရွန်နစ် ပစ္စည်း ဈေးနှုန်းများပါ မြင့်တက် လာပြီး ဒေါ်လာဈေးနှုန်း များ ကျဆင်းလာပါက  အီလက်ထရွန်နစ်ပစ္စည်း ဈေးနှုန်းများပါ ကျဆင်း လာသည်။

ယခုလက်ရှိတွင် ဒေါ်လာဈေးနှုန်းမှာ ငွေကျပ် တစ်ထောင်နီးပါးမှ ငွေကျပ်  ၉၆၇ ကျပ်အထိ ကျဆင်းလာသော်လည်း အီလက်ထရွန်နစ် ပစ္စည်း ဈေးနှုန်း များမှာ မကျဆင်းသည့် အပြင် ဆက်လက် မြင့်တက်လျက် ရှိနေသည်။

အီလက်ထရွန်နစ် ပစ္စည်းများ ဖြစ်သည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ဟန်းဆက်များ၊ Laptop များ၊TV၊ ရေခဲသေတ္တာ အစရှိသော ပစ္စည်းများ မှာ ဒေါ်လာဈေးနှုန်း အတက်အကျပေါ် မူတည်၍ ဈေးနှုန်း အတက်အကျ ရှိပြီး အီလက်ထရွန်နစ် ပစ္စည်းအရောင်းဆိုင်များမှ  ရောင်းချ သည့် ပစ္စည်းများတွင် ဒေါ်လာဈေးနှုန်း ကပ်၍ ရောင်းချပြီး ဝယ်ယူသူများ လာရောက်မှသာ မြန်မာကျပ်ငွေဖြင့် ပြန်လည် တွက်၍ ရောင်းချပေးခြင်း ဖြစ်သည်။

''အခုဒေါ်လာဈေးနှုန်းတွေ ကျတော့လည်း အီလက်ထရွန်နစ် ပစ္စည်းဈေးတွေ က မကျဘူး။ အထူးသဖြင့် ဟန်းဆက်နဲ့ ကွန်ပျူတာ ဆက်စပ် ပစ္စည်းတွေပေါ့။ ကွန်ပျူတာ ဆက်စပ်ပစ္စည်း ရောင်းတဲ့ ဆိုင်အတော်များများက  ဒေါ်လာဈေးနှုန်း ကပ်ပြီး ရောင်းတယ်။ အခုဒေါ်လာ ဈေး ကျတော့လည်း ဈေးအမြင့်နဲ့ပဲ တွက်ပြီး ရောင်းနေ တယ်။ဟန်းဆက်တွေ ကိုတော့ မြန်မာကျပ်ငွေ ဈေးနှုန်းနဲ့ပဲ ကပ်ရောင်းနေကြ တယ်။  ဒေါ်လာဈေး ကျရင်    ဟန်းဆက်ဈေးပါ ကျရမှာ၊ အခုတော့ ဟန်းဆက်ဈေး တွေလည်းမကျဘူး'' ဟု အီလက် ထရွန်နစ် ဈေးကွက် လေ့လာသူ တစ်ဦးက    ပြောကြား ခဲ့သည်။

နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း သြဂုတ် ၂၃ ရက် ပေါက်ဈေးနှုန်းများမှာ အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ်၉၆၈ ကျပ်၊   စင်ကာပူ တစ်ဒေါ်လာ လျှင် ငွေကျပ် ၇၅၉ ကျပ်နှင့် ယူရိုတစ်ယူရိုလျှင် ငွေကျပ် ၁၂၉၇ ကျပ်တို့ ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ဒေါ်လာဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာသော်လည်း အီလက်ထရွန်နစ်ပစ္စည်း ဈေးနှုန်းများမှာ ကျဆင်းခြင်း မရှိဘဲ ဆက်လက် မြင့်တက်လျက်ရှိကြောင်း  အီလက်ထရွန်နစ်ပစ္စည်း ဈေးကွက်များအတွင်းမှ သိရသည်။
ဒေါ်လာဈေးနှုန်း အတက်အကျနှင့် အီလက်ထရွန်နစ် ပစ္စည်း ဈေးနှုန်း အတက်အကျမှာ တိုက်ရိုက် အချိုးကျပြီး ဒေါ်လာဈေးနှုန်း မြင့်တက်လာပါက အီလက်ထရွန်နစ် ပစ္စည်း ဈေးနှုန်းများပါ မြင့်တက် လာပြီး ဒေါ်လာဈေးနှုန်း များ ကျဆင်းလာပါက  အီလက်ထရွန်နစ်ပစ္စည်း ဈေးနှုန်းများပါ ကျဆင်း လာသည်။

ယခုလက်ရှိတွင် ဒေါ်လာဈေးနှုန်းမှာ ငွေကျပ် တစ်ထောင်နီးပါးမှ ငွေကျပ်  ၉၆၇ ကျပ်အထိ ကျဆင်း လာသော်လည်း အီလက်ထရွန်နစ် ပစ္စည်း ဈေးနှုန်း များမှာ မကျဆင်းသည့် အပြင် ဆက်လက် မြင့်တက် လျက် ရှိနေသည်။

အီလက်ထရွန်နစ် ပစ္စည်းများ ဖြစ်သည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ဟန်းဆက်များ၊ Laptop များ၊TV၊ ရေခဲသေတ္တာ အစရှိသော ပစ္စည်းများ မှာ ဒေါ်လာဈေးနှုန်း အတက်အကျပေါ် မူတည်၍ ဈေးနှုန်း အတက်အကျရှိပြီး အီလက်ထရွန်နစ်ပစ္စည်းအရောင်းဆိုင်များမှ  ရောင်းချသည့် ပစ္စည်းများ တွင် ဒေါ် လာဈေးနှုန်း ကပ်၍ ရောင်းချပြီး ဝယ်ယူသူများ လာရောက်မှသာ မြန်မာကျပ်ငွေဖြင့် ပြန်လည် တွက် ၍ ရောင်း ချပေးခြင်း ဖြစ်သည်။

''အခုဒေါ်လာဈေးနှုန်းတွေ ကျတော့လည်း အီလက်ထရွန်နစ် ပစ္စည်းဈေးတွေ က မကျဘူး။ အထူးသဖြင့် ဟန်းဆက်နဲ့ ကွန်ပျူတာ ဆက်စပ် ပစ္စည်းတွေပေါ့။ ကွန်ပျူတာ ဆက်စပ်ပစ္စည်း ရောင်းတဲ့ ဆိုင်အတော် များများက  ဒေါ်လာဈေးနှုန်း ကပ်ပြီး ရောင်းတယ်။ အခုဒေါ်လာ ဈေး ကျတော့လည်း ဈေးအမြင့်နဲ့ပဲ တွက်ပြီး ရောင်းနေ တယ်။ဟန်းဆက်တွေ ကိုတော့ မြန်မာကျပ်ငွေ ဈေးနှုန်းနဲ့ပဲ ကပ်ရောင်းနေကြ တယ်။  ဒေါ်လာဈေး ကျရင်    ဟန်းဆက်ဈေးပါ ကျရမှာ၊ အခုတော့ ဟန်းဆက်ဈေး တွေလည်းမကျဘူး'' ဟု အီလက် ထရွန်နစ် ဈေးကွက် လေ့လာသူ တစ်ဦးက    ပြောကြား ခဲ့သည်။

နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း သြဂုတ် ၂၃ ရက် ပေါက်ဈေးနှုန်းများမှာ အမေရိကန် တစ်ဒေါ်လာ လျှင် ငွေကျပ်၉၆၈ ကျပ်၊   စင်ကာပူ တစ်ဒေါ်လာ လျှင် ငွေကျပ် ၇၅၉ ကျပ်နှင့် ယူရိုတစ်ယူရိုလျှင် ငွေကျပ် ၁၂၉၇ ကျပ်တို့ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment