Saturday 24 August 2013

ဘုမ္မရာဇာမြစ်များ ရောင်းအားကောင်း

Photo: ဘုမ္မရာဇာမြစ်များ ရောင်းအားကောင်း
Saturday, August 24, 2013

တောင်ငူမြို့နှင့် ဆက်စပ်ဒေသများ မှ ထွက်သော   ဘုမ္မရာဇာမြစ်များကို  တောင်ငူမြို့ရှိ ပွဲရုံကြီးများမှ စုစည်း ဝယ်ယူလျက်ရှိရာ ရန်ကုန်၊ မန္တလေးနှင့် အနယ်နယ် အရပ်ရပ်ရှိ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများမှ တစ်ဆင့် ပြန်လည် ဝယ်ယူလျက် ရှိပြီး ဝယ်လိုအား မြင့်မားကြောင်း ယမန်နေ့က သိရသည်။

ဆေးဖက်ဝင် ဘုမ္မရာဇာမှာ မြေကြီး ထဲရှိ အမြစ်ဖြစ်ပြီး မိုးဦးကျစ ဇွန်လမှ စ၍ အပင်ငယ်များ ပေါက်ရောက် လာမှသာ အမြစ်ကိုလည်း တူးဖော်နိုင်ရာ မိုးရာသီ တစ်လျှောက်လုံး  တူးဖော် ရောင်းချလေ့ ရှိကြသည်။  ပွဲရုံများမှ ဝယ်ယူရာတွင်   အစိုဈေး တစ်ပိဿာ လျှင် ငွေကျပ် ၁၅ဝဝ မှ ၂ဝဝဝ အကြား အခြောက်ဈေး တစ်ပိဿာလျှင် ငွေကျပ်၅ဝဝဝ မှ ၇ဝဝဝ အကြားပေး၍ ဝယ်ယူလျက် ရှိသည်။

တောင်ငူဒေသ အတွင်း နေရာအနှံ့ အပြားတွင် ဘုမ္မရာဇာများ ပေါက်ရောက်လေ့ ရှိရာ အများအားဖြင့် ထန်းတပင် မြို့နယ် ကျောက်ကြီးပေါက်၊ သံတောင် မြို့နယ် မိုင် ၂ဝ  ဘောဂလိ ဒေသများ မှ အများဆုံး တူးဖော် ရောင်းချလေ့ ရှိကြောင်း သတင်းရရှိသည်။ 

Eleven Media Group

No comments:

Post a Comment