Saturday 24 August 2013

ဗြိတိန်တော်ဝင် လေတပ်တွင် ပထမဆုံး အမျိုးသမီး လေတပ် ဗိုလ်ချုပ်ခန့်အပ်

ဗြိတိန်တော်ဝင် လေတပ် (RAF) သည် ကြယ်နှစ်ပွင့် အဆင့်ရှိ ပထမဆုံး အမျိုးသမီး  လေတပ်ဗိုလ်ချုပ် အဖြစ် Elaine West ကို ခန့်အပ်ခဲ့ပြီး အဆိုပါခန့်အပ်မှုသည် ဗြိတိန်တပ်မတော်တွင် အမျိုးသမီး အရာရှိများကို ရာထူး နေရာခန့်ထားရာ၌ ကန့်သတ်ထားခြင်းမရှိသည်ကို ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီး ဖိလစ်ဟမ်းမွန်းက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
 အသက် ၅၁ နှစ်အရွယ်ရှိ Elaine West  သည် RAF တွင် ၃၄ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိ အဆင့်သို့ တိုးမြှင့်ခန့်အပ် ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ၎င်းသည် ကာကွယ်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးအဖွဲ့၏ စီမံကိန်း ရေးရာနှင့်  အစီအစဉ် ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်ရေး   ညွှန်ကြားရေး မှူး အဖြစ် တာဝန် ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင်  ၎င်းသည်  စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေး အထောက်အကူပြု အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ရေးဆွဲ ဆောင် ရွက်ရေး၊ ကာကွယ်ရေး စွမ်းရည်တိုးတက် တည်ဆောက်ရေးနှင့် ဂျာမနီ နိုင်ငံရှိ   ဗြိတိန် တပ်ဖွဲ့ဝင်များ လျှော့ချရေး အစီအစဉ် တို့ကို  ကြီးကြပ် ကွပ်ကဲရေး စသည့် စီမံကိန်း အစီအစဉ်များကိုလည်း ဦးစီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment