Monday 26 August 2013

နေ့စားလပေး ဆရာ ဆရာမများ ခန့်အပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ ယမန်နေ့က ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် အတွက် နယ်စပ်ဒေ သနှင့် ရပ်ကွက် ကျေးရွာများတွင် စာသင်ကျောင်းများတိုးချဲ့ ဖွင့်လှစ်ခဲ့ရာ အထက်တန်းကျောင်း
ရှစ်ကျောင်း၊ အလယ်တန်းကျောင်း ၁၁ ကျောင်း၊ မူလတန်းကျောင်း ၁၁၇ ကျောင်း အထက် တန်း ကျောင်းခွဲ ၁၄ ကျောင်း၊ အလယ်တန်း ကျောင်းခွဲ ၃၂ ကျောင်း၊ မူလတန်း ကျောင်းခွဲ ၂၁၄၄ ကျောင်း၊ မူလတန်းလွန် ကျောင်း ၁၄ ကျောင်းနှင့် တွဲဖက်မူလတန်း ကျောင်း ငါးကျောင်း ထပ်မံတိုးချဲ့ ဖွင့်လှစ် ပေးနိုင်ခဲ့သည်။

အဆိုပါ စာသင်ကျောင်းများ၌ လစ်လပ်လျက်ရှိသော ဝန်ထမ်းအင်အား စာသင်ကျောင်း များသို့ နေ့စား လပေး ဆရာ၊ ဆရာမများကို ထပ်မံ၍ မူလတန်းပြ၊ ဓာတ်ခွဲကျွမ်းကျင်၊ အလယ်တန်း စာရေးနှင့် အထွေထွေ ဝန်ထမ်းများ  ခန့်အပ်ခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment