Monday 26 August 2013

မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ အစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ အစည်းအဝေး ကျင်းပ
မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ဝင်း ဇမ္ဗူ သီရိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့  မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်း၊ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာ၊ အဖွဲ့ဝင်များဖြစ်ကြသည့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ တိုင်းဒေသ ကြီး နှင့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌများ နှင့်လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက အဖွင့်အမှာ စကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ အတွင်းရေးမှူး ဦးနန္ဒကျော်စွာက ယခင်ကျင်းပပြီးစီး ခဲ့သော မြန်မာ နိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် တက်ရောက်လာသည့် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ အဖွဲ့ဝင်များ ဖြစ်သည့် တိုင်းဒေသ ကြီးနှင့် ပြည် နယ်လွှတ်တော် ဥက္ကဋ္ဌများက အလှည့်ကျ ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်း က နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အစည်းအဝေးအား သြဂုတ် ၂၆ ရက်တွင် ဆက်လက် ကျင်းပသွား မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment