Tuesday 4 June 2013

ကချင်စစ်ပြေး ကိစ္စအား ဦးစားပေး အစီအစဉ် ဖြစ်သင့်ဟု UNFC ကဆို

Photo: ကချင်စစ်ပြေး ကိစ္စအား ဦးစားပေး အစီအစဉ် ဖြစ်သင့်ဟု UNFC ကဆို
Tuesday, June 4, 2013

ကချင် စစ်ပြေး ပြည်သူများ၏ အရေးသည် ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင် ပထမ ဦးစားပေး ဆောင်ရွက် သင့်သော ကိစ္စဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ၏ အရေးပေါ် အစည်းအဝေးက အဆိုပြု ခဲ့သည်ဟုပြောခွင့်ရသူ ပဒို ဒေးဗစ်တာကပေါ်က ဆိုပါသည်။

“KIO နဲ့ အစိုးရကို ပြောချင်တာက အပစ်ရပ်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုတာက ရေရှည်ဦးမယ်လေ။ ကချင်စစ်ပြေး ဒုက္ခသည်တွေ ကျတော့ သူတို့က ၂ နှစ်လောက် ဒုက္ခသည် စခန်းထဲမှာ ဆင်းဆင်း ရဲရဲနဲ့ကြပ်ကြပ် တည်းတည်း နေနေ ခဲ့ကြရတယ်။ အဲဒါကြောင့် ကျနော်တို့ UNFC အနေနဲ့ သူတို့ အရေးကိုဘဲ ဦးစားပေးချင်တယ်။” ဟု ဆိုပါသည်။

UNFC ၏ အရေးပေါ် အစည်းအဝေးကို အဖွဲ့ဝင်ပေါင်း (၂၀) ခန့် တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြီးခဲ့ သည့် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပ သွားခဲ့ပါသည်။ အစည်းအဝေးတွင် KIO နှင့် အစိုးရ ကိုယ်စားလှယ် တို့၏ မေလ ၂၉ ရက်နေ့ဆွေးနွေးပွဲကို ပြန်လည် သုံးသပ်ခဲ့ရာမှ ကချင် စစ်ပြေး ဒုက္ခသည်များ၏ အရေးကို ဦးစားပေး ဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု အဆိုပြု ရခြင်း ဖြစ်ကြောင်း ဒေဗစ်တာကပေါ်ကပြောသည်။

ကချင် စစ်ပြေးများနှင့် တခြား အကူအညီ လိုအပ်နေသော ပြည်သူများအတွက် အကူအညီပေးခွင့် ပြုရန် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့ရှိမြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးကလည်း နှစ်ဖက်စလုံးကို တောင်းဆို ထားပါသည်။

နိုင်ငံတော် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ ဒုဥက္ကဌ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းကလည်း "စစ်ပြေးပြည်သူ များအားတစ်လ အတွင်း နေရပ်ပြန်နိုင်အောင် စီစဉ်ပေးမည် ဖြစ်ကြောင်း” ဒုက္ခသည် စခန်းကို ရောက်ရှိစဉ် ဂတိပေးခဲ့ ပါသည်။

အလားတူ KIA ဒုတိယ ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကလည်း "စစ်ပြေး ဒုက္ခသည်များ၏ နေရပ်ပြန်နိုင်ရေး ကိစ္စကို လုံခြုံမှု ရှိသည့်နေရာမှ စတင်ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း” ကချင်ပြည်နယ် ဝိုင်းမော်မြို့ပေါ်ရှိ စစ်ပြေး ပြည်သူများအား သွားရောက်တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

စစ်ပြေး ဒုက္ခသည်များအား နိုင်ငံရေး ပေါ်လစီ အဖြစ် မသုံးသင့်ကြောင်း၊ မြို့ပေါ်ရှိ ဒုက္ခသည်များသည် နယ်စပ်ရောက် ဒုက္ခသည်များထက် အခြေအနေ သာရုံရှိသည်ဟု ထင်ရသော်လည်း နှစ်ဖက် စလုံးမှ ထောက်ပံ့မှု လုံလောက်ခြင်း မရှိဘဲအိုးအိမ်မဲ့ ခဲ့ရသူများချည်း ဖြစ်ကြောင်း ဒုက္ခသည် စခန်းကော်မီတီ များကလည်း ထောက်ပြကြပါသည်။

ဤသို့ကြောင့် UN အပါအ၀င် အခြားနိုင်ငံကြီးများ၏ အကူအညီဖြင့် အမြန်ပြန်လည် နေရာ ချထားရန် လိုအပ်ကြောင်း ဆိုပါသည်။ KIO သည် UNFC အဖွဲ့ဝင်ဖြစ်ပါသည်။ KIO နှင့် အစိုးရတို တွေ့ဆုံပြီးလျှင် UNFC နှင့်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် မူလက အစီအစဉ် ရှိပြီးသားဖြစ်ပါသည်။ ဤသို့ကြောင့် လာမည့် အစိုးရ ဆွေးနွေးပွဲ အတွက် လိုအပ်ချက်များ ပြင်ဆင်နိုင်ရန် အရေးပေါ် ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါသည်။

ယင်းဆွေးနွေးပွဲသည် ကချင် ဒုက္ခသည် ရေးရာ အပြင် လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့ နိုင်ငံရေး အခြေအနေများကို ပြန်လည် သုံးသပ်ခဲ့ပြီး၊ အစိုးရနှင့် တရားဝင် နိုင်ငံရေး ဆွေးနွေးသည့်အခါ ဆွေးနွေးရမည့် ဆွေးနွေးပွဲ မူဘောင် အတွက်လည်း ချမှတ်ခဲ့ကြပါသည်။

UNFC သည် ဇွန်လ အတွင်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်မူလက သတ်မှတ် ထားပြီးဖြစ်ပါသည်။ ၄င်းတို့သည် ပထမအဆင့် အဖြစ် ဆွေးနွေးပွဲ မူဘောင် သတ်မှတ်ရေးဖြင့် အလျှင် စတင်မည်ဖြစ်သည်ဟု ဆိုပါသည်။ UNFC သည်အပစ်အခတ် ရပ်စဲရေး ထက်နိုင်ငံရေး ပြသနာကိုအလျှင် ဖြေရှင်း ချင်ကြပြီး အစိုးရသည် အပစ်အခတ် ရပ်စဲရေးဖြင့် အချိန်ဆွဲ ထားလိုကြပါသည်။

ဤသို့ကြောင့် အစိုးရနှင့် အပစ်ရပ်စဲ ထားသည့် အဖွဲ့တိုင်းသည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် တစ်ခုထဲဖြင့်သာ ရှေ့မတိုး သာဘဲ သောင်တင်နေကြပါသည်။ အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အားလုံးနှင့် အပစ်အခတ် ရပ်စဲရေး ရပြီးမှ တပြည်လုံး အပစ်ရပ်စဲရေးကို ကြေညာပေးမည်ဟု ဆိုပါသည်။

ရွှေဟင်္သာသတင်းဌာန

ကချင် စစ်ပြေး ပြည်သူများ၏ အရေးသည် ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရတို့ တွေ့ ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင် ပထမ ဦးစားပေး ဆောင်ရွက် သင့်သော ကိစ္စဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ၏ အရေးပေါ် အစည်းအဝေးက အဆိုပြု ခဲ့သည်ဟုပြောခွင့်ရသူ ပဒို ဒေးဗစ်တာကပေါ်က ဆိုပါသည်။
“KIO နဲ့ အစိုးရကို ပြောချင်တာက အပစ်ရပ်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုတာက ရေရှည်ဦးမယ်လေ။ ကချင်စစ်ပြေး ဒုက္ခသည်တွေ ကျတော့ သူတို့က ၂ နှစ်လောက် ဒုက္ခသည် စခန်းထဲမှာ ဆင်းဆင်း ရဲရဲနဲ့ကြပ်ကြပ် တည်းတည်း နေနေ ခဲ့ကြရတယ်။ အဲဒါကြောင့် ကျနော်တို့ UNFC အနေနဲ့ သူတို့ အရေးကိုဘဲ ဦးစားပေးချင်တယ်။” ဟု ဆိုပါသည်။

UNFC ၏ အရေးပေါ် အစည်းအဝေးကို အဖွဲ့ဝင်ပေါင်း (၂၀) ခန့် တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြီးခဲ့ သည့် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပ သွားခဲ့ပါသည်။ အစည်းအဝေးတွင် KIO နှင့် အစိုးရ ကိုယ်စားလှယ် တို့၏ မေလ ၂၉ ရက်နေ့ဆွေးနွေးပွဲကို ပြန်လည် သုံးသပ်ခဲ့ရာမှ ကချင် စစ်ပြေး ဒုက္ခသည်များ၏ အရေးကို ဦးစားပေး ဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု အဆိုပြု ရခြင်း ဖြစ်ကြောင်း ဒေဗစ်တာကပေါ်ကပြောသည်။

ကချင် စစ်ပြေးများနှင့် တခြား အကူအညီ လိုအပ်နေသော ပြည်သူများအတွက် အကူအညီပေးခွင့် ပြုရန် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့ရှိမြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးကလည်း နှစ်ဖက်စလုံးကို တောင်းဆို ထားပါသည်။

နိုင်ငံတော် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ ဒုဥက္ကဌ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းကလည်း "စစ်ပြေးပြည်သူ များအားတစ်လ အတွင်း နေရပ်ပြန်နိုင်အောင် စီစဉ်ပေးမည် ဖြစ်ကြောင်း” ဒုက္ခသည် စခန်းကို ရောက်ရှိစဉ် ဂတိပေးခဲ့ ပါသည်။

အလားတူ KIA ဒုတိယ ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကလည်း "စစ်ပြေး ဒုက္ခသည်များ၏ နေရပ်ပြန်နိုင်ရေး ကိစ္စကို လုံခြုံမှု ရှိသည့်နေရာမှ စတင်ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း” ကချင်ပြည်နယ် ဝိုင်းမော်မြို့ပေါ်ရှိ စစ်ပြေး ပြည်သူများအား သွားရောက်တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

စစ်ပြေး ဒုက္ခသည်များအား နိုင်ငံရေး ပေါ်လစီ အဖြစ် မသုံးသင့်ကြောင်း၊ မြို့ပေါ်ရှိ ဒုက္ခသည်များသည် နယ်စပ်ရောက် ဒုက္ခသည်များထက် အခြေအနေ သာရုံရှိသည်ဟု ထင်ရသော်လည်း နှစ်ဖက် စလုံးမှ ထောက်ပံ့မှု လုံလောက်ခြင်း မရှိဘဲအိုးအိမ်မဲ့ ခဲ့ရသူများချည်း ဖြစ်ကြောင်း ဒုက္ခသည် စခန်းကော်မီတီ များကလည်း ထောက်ပြကြပါသည်။

ဤသို့ကြောင့် UN အပါအ၀င် အခြားနိုင်ငံကြီးများ၏ အကူအညီဖြင့် အမြန်ပြန်လည် နေရာ ချထားရန် လိုအပ်ကြောင်း ဆိုပါသည်။ KIO သည် UNFC အဖွဲ့ဝင်ဖြစ်ပါသည်။ KIO နှင့် အစိုးရတို တွေ့ဆုံပြီးလျှင် UNFC နှင့်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် မူလက အစီအစဉ် ရှိပြီးသားဖြစ်ပါသည်။ ဤသို့ကြောင့် လာမည့် အစိုးရ ဆွေးနွေးပွဲ အတွက် လိုအပ်ချက်များ ပြင်ဆင်နိုင်ရန် အရေးပေါ် ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါသည်။

ယင်းဆွေးနွေးပွဲသည် ကချင် ဒုက္ခသည် ရေးရာ အပြင် လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့ နိုင်ငံရေး အခြေအနေများကို ပြန်လည် သုံးသပ်ခဲ့ပြီး၊ အစိုးရနှင့် တရားဝင် နိုင်ငံရေး ဆွေးနွေးသည့်အခါ ဆွေးနွေးရမည့် ဆွေးနွေးပွဲ မူဘောင် အတွက်လည်း ချမှတ်ခဲ့ကြပါသည်။

UNFC သည် ဇွန်လ အတွင်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်မူလက သတ်မှတ် ထားပြီးဖြစ်ပါသည်။ ၄င်းတို့သည် ပထမအဆင့် အဖြစ် ဆွေးနွေးပွဲ မူဘောင် သတ်မှတ်ရေးဖြင့် အလျှင် စတင်မည်ဖြစ်သည်ဟု ဆိုပါသည်။ UNFC သည်အပစ်အခတ် ရပ်စဲရေး ထက်နိုင်ငံရေး ပြသနာကိုအလျှင် ဖြေရှင်း ချင်ကြပြီး အစိုးရသည် အပစ်အခတ် ရပ်စဲရေးဖြင့် အချိန်ဆွဲ ထားလိုကြပါသည်။

ဤသို့ကြောင့် အစိုးရနှင့် အပစ်ရပ်စဲ ထားသည့် အဖွဲ့တိုင်းသည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် တစ်ခုထဲဖြင့်သာ ရှေ့မတိုး သာဘဲ သောင်တင်နေကြပါသည်။ အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အားလုံးနှင့် အပစ်အခတ် ရပ်စဲရေး ရပြီးမှ တပြည်လုံး အပစ်ရပ်စဲရေးကို ကြေညာပေးမည်ဟု ဆိုပါသည်။

ရွှေဟင်္သာသတင်းဌာန

No comments:

Post a Comment