Tuesday 4 June 2013

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင် ရွက်သင့်ကြောင်း ဒေသခံများ သဘောထားထုတ်ပြန်

Photo: ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင် ရွက်သင့်ကြောင်း ဒေသခံများ သဘောထားထုတ်ပြန်
Tuesday, June 4, 2013

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဒေသခံများက သဘောထား ထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိသည်။

ယင်းသို့ သဘောထုတ်ပြန်ရခြင်းမှာ ဒေသခံအများစုမှာ ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်ကြသေးဘဲ အခြေခံလူမှုဘ၀ လိုအပ်ချက်များမှာလည်း ပြည့်စုံမှု မရှိသေးကြောင်းနှင့် စီမံကိန်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိထားခြင်း မရှိခြင်းကြောင်းလည်း ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ကျောက်ဖြူမြို့နယ်) အနေဖြင့်လည်း ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများနှင့် ပတ်သက်၍ ရမ်းဗြဲကျွန်းနေ (သို့မဟုတ်) စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံတို့၏ သဘောထားထုတ်ပြန် ကြေညာချက်နှင့် မဒေးကျွန်းနေလူထု၏ တက်ကြွ၊ လှုပ်ရှား၊ ညှိနှိုင်း တောင်းဆိုမှုများအပေါ် အလေးအနက် ထောက်ခံကြောင်း၊ ကျောက်ဖြူ မြို့နယ် အတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည်တို့အား မြို့နယ်ပြည်သူများ၊ အင်န်ဂျီအိုအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ပူးတွဲ လက်တွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် ကျောက်ဖြူဒေသနှင့် ပတ်သက်သော စီမံကိန်း လုပ်ငန်းများကို ဆုံးဖြတ်ရာတွင် ဒေသခံတို့၏ သဘောထားကို ကြိုတင်ရယူပြီးမှ ဆုံးဖြတ်စေလိုကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

''ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးကို လက်ရှိအခြေအနေမှာ ကျောက်ဖြူရမ်းဗြဲ ဒေသခံတွေအနေနဲ့ ခံနိုင်စွမ်းရည် မရှိသေးပါ။ စီမံကိန်းကြီးကို လုံးဝလက်မခံတာ မဟုတ်ဘဲ ဒေသလိုအပ်ချက်တွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် အခြေခံ လုပ်ငန်းတွေကို လုပ်ပေးသင့်တယ်။ အဲသလို သဘောထား ထုတ်ပြန်တာ ဖြစ်ပါတယ်။ စီမံကိန်းဖြစ်လာရင် ဒေသခံတွေအတွက် ကောင်းကျိုးတွေ ဖြစ်လာနိုင်စရာ ရှိပေမယ့် ဆိုးကျိုးတွေကိုလည်း ကြုံလာရပါမယ်။ နောက် စီမံကိန်းကြီးက ၂၀၁၆ မှာ စမယ်လို့ ကြားသိရတယ်။ EI, SIA လို ဟာမျိုးတွေ လုပ်တာတို့၊ ဒေသခံတွေကို ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဂဃနဏ လာရှင်းပြတာမျိုး မရှိသေးဘူး'' ဟု ကျောက်ဖြူမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ဇင်ချောင်း) အတွင်းရေးမှူး ဦးသိန်းဇော်က ဇွန် ၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

ကျောက်ဖြူ-ရွှေလီ ကားလမ်းမကြီးအားလည်း မြန်မာ-တရုတ် စင်္ကြံလမ်းမကြီးအဖြစ် ဖောက်လုပ်နိုင်ရေး လမ်းအူကြောင်းများ ရှာဖွေထားပြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း လမ်းပိုင်းများအတွက် တရုတ် အစိုးရမှ ငွေကြေးကူညီပေးသွားရန် ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံအနေဖြင့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်ကာ ၁၂၀ စတုရန်းကီလိုမီတာ အကျယ်အ၀န်းရှိသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု သတင်းထွက်နေသည့် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ် ကျောက်နဂါးကျေးရွာအုပ်စု အနီးဝန်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)

ELEVEN
အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု သတင်းထွက်နေသည့် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ် ကျောက်နဂါးကျေးရွာအုပ်စု အနီးဝန်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဒေသခံများက သဘောထား ထုတ်ပြန်ခဲ့ သည် ဟု သတင်းရရှိသည်။

ယင်းသို့ သဘောထုတ်ပြန်ရခြင်းမှာ ဒေသခံအများစုမှာ ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်ကြသေးဘဲ အခြေခံ လူမှုဘ၀ လိုအပ်ချက်များမှာလည်း ပြည့်စုံမှု မရှိသေးကြောင်းနှင့် စီမံကိန်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိထားခြင်း မရှိခြင်းကြောင်းလည်း ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ကျောက်ဖြူမြို့နယ်) အနေဖြင့်လည်း ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများနှင့် ပတ်သက်၍ ရမ်းဗြဲကျွန်းနေ(သို့မဟုတ်) စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံတို့၏ သဘောထား ထုတ်ပြန် ကြေညာချက်နှင့် မဒေးကျွန်းနေလူထု၏ တက်ကြွ၊ လှုပ်ရှား၊ ညှိနှိုင်း တောင်းဆိုမှုများအပေါ် အလေးအနက် ထောက်ခံကြောင်း၊ ကျောက်ဖြူ မြို့နယ် အတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည်တို့အား မြို့နယ်ပြည်သူများ၊ အင်န်ဂျီအိုအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ပူးတွဲ လက်တွဲလုပ်ဆောင် သွားမည် ဖြစ်ကြောင်းနှင့် ကျောက်ဖြူဒေသနှင့် ပတ်သက်သော စီမံကိန်း လုပ်ငန်းများကို ဆုံးဖြတ်ရာ တွင် ဒေသခံတို့၏ သဘောထားကို ကြိုတင်ရယူပြီးမှ ဆုံးဖြတ်စေလိုကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

''ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးကို လက်ရှိအခြေအနေမှာ ကျောက်ဖြူရမ်းဗြဲ ဒေသခံတွေအနေနဲ့ ခံနိုင်စွမ်းရည် မရှိသေးပါ။ စီမံကိန်းကြီးကို လုံးဝလက်မခံတာ မဟုတ်ဘဲ ဒေသလိုအပ်ချက်တွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် အခြေခံ လုပ်ငန်းတွေကို လုပ်ပေးသင့်တယ်။ အဲသလို သဘောထား ထုတ်ပြန်တာ ဖြစ်ပါတယ်။ စီမံကိန်းဖြစ်လာရင် ဒေသခံတွေ အတွက် ကောင်း ကျိုးတွေ ဖြစ်လာနိုင်စရာ ရှိပေမယ့် ဆိုးကျိုးတွေကိုလည်း ကြုံလာရပါမယ်။ နောက် စီမံကိန်းကြီးက ၂၀၁၆ မှာ စမယ်လို့ ကြားသိရတယ်။ EI, SIA လို ဟာမျိုးတွေ လုပ်တာတို့၊ ဒေသခံတွေကို ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဂဃနဏ လာရှင်းပြတာမျိုး မရှိသေးဘူး'' ဟု ကျောက်ဖြူမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ဇင်ချောင်း) အတွင်းရေးမှူး ဦးသိန်းဇော်က ဇွန် ၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

ကျောက်ဖြူ-ရွှေလီ ကားလမ်းမကြီးအားလည်း မြန်မာ-တရုတ် စင်္ကြံလမ်းမကြီးအဖြစ် ဖောက်လုပ်နိုင်ရေး လမ်းအူကြောင်းများ ရှာဖွေထားပြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း လမ်းပိုင်းများအတွက် တရုတ် အစိုးရမှ ငွေကြေး ကူညီပေးသွားရန် ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံအနေဖြင့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်ကာ ၁၂၀ စတုရန်းကီလိုမီတာ အကျယ်အ၀န်းရှိသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ELEVEN

No comments:

Post a Comment