Tuesday 4 June 2013

KIA အဖွဲ့မှ ရှမ်းလူမျိုး တပ်ဖွဲ့ဝင်၂ဦး အစိုးရတပ်သို့ အလင်း ၀င်ရောက်

Photo: KIA အဖွဲ့မှ ရှမ်းလူမျိုး တပ်ဖွဲ့ဝင်၂ဦး အစိုးရတပ်သို့ အလင်းဝင်ရောက်
Tuesday, June 4, 2013

KIA အဖွဲ့ အော်ဒါဘွမ်စခန်းတွင် ရှိသော ရှမ်းလူမျိုးတပ်ဖွဲ့ဝင်(၂)ဦးမှ တာလောကြီးရွာအနီးရှိ အစိုးရ တပ်သို့ ယမန်နေ့ နေ့လည် ၂နာရီခန့်က အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

အလင်းဝင်ရောက် ခဲ့သော KIA တပ်ဖွဲ့ဝင်(၂)ဦးမှာ တာလောကြီးရွာမှ ရှမ်းလူမျိုးများဖြစ်ကြပြီး အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွား နေစဉ် ၂၀၁၂ခုနှစ် နှစ်ဦးတွင် KIA တပ်ဖွဲ့၏ လူသစ်စုဆောင်းမှုကိုခံခဲ့ရပြီး မိုင်ဂျာယန်တွင် တပ်သားသင်တန်း တက်ရောက်ပြီး KIA တပ်ဖွဲ့အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ KIA တပ်ဖွဲ့အတွင်းတွင် တာဝန်ထမ်းဆောင်
နေစဉ်အတွင်း လမ်းများတွင်မိုင်းခွဲ၊ မိုင်းထောင်ခြင်း၊ လူသစ်စုခြင်း၊ အခွန်ကောက်ခြင်းများကို လုပ် ဆောင်ခဲ့ကြောင်းသိရှိရပါသည်။

KIA တပ်ဖွဲ့ဝင်အတွင်း၌ ကချင်လူမျိုးတပ်ဖွဲ့များမှ အခွင့်အရေးအမျိုးမျိုးကို ရရှိ နေသော်လည်း ရှမ်းလူမျိုးအပါအ၀င်အခြား လူမျိုးများမှာ မည်သည့် အခွင့်အရေးများရရှိခြင်းမရှိသည့် အပြင် အသက်နှင့်ရင်းပြီး လုပ်ဆောင် ရသော လုပ်ငန်းများကို ရှေ့ဆုံးမှလုပ်ခိုင်းပြီး ခွဲခြားဆက်ဆံခံရကြောင်း သိရှိရ ပါသည်။

“ ကျွန်တော်တို့လဲ KIA အဖွဲ့ကပါဘဲ၊ ကချင်ပြည်နယ်မှာ မွေးကတည်းက
နေတာပါ၊ သူတို့လူစုလို့ တပ်ဖွဲ့ဝင်ဖြစ်ခဲ့ရတာ၊ တပ်ဖွဲ့ဝင်ဖြစ်ပေမယ့်၊ ကချင်တွေကျတွေ ထောက်ပံ့မှုတွေရရင်လည်း အဦးဆုံး အကောင်းဆုံး
ရတာ၊ ငါတို့က ဘာမှမရဘူး၊ သေမယ့်လမ်းကျတော့ ငါတို့ကိုသွားခိုင်းတယ်၊ ခိုင်းတဲ့ အလုပ်တွေ ကလည်းကွာ လူသတ်၊ မိုင်းထောင်၊ ငွေကောက်တာတွေ ကိုလုပ်ခိုင်းတယ်၊ ငါတို့ ရှမ်းလူမျိုးတွေက ဖိနှိပ်တဲ့အပြင် အပြစ်ဖြစ်ရင် တစ်ခါတည်းသေဒဏ်ပေးတယ်၊

ကချင်ပြည်နယ်ကို ကချင်ကဘဲအုပ်ချုပ်မယ်လို့ ပြောတယ် ကချင်မှာ ကချင်တွေကြီးဘဲနေတာမဟုတ်ဘူး ငါတို့ရှမ်းတွေကလည်း အများကြီးဘဲ ရှမ်းရွာတွေလုပ် ရှိတယ်၊ သူတို့လုပ်ခိုင်တဲ့လုပ်ရပ်တွေမကြိုက်လို့ ငါတို့ အလင်းဝင်းခဲ့တာ” ဟု တာလာကြီးရွာရှိ အစိုးရတပ်သို့ အလင်းဝင်ရောက်
ခဲ့သော ကိုမြထွေးက ပြောပြခဲ့သည်။

မေလ ၂၈ရက်နေ့မှစပြီး(၃)ရက်တာ အစိုးရနှင့် KIA တို့ငြိမ်းချမ်းရေး
ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မလုပ်ခင်ရက် ပိုင်းတွင် ကချင်ပြည်နယ်အတွင်းတွင် နေထိုင်သော ရှမ်းလူမျိုးစု
ခေါင်းဆောင်များက ၀န်ကြီးဦးအောင်မင်းထံသို့ အကြံပြုတောင်းဆို ခဲ့ကြောင်းသိရှိရပါသည်။

တောင်းဆိုစာ တွင် ဆွေးနွေးပွဲများ ပြုလုပ်သော်လည်း ဒေသခံများ
အနေဖြင့် ကောင်းကျိုးများမရှိခဲ့ကြကြောင်း၊ ဒေသခံများ၏ အကျိုးကို အလေးထားစေပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးလိုကြောင်း၊ ကချင် ပြည်နယ်
အတွင်းရှိ ကချင်လူမျိုး အတွက် မဟုတ်ဘဲ ကချင်ပြည်နယ်တွင်နေထိုင်
သော ဒေသခံအားလုံး၏အကျိုးကို ဆောင်ရွက်စေလိုကြောင်း၊တပ်သားသစ်
စုဆောင်းခံရသော ဒေသခံ တိုင်းရင်းသားအား၏ဆန္ဒအတိုင်း လုပ်ဆောင်
စေလိုကြောင်း၊ တို့ပါဝင် ကြောင်းသိရှိရပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်းနေထိုင်သော ဒေသခံ
တို့အတွက် ဆွေးနွေးမှုမရှိသလောက်ဖြစ်ခဲ့သည့်အတွက် ဆွေးနွေးပွဲအပြီး အပြန်တွင် ဗိုလ်ချုပ်ဂွမ်မော် တို့အဖွဲ့အား ၀ိုင်းမော် မြို့တွင် ရှမ်းလူမျိုးများက ဆန္ဒပြခဲ့ကြကြောင်း အခြားမြို့ရွာများတွင် ဆန္ဒပြမှု များပြုလုပ်သော်လည်း KIA အဖွဲ့များ အတင်းအကြပ်တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

KIA တပ်ဖွဲ့ အတွင်းတွင် လူမျိုး ခွဲခြား ဆက်ဆံမှုကြောင့် ကချင်လူမျိုးမဟုတ် သည့် အခြားတိုင်ရင်းသား ဒေသခံလူမျိုးတပ်ဖွဲ့ဝင် များမှ မကြာခဏ ထွက်ပြေးမှု အလင်းဝင်မှုများစွာရှိနေကြောင်း သိရှိရပါသည်။

Kachin Daily News
KIA အဖွဲ့ အော်ဒါဘွမ်စခန်းတွင် ရှိသော ရှမ်းလူမျိုးတပ်ဖွဲ့ဝင်(၂)ဦးမှ တာလောကြီးရွာအနီးရှိ အစိုးရ တပ်သို့ ယမန်နေ့ နေ့လည် ၂နာရီခန့်က အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
အလင်းဝင်ရောက် ခဲ့သော KIA တပ်ဖွဲ့ဝင်(၂)ဦးမှာ တာလောကြီးရွာမှ ရှမ်းလူမျိုးများဖြစ်ကြပြီး အစိုးရ တပ်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွား နေစဉ် ၂၀၁၂ခုနှစ် နှစ်ဦးတွင် KIA တပ်ဖွဲ့၏ လူသစ်စုဆောင်းမှုကို ခံခဲ့ရပြီး မိုင်ဂျာယန်တွင် တပ်သားသင်တန်း တက်ရောက်ပြီး KIA တပ်ဖွဲ့အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ KIA တပ်ဖွဲ့အတွင်းတွင် တာဝန်ထမ်းဆောင် နေစဉ်အတွင်း လမ်းများတွင် မိုင်းခွဲ၊ မိုင်းထောင်ခြင်း၊ လူသစ်စုခြင်း၊ အခွန်ကောက်ခြင်းများကို လုပ် ဆောင်ခဲ့ကြောင်းသိရှိရပါသည်။

KIA တပ်ဖွဲ့ဝင်အတွင်း၌ ကချင်လူမျိုးတပ်ဖွဲ့များမှ အခွင့်အရေးအမျိုးမျိုးကို ရရှိ နေသော်လည်း ရှမ်းလူမျိုးအပါအ၀င်အခြား လူမျိုးများမှာ မည်သည့် အခွင့်အရေးများရရှိခြင်းမရှိသည့် အပြင် အသက်နှင့် ရင်းပြီး လုပ်ဆောင် ရသော လုပ်ငန်းများကို ရှေ့ဆုံးမှလုပ်ခိုင်းပြီး ခွဲခြားဆက်ဆံခံရကြောင်း သိရှိရ ပါသည်။

“ ကျွန်တော်တို့လဲ KIA အဖွဲ့ကပါဘဲ၊ ကချင်ပြည်နယ်မှာ မွေးကတည်းက နေတာပါ၊ သူတို့လူစုလို့ တပ်ဖွဲ့ဝင်ဖြစ်ခဲ့ရတာ၊ တပ်ဖွဲ့ဝင်ဖြစ်ပေမယ့်၊ ကချင်တွေကျတွေ ထောက်ပံ့မှုတွေရရင်လည်း အဦးဆုံး အကောင်းဆုံးရတာ၊ ငါတို့က ဘာမှမရဘူး၊ သေမယ့်လမ်းကျတော့ ငါတို့ကိုသွားခိုင်းတယ်၊ ခိုင်းတဲ့ အလုပ်တွေ ကလည်းကွာ လူသတ်၊ မိုင်းထောင်၊ ငွေကောက်တာတွေ ကိုလုပ်ခိုင်းတယ်၊ ငါတို့ ရှမ်းလူမျိုးတွေက ဖိနှိပ်တဲ့အပြင် အပြစ်ဖြစ်ရင် တစ်ခါတည်းသေဒဏ်ပေးတယ်၊

ကချင်ပြည်နယ်ကို ကချင်ကဘဲအုပ်ချုပ်မယ်လို့ ပြောတယ် ကချင်မှာ ကချင်တွေကြီးဘဲနေတာမဟုတ်ဘူး ငါတို့ရှမ်းတွေကလည်း အများကြီးဘဲ ရှမ်းရွာတွေလုပ် ရှိတယ်၊ သူတို့လုပ်ခိုင်တဲ့လုပ်ရပ်တွေမကြိုက်လို့ ငါတို့ အလင်းဝင်းခဲ့တာ” ဟု တာလာကြီးရွာရှိ အစိုးရတပ်သို့ အလင်းဝင်ရောက်ခဲ့သော ကိုမြထွေးက ပြောပြခဲ့ သည်။

မေလ ၂၈ရက်နေ့မှစပြီး(၃)ရက်တာ အစိုးရနှင့် KIA တို့ငြိမ်းချမ်းရေး ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မလုပ်ခင်ရက် ပိုင်းတွင် ကချင်ပြည်နယ်အတွင်းတွင် နေထိုင်သော ရှမ်းလူမျိုးစု ခေါင်းဆောင်များက ၀န်ကြီးဦးအောင်မင်းထံသို့ အကြံပြုတောင်းဆို ခဲ့ကြောင်းသိရှိရပါသည်။

တောင်းဆိုစာ တွင် ဆွေးနွေးပွဲများ ပြုလုပ်သော်လည်း ဒေသခံများအနေဖြင့် ကောင်းကျိုးများ မရှိခဲ့ကြ ကြာင်း၊ ဒေသခံများ၏ အကျိုးကို အလေးထားစေပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးလိုကြောင်း၊ ကချင် ပြည်နယ်
အတွင်းရှိ ကချင်လူမျိုး အတွက် မဟုတ်ဘဲ ကချင်ပြည်နယ်တွင်နေထိုင်သော ဒေသခံအားလုံး၏အကျိုး ကို ဆောင် ရွက်စေ လိုကြောင်း၊တပ်သားသစ် စုဆောင်းခံရသော ဒေသခံ တိုင်းရင်းသားအား၏ဆန္ဒအတိုင်း လုပ်ဆောင် စေလိုကြောင်း၊ တို့ပါဝင် ကြောင်းသိရှိရပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်းနေထိုင်သော ဒေသခံ တို့အတွက် ဆွေးနွေးမှုမရှိ သလောက်ဖြစ်ခဲ့သည့်အတွက် ဆွေးနွေးပွဲအပြီး အပြန်တွင် ဗိုလ်ချုပ်ဂွမ်မော် တို့အဖွဲ့အား ၀ိုင်းမော် မြို့တွင် ရှမ်းလူမျိုးများက ဆန္ဒပြခဲ့ကြကြောင်း အခြားမြို့ရွာများတွင် ဆန္ဒပြမှု များပြုလုပ်သော်လည်း KIA အဖွဲ့များ အတင်းအကြပ်တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

KIA တပ်ဖွဲ့အတွင်းတွင် လူမျိုးခွဲခြား ဆက်ဆံမှုကြောင့် ကချင်လူမျိုးမဟုတ်သည့် အခြား တိုင်ရင်းသား ဒေသခံ လူမျိုး တပ်ဖွဲ့ဝင်များမှ မကြာခဏ ထွက်ပြေးမှု အလင်းဝင်မှုများစွာရှိနေကြောင်း သိရှိရပါသည်။

Kachin Daily News

No comments:

Post a Comment