Tuesday 4 June 2013

အလိုတူသော်လည်း အရွယ်မရောက်သူအား သားမယားအဖြစ်ပြုကျင့်၍ အရေးယူ

၂-၆-၂၀၁၃ ရက်နေ့ ၀၉း၀၀ အချိန် ဒဂုံ (တောင်) မြို့နယ်နေသူ ဦး-------- ၏ သမီးဖြစ်သူ မ ------- (၁၃) နှစ်သည် နေမကောင်း ဖြစ်နေ၍ အိမ်နီးနားချင်းများဖြင့် ဆေးခန်းသွားပြရာ သမီးဖြစ်သူတွင် ကိုယ်ဝန်(၄) လ ခန့် ရှိပြီဖြစ်ကြောင်း သိရှိရသဖြင့်မေးမြန်းရာ တောင်ဥက္ကလာပမြို့နယ်နေသူ ညီထွန်းလွင် (ခ) ငပွေး (၂၀)နှစ်၊ (ဘ) ဦးသန်းလွင်မှ လွန်ခဲ့သော (၆) လခန့်က တောင်ဥက္ကလာပမြို့နယ်၊ (၁၂) ရပ်ကွက် အတွင်းရှိ ထန်းသုံးပင် ကန်ဘောင်ပေါ်သို့ ခေါ်ဆောင်၍ သားမယားအဖြစ် တစ်ညလျှင် (၁) ကြိမ်၊ (၈) ရက်ခန့် အကြိမ်ကြိမ် ဆက်ဆံခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ညီထွန်းလွင် (ခ) ငပွေးအား အရေးယူပေး ရန် တိုင်တန်းခဲ့၍ သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားရှိကြောင်း သတင်း ရရှိပါသည်။

The Eye of Light

 

No comments:

Post a Comment