Tuesday 4 June 2013

မြစ်ကြီးနားမြို့၌ မလိဇွပ်အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံသစ်ကြီး ဖွင့်လှစ်

Photo: မြစ်ကြီးနားမြို့၌ မလိဇွပ်အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံသစ်ကြီး ဖွင့်လှစ်
Tuesday, June 4, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အညီ တိုးပွားလာသော ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း စောင့်ရှောက်ရန် လိုအပ် လာသဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး၌ မလိဇွပ် အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံသစ်ကြီးကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲသို့ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရာဝမ်ဂျန်းက ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငမ်ဆိုင်းက ဆေးရုံ ဆိုင်းဘုတ် ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဆေးရုံအတွင်းသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု ခဲ့ကြသည်။

ယခင်က မြစ်ကြီးနားမြို့တွင် နိုင်ငံတော် အစိုးရပိုင် မြစ်ကြီးနားမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးနှင့်  မူးယစ်ဆေးစွဲ ရောဂါကု ဆေးရုံကြီး များ၊ အခြားပုဂ္ဂလိက ဆေးရုံကြီးများ ဖြစ်သော မြတ်မွန် ဆေးရုံနှင့် အေး သုခ ဆေးရုံ များသာ ရှိပြီး ယခုကဲ့သို့ မလိဇွပ် ဆေးရုံကြီးပါ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သဖြင့် နယ်မြေခံ ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမို ဆောင်ရွက် ပေးနိုင်တော့မည် ဖြစ်သည်။

ယင်း ဆေးရုံသစ်ကြီးတွင် မျက်စိ အထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု၊ အရေပြား အထူးကု၊ အရိုးအကြော အထူးကု၊ သားဖွားမီးယပ် အထူးကု၊ ကလေး အထူးကုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်များဖြင့် ၂၄ နာရီပတ်လုံး ခေတ်မီ ရောဂါ စမ်းသပ် ရှာဖွေရေး စက်ကိရိယာများဖြင့် စစ်ဆေး ကုသ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ တိုးပွားလာသော ပြည်သူ များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း စောင့်ရှောက်ရန် လိုအပ်လာသဖြင့် ကချင်ပြည် နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးချဲ့ လုပ်ဆောင်ခဲ့ရာ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး၌ မလိဇွပ် အဆင့်မြင့် ပုဂ္ဂလိ က ဆေးရုံ သစ်ကြီးကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲသို့ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရာဝမ်ဂျန်းက ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငမ်ဆိုင်းက ဆေးရုံဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ၍ ဖွင့်လှစ်ပေးခဲ့ပြီး ဆေးရုံအတွင်းသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု ခဲ့ကြသည်။

ယခင်က မြစ်ကြီးနားမြို့တွင် နိုင်ငံတော် အစိုးရပိုင် မြစ်ကြီးနားမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးနှင့်  မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီးများ၊ အခြားပုဂ္ဂလိကဆေးရုံကြီးများဖြစ်သော မြတ်မွန်ဆေးရုံနှင့် အေး သုခ ဆေးရုံများသာရှိပြီး ယခုကဲ့သို့ မလိဇွပ် ဆေးရုံကြီးပါ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သဖြင့် နယ်မြေခံ ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမို ဆောင်ရွက် ပေးနိုင်တော့ မည် ဖြစ်သည်။

ယင်း ဆေးရုံသစ်ကြီးတွင် မျက်စိ အထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု၊ အရေပြား အထူးကု၊ အရိုးအကြော အထူးကု၊ သားဖွားမီးယပ် အထူးကု၊ ကလေး အထူးကုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်များဖြင့် ၂၄ နာရီပတ်လုံး ခေတ်မီ ရောဂါ စမ်းသပ် ရှာဖွေရေး စက်ကိရိယာများဖြင့် စစ်ဆေး ကုသ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment