Tuesday 18 June 2013

G-8 အစည်း အဝေး စတင်၊ ဆီးရီးယား ကိစ္စ ဆွေးနွေး ဖို့ရှိ

Photo: G-8 အစည်းအဝေး စတင်၊ ဆီးရီးယားကိစ္စ ဆွေးနွေးဖို့ရှိ 
Tuesday, June 18, 2013

စက်မှုထိပ်သီးနိုင်ငံများအသင်း G-8 အစည်းအဝေးကို တက်ရောက်ဖို့ ကမ္ဘာ့ထိပ်သီးနိုင်ငံက ခေါင်းဆောင်တွေ Nothern Ireland ကို ရောက်ရှိနေကြပြီး အစည်းအဝေးအတွင်း ဆီးရီးယားနိုင်ငံအကြောင်း အဓိကထား ဆွေးနွေးနိုင်တယ်လို့ မျော်လင့်နေကြပါတယ်။

G-8 အစည်းအဝေးအတွင်း ငြိမ်းချမ်းရေးရအောင် ဘယ် လို ဆောင်ရွက် သင့်သလဲဆိုတာကို ခေါင်းဆောင်တွေ စိတ် တူ ကိုယ် တူ ဆွေးနွေးကြဖို့ မျော်လင့်ကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောပါတယ်။

နှစ်ရက်ကြား ကျင်းပမယ့် G-8 အစည်းအဝေးအတွင်း ကမ္ဘာ့စီးပွားရေး ကိစ္စအကြောင်း ဆွေးနွေးကြလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

အစည်းအဝေးမစတင်ခင် ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂအကြား အခွန်ကင်းလွှတ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ ဆွေးနွေးမှု စတင်တော့မယ်လို့ ကြေညာခဲ့ကြပါတယ်။

၃၉ ကြိမ်မြောက် G-8 အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ အမေရိကန်၊ ရုရှား၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဆန္ဒပြသူတွေကလည်း အစည်းအဝေးရှိရာ နေရာကို သွားရောက်ပြီး ကမ္ဘာ့ဆာလောင်ငတ်မွတ်မှု ပြဿနာဖြေရှင်းဖို့၊ လိင်တူချစ်တူအခွင့်အရေး လေးစားမြှင့်တင်ပေးဖို့နဲ့ ရေနံထုတ်လုပ်ရာမှာ ရေဖိအားသုံးပြီး ကျောက်ခွဲတဲ့နည်းကို ပိတ်ပင်ဖို့ ဆန္ဒပြတောင်းဆိုနေကြကြောင်းလည်း သိရပါတယ်။

radioaustralia
၂၀၀၉ ခုနှစ်က ကျင်းပတဲ့ G 8 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ထိပ်သီးခေါင်းဆောင်တချို့ (Credit: AFP)
၂၀၀၉ ခုနှစ်က ကျင်းပတဲ့ G 8 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ထိပ်သီးခေါင်းဆောင်တချို့ (Credit: AFP)
စက်မှုထိပ်သီးနိုင်ငံများအသင်း G-8 အစည်းအဝေးကို တက်ရောက်ဖို့ ကမ္ဘာ့ထိပ်သီးနိုင်ငံက ခေါင်းဆောင်ေ တွ Nothern Ireland ကို ရောက်ရှိနေကြပြီး အစည်းအဝေးအတွင်း ဆီးရီးယားနိုင်ငံအကြောင်း အဓိက ထား ဆွေးနွေးနိုင်တယ်လို့ မျော်လင့်နေကြပါတယ်။

G-8 အစည်းအဝေးအတွင်း ငြိမ်းချမ်းရေးရအောင် ဘယ်လို ဆောင်ရွက်သင့်သလဲဆိုတာ ကို ခေါင်းေ ဆာင်တွေ စိတ် တူ ကိုယ် တူ ဆွေးနွေးကြဖို့ မျော်လင့်ကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် က ပြောပါတယ်။

နှစ်ရက်ကြား ကျင်းပမယ့် G-8 အစည်းအဝေးအတွင်း ကမ္ဘာ့စီးပွားရေး ကိစ္စအကြောင်း ဆွေးနွေးကြလိမ့် မယ် လို့လည်း ခန့်မှန်းနေကြပါတယ်။

အစည်းအဝေးမစတင်ခင် ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂအကြား အခွန်ကင်းလွှတ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ ဆွေးနွေးမှု စတင်တော့မယ်လို့ ကြေညာခဲ့ကြပါတယ်။

၃၉ ကြိမ်မြောက် G-8 အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ အမေရိကန်၊ ရုရှား၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်ကြ မှာ ဖြစ်ပါ တယ်။

တချိန်တည်းမှာပဲ ဆန္ဒပြသူတွေကလည်း အစည်းအဝေးရှိရာ နေရာကို သွားရောက်ပြီး ကမ္ဘာ့ ဆာလောင်ငတ်မွတ်မှု ပြဿနာဖြေရှင်းဖို့၊ လိင်တူချစ်တူအခွင့်အရေး လေးစားမြှင့်တင်ပေး ဖို့နဲ့ ရေနံ ထုတ်လုပ် ရာမှာ ရေဖိအားသုံးပြီး ကျောက်ခွဲတဲ့နည်းကို ပိတ်ပင်ဖို့ ဆန္ဒပြတောင်းဆိုနေကြကြောင်းလည်း သိရပါတယ်။
radioaustralia

No comments:

Post a Comment