Tuesday 18 June 2013

မြန် မာနိုင်ငံ တွင် လယ်ယာ လုပ်ငန်း အာ မခံပေါ်ပေါက် လာစေရန် ဂျပန်နိုင်ငံ မှ နည်း ပညာ အကူ အညီပေး မည်

6.17.1
မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းမှ ရှင်းလင်းပြောကြားနေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ် 
မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်း အာမခံစနစ် ပေါ်ပေါက်လာစေရန် ဂျပန်နိုင်ငံ၏အာမခံကုမ္ပဏီဖြစ်သည့် Tokio Marine & Nichido Fire Insurance နှင့် ဂျပန်နိုင်ငံတို့မှ နည်းပညာအားဖြင့် အကူအညီ ပေးသွား မည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်တွင် ပြုလုပ်သည့် လယ်ယာလုပ်ငန်း အာမခံဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။

မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်းဆိုင်ရာ အာမခံ ပေါ်ပေါက်လာစေရန်အတွက် အခြေခံကျသည့် အချက် များ မှာ သုတေသန ပြုလုပ်ရန်နှင့် စာရင်းအချက်အလက် ကောက်ယူရန်အတွက် အခြေခံ အဆောက် အအုံများလိုအပ်ပြီး တောင်သူလယ်သမားများ အနေဖြင့်လည်း လွယ်ကူစွာ ပါဝင်လာနိုင်မည့် ထိရောက် သည့်စနစ် လိုအပ်ကြောင်း၊ capacity မြှင့်တင်ရန် လိုအပ်ကြောင်း၊ အစိုးရ၏ ထောက်ပံ့မှုကိုလည်း လိုအပ်ကြောင်းကိုလည်း Tokio Marine & Nichido Fire Insurance မှ Mr. Kit Yamamoto က ပြော သည်။

''မြန်မာနိုင်ငံအနေနဲ့ လယ်ယာလုပ်ငန်း အာမခံက မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအာမခံ စနစ် ပေါ်လာ ဖို့အတွက်က အချိန်လိုတယ်။ ပုဂ္ဂလိကအာမခံကုမ္ပဏီတွေ အနေနဲ့ကလည်း ပေါ်ပေါက်လာတာ မကြာသေးတဲ့အတွက် အခြေကျဖို့ လိုအပ်တယ်။ သူတို့အခြေကျပြီ ဆိုရင်တော့ ပူးပေါင်းဆောင်ရွက် သွားမှာပါ။ နိုင်ငံခြားမှာ လုပ်နေတဲ့ လယ်ယာလုပ်ငန်း အာမခံကို မြန်မာနိုင်ငံက အခြေအနေတွေ၊ ရာသီ ဥတုအခြေအနေတွေနဲ့ ကိုက်ညီအောင်လုပ်ပြီးမှ လုပ်လို့ရမှာပါ''ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေး မှူး ဦးအေးမင်းသိန်းက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ မစ္စတာ ဖူဂျီကာဝါကလည်း မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်း အာမခံ ပေါ်ပေါက် လာစေရန် ဂျပန်နိုင်ငံ အနေနှင့် မည်သို့အကူအညီ ပေးမည်ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ''မြန်မာနိုင်ငံမှာ အာမခံအမျိုးမျိုး ရှိတဲ့အနက်က မြန်မာအစိုးရက ဘယ်လိုအာမခံမျိုး လုပ်ချင် တာလဲ ဆိုတာကို ဂျပန်အစိုးရအနေနဲ့ ဘယ်လိုမျိုး ကူညီသွားမလဲဆိုတာ မူတည်ပါတယ်။ လယ်ယာ လုပ်ငန်း အာမခံဆိုတာ အချိန်ယူပြီး ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် မြန်မာအစိုးရ၊ ဂျပန်အစိုးရ၊ Tokio Marine & Nichido Fire Insurance ရယ် မြန်မာ့အာမခံလုပ်ငန်းက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားပါမယ်'' ဟု ယင်းက ဖြေကြားခဲ့သည်။
EMG

No comments:

Post a Comment