Tuesday 18 June 2013

သိမ်ဖြူယာဉ်မောင်းသင် ကွင်းကို စည်ပင်မှ ရွှေတောင်ကုမ္ပဏီသို့ ဈေးဝယ်စင်တာ အပါအ၀င် အဆောက် အအုံ များ ဆောက်လုပ်ရန် လွှဲပြောင်းခြင်း ရပ်ဆိုင်းရန် တောင်းဆို

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူကွင်းအတွင်းရှိ အငှားယာဉ်မောင်းသင်တန်းကွင်းအား ဈေး ၀ယ်စင်တာ၊ ရုံးခန်းနှင့် အဆောက်အအုံများ ဆောက်လုပ်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော် မတီမှ ရွှေတောင်ကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့မှုအပေါ် ယခင် အားကစားကွင်းအတိုင်း ပြန်လည်ပေးအပ်ရန် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူများက ဇွန် ၁၇ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ကျင်းပ ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြား သည်။

''သိမ်ဖြူကွင်းထဲမှာ အရင်တုန်းက ဘောလုံးကွင်း သုံးကွင်း၊ ဟော်ကီကွင်း တစ်ကွင်း၊ တင်းနစ်ကွင်း တစ်ကွင်း ရှိပါတယ်။ ၈၈ အရေးအခင်းနောက်မှာ ဘောလုံးကွင်း ပျောက်သွားပြီး တခြားအဆောက် အအုံတွေနဲ့ ဆိုင်ခန်းတွေ ပေါ်လာပါတယ်။ ပြီးတော့ ယာဉ်မောင်းသင်ကွင်း တစ်ကွင်း လုပ်လိုက်တယ်။ ကျွန်တော်တို့ အနေနဲ့ ဒီသိမ်ဖြူကွင်းမှာ မင်္ဂလာတောင်ညွန့်က လူငယ်တွေသာမက အနီးဝန်းကျင် မြို့နယ်တွေက လူငယ်တွေပါ လေ့ကျင့်နိုင်တဲ့ မူးယစ်ဆေး အရက်ဘက်ကို စိတ်မလည်နိုင်တဲ့ အားကစားကွင်း ပြန်လည် ထွက်ပေါ် စေချင်ပါတယ်။ ဒီကွင်းကနေပြီးတော့ နိုင်ငံ့လက်ရွေးစင် ဘောလုံး သမားတွေ အများကြီး ထွက်ခဲ့ပါတယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ဆိုပါသည်။


ရွှေတောင် ကုမ္ပဏီအနေဖြင့် လက်ရှိ တည်ဆောက်မည့် ဈေးဝယ်စင်တာများ၊ အဆောက်အအုံများမှာ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် အများအပြား ရှိနေပြီး ဖြစ်သဖြင့် ယခုယာဉ်မောင်းသင် ကွင်းအား ရပ်ရွာ အကျိုး နိုင်ငံ့အကျိုး ရှေးရှု၍ ပြန်လည် ပေးအပ်စေလိုကြောင်း...


ရွှေတောင် ကုမ္ပဏီအနေဖြင့် လက်ရှိတည်ဆောက်မည့် ဈေးဝယ်စင်တာများ၊ အဆောက်အအုံများမှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အများအပြားရှိနေပြီးဖြစ်သဖြင့် ယခုယာဉ်မောင်းသင်ကွင်းအား ရပ်ရွာ အကျိုး နိုင်ငံ့အကျိုး ရှေးရှု၍ ပြန်လည် ပေးအပ်စေလိုကြောင်း ဦးအေးမင်းက ဆက်လက် ပြောကြားသည်။

''ရပ်ရွာလူထုမသိဘဲနဲ့ အားကစားကွင်းကို ယာဉ်မောင်းသင်ကွင်းလုပ်တယ်။ ဒီကွင်းကနေ အခု ရွှေတောင် ကို လွှဲပြောင်းလိုက်ပြီ။ ဒီကွင်းကနေ ငှားစားနေတဲ့ ၀င်ငွေတွေ ရခိုင်သင်္ကြန် လုပ်လို့ရတဲ့ ငွေတွေ ဒီကွင်းကို လွှဲပြောင်းလို့ရတဲ့ ငွေတွေ ဘာလုပ်ပစ်လဲ။ စည်ပင်အနေနဲ့ ရှင်းလင်းစေချင်ပါတယ်'' ဟု ဦးအေးမင်းက ဆက်လက် ပြောဆိုသည်။

''အားကစား လုပ်ရမယ့်နေရာ မရှိတော့ လူငယ်တွေ အရက်သောက်၊ ဘိန်းရှူ ဖြစ်တယ်။ လမ်းထဲလည်း ကန်ခွင့်မရတော့ လူငယ်တွေလမ်းမှားမရောက်ဖို့ အားကစားနဲ့ ဆွဲခေါ်ဖို့လိုတယ်။ ဟိုတုန်းက အားကစား ကွင်း ကနေ အခုလောင်းကစားကွင်း ဖြစ်နေတာမျိုးကို ပြုပြင်ဖို့လိုမယ်'' ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ၂၀ ရပ်ကွက်နေ ဒေါက်တာ နေအောင်ခင်က ဆိုသည်။

အဆိုပါ ဘောလုံးကွင်းအား ပြန်လည် လွှဲပြောင်းပေးရန် တောင်းဆိုမည်ဖြစ်ပြီး လက်ရှိကာလတွင် သမ္မတ အပါအ၀င် အာဏာပိုင်များသို့ အသိပေး မေတ္တာရပ်ခံစာ ပေးပို့ထားကာ ထိုသို့အသိပေးမှုများဖြင့် အားကစားကွင်း ပြန်လည်မရရှိပါက ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ရန် စီစဉ်မည် ဖြစ်ကြောင်း သိရသည်။
EMG

No comments:

Post a Comment