Tuesday 18 June 2013

နော်ဝေနိုင်ငံ တွင် စစ်မှု မထမ်း မနေရ ဥပဒေ အရ အမျိုး သမီးများ စစ်မှု ထမ်းဆောင်တော့ မည်

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn1/p480x480/1017048_431923433572160_1010738220_n.jpg
နော်ဝေနိုင်ငံတွင် စစ်မှုမထမ်းမနေရဥပဒေအရ အမျိုးသမီးများကို စစ်မှုထမ်းဆောင်စေရေးအတွက် ပါလီမန် တွင် မဲခွဲဆုံးဖြတ်ပြီး အတည် ပြုနိုင်ခဲ့ကြောင်း ဇွန် ၁၆ ရက်Reuters သတင်း တစ်ရပ်အရ သိရသည်။

ထို့ကြောင့် နော်ဝေနိုင်ငံသည် အမျိုးသား၊ အမျိုးသမီးမရွေး စစ်မှုမထမ်း မနေရ ဥပဒေအရ အမျိုးသမီးများ အား စစ်မှုထမ်းဆောင် စေသည့် ပထမဆုံး NATO အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အဖြစ် ပေါ်ထွက်လာ မည် ဖြစ်သည်။ စစ်မှု ထမ်းဆောင်ရာတွင် အမျိုးသား၊ အမျိုးသမီးမရွေး အခွင့်အရေးနှင့် တာဝန်များ တန်းတူရရှိ မည် ဖြစ်ကြောင်း   အလုပ်သမားရေး ဆိုင်ရာ ဥပဒေပြုအမတ် လိုင်လာဂက်စ် စတက်ဗ်ဆင် က ပြောကြားခဲ့ သည်။ နော်ဝေနိုင်ငံသည် စစ်အေးတိုက်ပွဲ ပြီးဆုံးချိန် ကတည်းကစ၍ စစ်ဘက်အင်အား ကို လျှော့ချမှုများ ပြုလုပ်ခဲ့သော်လည်း ခေတ်မီ တပ်မတော်အဖြစ် ရပ်တည်နိုင်ရေး အတွက် နည်းပညာပိုင်း ဆိုင်ရာနှင့် ပတ်သက်၍ အသုံးစရိတ်များ တိုးမြှင့်သုံးစွဲခဲ့သည်။ လက်ရှိ အချိန်တွင် နော်ဝေ စစ်ဘက်၌ အမျိုးသမီး စစ်မှုထမ်းများ ရှိသော်လည်း ၎င်းတို့မှာ မိမိ သဘော ဆန္ဒအလျောက်  စစ်မှုထမ်းဆောင် သူများ ဖြစ်ကြောင်း သိရသည်။   

Myawady 

No comments:

Post a Comment