Tuesday 18 June 2013

ဆောက် လုပ်ရေး လုပ်ငန်း များအား ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ် ခွင့် ပေးထားခြင်း ကို ပြန်ပြင် သင့် ဆောက် လုပ်ရေး ကုမ္ပဏီ အများစု အခွန် ၁၀ ပုံ တစ်ပုံမှ အပုံ ၁၀၀ ပုံ တစ်ပုံကြား သာ အခွန်ဆောင်

Photo: ဆောက်လုပ်ရေး လုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးထားခြင်းကို ပြန်ပြင် သင့် ဆောက်လုပ်ရေး ကုမ္ပဏီ အများစု အခွန် ၁၀ ပုံ တစ်ပုံမှ အပုံ ၁၀၀ ပုံ တစ်ပုံကြားသာ အခွန်ဆောင်
Tuesday, June 18, 2013

အစိုးရသစ်လက်ထက် ရောက်ရှိသည့်တိုင် ဆောက်လုပ်ရေး ကုမ္ပဏီကြီး များမှာ ယနေ့အထိ နည်းမျိုးစုံဖြင့် နှစ်စဉ်အခွန်ငွေ ကျပ်သန်းပေါင်း များစွာ ကို ရှောင်တိမ်းလျက်ရှိပြီး ဆောက်လုပ်ရေး ကုမ္ပဏီအများစု မှာ ပေးဆောင် သင့်သည့် အခွန်ထက် ၁၀ ပုံ တစ်ပုံမှ အပုံ ၁၀၀ ပုံကြားသာ အခွန်ပေးဆောင်နေကြောင်း သိရသည်။

ယင်းအပြင် စားသောက်ကုန်၊ လူသုံးကုန်မှအစ သတင်းစာအဆုံး လုပ်ငန်းအားလုံးအား ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသော် လည်း ဆောက်လုပ်ရေး လုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားခြင်းမှာလည်း သင့်လျော်ခြင်း မရှိပဲ ပြန် လည်ပြင်ဆင်သင့်ကြောင်း အခွန်ထမ်းဆောင်နေသည့် ကုမ္ပဏီများမှ ထောက်ပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၈၃၀ နှင့်အထက် ရှိနေသော်လည်း အမှန်တစ်ကယ် အခွန်ပေးဆောင်နေသည့် ကုမ္ပဏီမှာ မပြောပလောက်သည့် အရေအတွက်သာ ရှိကြောင်း သိရသည်။

အစိုးရသစ် ပထမဆုံး လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က လည်း မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်း ထုတ်ပြန်ရာတွင် အဆိုပါ စာရင်း၌ ဆောက်လုပ်ရေး ကုမ္ပဏီ ၂၀ သာ ပါဝင်လာ ခဲ့ပြီး မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးနှုန်းအမြင့်ဆုံး ရန်ကုန်မြို့တစ်ခွင် အဆောက်အအုံ အမြောက်အများ တည်ဆောက်သည့် ကုမ္ပဏီများ ပါဝင်မလာခဲ့ကြောင်း သိရသည်။

ရန်ကုန်က နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီကြီး တချို့က တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူတွေ၊ စည်ပင်တာဝန်ရှိ သူတွေနဲ့ ရင်းနှီး နီးစပ်တယ်လို့ သိရတယ်။ တချို့ကုမ္ပဏီကြီး တွေဆိုရင် ထိပ်ပိုင်းတာဝန် ရှိသူတွေကို ဘယ်လောက်ထိ ပေးနေလဲတော့ မသိဘူး။ အောက်ခြေ ၀န်ထမ်းတွေကို i Phone, i Pad တွေ ပေးတယ်လို့တောင် သိရ...

အစိုးရသစ်လက်ထက် ဒုတိယနှစ်ဖြစ်သော ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းတွင်လည်း ယခင်ကကဲ့သို့ပင် နှစ်စဉ် ၀င်ငွေနှင့် သင့်တင့်စွာ အခွန်ပေးဆောင်နေသည့် ကုမ္ပဏီ အချို့သာ ထပ်မံပါဝင် လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ ထုတ်ပြန်ထားချက်များအရ ရန်ကုန်မြို့ရှိ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီများဖြစ်သည့် Naing Group, Father Land, Mother Land, နှင့် Shine တို့ကဲ့သို့ ကုမ္ပဏီကြီးများ အပါအ၀င် ဆောက်လုပ်ရေး ကုမ္ပဏီအချို့မှာ ထိပ်ဆုံး အခွန်ထမ်း စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း သိရသည်။

ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦး ဆိုသည် မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ၀င်ငွေခွန် ဆိုလျှင် ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ပေးဆောင်ရုံဖြင့် အဆိုပါ စာရင်းတွင် ပါဝင်ခွင့်ရသည့် အနေအထား၌ပင် ပါဝင်မလာခြင်းမှာ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ပင်မဆောင်ပဲ သင့်တင့်သည့် အခွန်ပင် ပေးဆောင်ခြင်း မရှိသည်မှာ ထင်ရှားခဲ့သည်။

နည်းမျိုးစုံဖြင့် အခွန်တိမ်းရှောင် နေသော်လည်း တီဗီနှင့် နိုင်ငံပိုင် သတင်းစာများတွင်မူ ကြော်ငြာအများဆုံး ထည့်သွင်းနိုင်သည့် ကုမ္ပဏီ အမျိုးအစားများထဲ၌ ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်နေသည်။

ဆောက်လုပ်ရေး ကုမ္ပဏီများ အနေဖြင့် အခွန်ရှောင်တိမ်းရာတွင် အဓိကအားဖြင့် တိုက်ခန်း၊ ကွန်ဒို၊ မြေကွက်များအား ရာဖြတ်ရာတွင် အမှန်တစ်ကယ် အရောင်းအ၀ယ်ဖြစ်သည့် တန်ဖိုးထက် အဆပေါင်းများစွာ လျော့ချ၍ ရာဖြတ်ခြင်း၊ လုပ်ငန်း အရှုံးပြ၍ ၀င်ငွေခွန် မဆောင်ခြင်းတို့ ပြုလုပ်နေခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီများအား သီးခြားအဖွဲ့ဖွဲ့ကာ တိကျစွာ စစ်ဆေးအခွန်ကောက်ရန် လိုအပ်နေပြီ ဖြစ် သည်။

ကွန်ဒိုတစ်ခန်းလျှင် လက်ရှိရန်ကုန်၌ ကျပ်သိန်း ၁၅၀၀ ၀န်းကျင်မှ ကျပ်သိန်း ၅၀၀၀ အထိ ဈေးသတ်မှတ် ရောင်းချလျက်ရှိပြီး ဆောက်လုပ်ရေး ကုမ္ပဏီများသည် အနည်းဆုံး ၁၀ ရာခိုင်နှုန်း အမြတ်မှ အများဆုံး ၅၀ ရာခိုင်နှုန်းအထိ အမြတ်ရရှိကြောင်း သိရသည်။

ထိုသို့ အမြတ်အစွန်း ရရှိသည့် လုပ်ငန်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် မကောက်ပဲ ကင်းလွတ်ခွင့် ပြုထားခြင်းမှာ နိုင်ငံများစွာ နစ်နာသည့် အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသင့်သည် ဟု ထောက်ပြကြခြင်း ဖြစ်သည်။

ထိပ်ဆုံးအခွန်ထမ်း ၁၀ ဦးစာရင်းတွင် ပါဝင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီလုပ်ငန်းရှင် တစ်ဦးက''ကျွန်တော့်အနေနဲ့ ကျပ်သန်း ၁၀၀၀၊ ၂၀၀၀ ကျော်လောက်ပဲ အခွန်ဆောင်တာတောင် ထိပ်ဆုံး အခွန်ထမ်း ၁၀ ဦးထဲပါတယ်။ အနည်းဆုံး ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ဆောင်ရင်တောင်မှ ထိပ်ဆုံး အခွန်ထမ်း ၁၀၀ ဦး စာရင်းဝင်ပါတယ်။ ဒါက ၂၀၁၁-၂၀၁၂ အခွန်ထမ်း ၁၀၀ စာရင်းအရ ပြောတာ။ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ဆိုတာ နေရာကောင်းက ကွန်ဒိုအခန်း တစ်ခန်းစာပဲ ရှိပါတယ်။ ဒီတော့ သူတို့တွေ ပေးဆောင်သင့်တဲ့ အခွန်ရဲ့ ၁၀ ပုံ တစ်ပုံကနေ အပုံ ၁၀၀ ပုံ တစ်ပုံပဲ ဆောင်နေတာ ထင်ရှားနေတာပဲ။ ဒါက ပြည်တွင်းအခွန် အနေနဲ့ လုပ်ရမယ့် ကိစ္စပါ'' ဟု သုံးသပ် ပြောကြားခဲ့သည်။

''ရန်ကုန်က နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီကြီး တချို့က တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူတွေ၊ စည်ပင်တာဝန်ရှိ သူတွေနဲ့ ရင်းနှီး နီးစပ်တယ်လို့ သိရတယ်။ တချို့ကုမ္ပဏီကြီး တွေဆိုရင် ထိပ်ပိုင်းတာဝန် ရှိသူတွေကို ဘယ်လောက်ထိ ပေးနေလဲတော့ မသိဘူး။ အောက်ခြေ ၀န်ထမ်းတွေကို i Phone, i Pad တွေ ပေးတယ်လို့တောင် သိရပါတယ်'' ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

ဆောက်လုပ်ရေး ကုမ္ပဏီ ၈၃၀ နှင့် အထက်တွင် ကုမ္ပဏီ ၂၀ သာ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ နှင့်အထက် ပေးဆောင်သည်ဆို လျှင် နိုင်ငံအတွက် နှစ်စဉ် အခွန်ငွေ မည်မျှနစ်နာသည်ကို တွက်ချက်နိုင်မည် ဖြစ်သည်။

ထိုသို့ နိုင်ငံနစ်နာ စေသည်အထိ အခွန်တိမ်းရှောင်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီများအပေါ် အခွန်တိကျစွာ စိစစ်ကောက်ခံရန်နှင့် ကုန်သွယ် လုပ်ငန်းခွန်ကိုပါ ထည့်သွင်းကောက်ခံရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စီစဉ်ရမည့်အစား ပို့ကုန် သွင်းကုန် ကုမ္ပဏီများအပေါ် ကြိုတင်ခွန် ကောက်ခံနေသည်မှာလည်း မေးခွန်းထုတ်စရာအဖြစ် ရှိနေသည်ဟု ဆိုကြသည်။

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ''ပို့ကုန်သွင်းကုန် လုပ်ငန်းတွေကို အခွန် နှစ်ရာခိုင်နှုန်း ကြိုကောက်တယ်။ ဒီလောက် ၁၀ ပုံ ၁ ပုံပဲပေးပြီး အခွန်ရှောင်နေတဲ့ ကုမ္ပဏီကြီးကျတော့ ကုန်သွယ်ခွန်ပါ လွှတ်ပေး ထားတာ ပြင်သင့်လား မသင့်လား။ ကုန်သွယ်ခွန်ပါ ကောက်သင့်လား မသင့်လား ပြည်တွင်းအခွန် သိပါတယ်'' ဟု ပြောပြခဲ့သည်။

ရန်ကုန်မြို့ရှိ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Naing Group ဆောက်လုပ်ရေး ကုမ္ပဏီမှ တည်ဆောက်လျက်ရှိသော စမ်းချောင်းမြို့နယ် အတွင်းမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ- ၀င်းမြင့်ကျော်)
EMG
ရန်ကုန်မြို့ရှိ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Naing Group ဆောက်လုပ်ရေး ကုမ္ပဏီမှ တည်ဆောက်လျက်ရှိသော စမ်းချောင်းမြို့နယ် အတွင်းမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ- ၀င်းမြင့်ကျော်)
အစိုးရသစ်လက်ထက် ရောက်ရှိသည့်တိုင် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများမှာ ယနေ့အထိ နည်းမျိုး စုံဖြင့် နှစ်စဉ်အခွန်ငွေ ကျပ်သန်းပေါင်းများစွာကို ရှောင်တိမ်းလျက်ရှိပြီး ဆောက်လုပ်ရေး ကုမ္ပဏီအများ စုမှာ ပေးဆောင်သင့်သည့် အခွန်ထက် ၁၀ ပုံ တစ်ပုံမှ အပုံ ၁၀၀ ပုံကြားသာ အခွန်ပေးဆောင်နေကြောင်း သိရသည်။


ယင်းအပြင် စားသောက်ကုန်၊ လူသုံးကုန်မှအစ သတင်းစာအဆုံး လုပ်ငန်းအားလုံးအား ကုန်သွယ်လုပ်ငန်း ခွန် ကောက်ခံသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ခွင့် ပြုထားခြင်းမှာလည်း သင့်လျော်ခြင်း မရှိပဲ ပြန်လည်ပြင်ဆင်သင့်ကြောင်း အခွန်ထမ်းဆောင်နေသည့် ကုမ္ပဏီများမှ ထောက်ပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၈၃၀ နှင့်အထက် ရှိနေသော်လည်း အမှန်တစ်ကယ် အခွန်ပေးဆောင်နေသည့် ကုမ္ပဏီမှာ မပြောပလောက်သည့် အရေအတွက်သာ ရှိကြောင်း သိရသည်။

အစိုးရသစ် ပထမဆုံး လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကလည်း မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်း ထုတ်ပြန်ရာတွင် အဆိုပါစာရင်း၌ ဆောက်လုပ်ရေးကုမ္ပဏီ ၂၀ သာ ပါဝင်လာ ခဲ့ပြီး မြန်မာနိုင်ငံ ၏ အိမ်ခြံမြေ ဈေးနှုန်းအမြင့်ဆုံး ရန်ကုန်မြို့တစ်ခွင် အဆောက်အအုံ အမြောက်အများ တည်ဆောက်သည့် ကုမ္ပဏီများ ပါဝင်မလာခဲ့ကြောင်း သိရသည်။


ရန်ကုန်က နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီကြီး တချို့က တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူတွေ၊ စည်ပင်တာဝန်ရှိသူတွေနဲ့ ရင်းနှီး နီးစပ်တယ်လို့ သိရတယ်။ တချို့ကုမ္ပဏီကြီး တွေဆိုရင် ထိပ်ပိုင်းတာဝန် ရှိသူတွေ ကို ဘယ်လောက်ထိ ပေးနေလဲတော့ မသိဘူး။ အောက်ခြေ ၀န်ထမ်းတွေကို i Phone, i Pad တွေ ပေးတယ်လို့တောင် သိရ...



အစိုးရသစ်လက်ထက် ဒုတိယနှစ်ဖြစ်သော ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်း တွင် လည်း ယခင်ကကဲ့သို့ပင် နှစ်စဉ်ဝင်ငွေနှင့် သင့်တင့်စွာ အခွန်ပေးဆောင်နေသည့် ကုမ္ပဏီ အချို့သာ ထပ်မံပါဝင် လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ ထုတ်ပြန်ထားချက်များအရ ရန်ကုန်မြို့ရှိ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီများဖြစ်သည့် Naing Group, Father Land, Mother Land, နှင့် Shine တို့ကဲ့သို့ ကုမ္ပဏီကြီးများ အပါအ၀င် ဆောက်လုပ်ရေး ကုမ္ပဏီအချို့မှာ ထိပ်ဆုံး အခွန်ထမ်း စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း သိရသည်။

ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦး ဆိုသည် မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ၀င်ငွေခွန် ဆိုလျှင် ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ပေးဆောင်ရုံဖြင့် အဆိုပါ စာရင်းတွင် ပါဝင်ခွင့်ရသည့် အနေအထား၌ပင် ပါဝင်မလာခြင်းမှာ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ပင်မဆောင်ပဲ သင့်တင့်သည့် အခွန်ပင် ပေးဆောင်ခြင်း မရှိသည်မှာ ထင်ရှားခဲ့သည်။

နည်းမျိုးစုံဖြင့် အခွန်တိမ်းရှောင် နေသော်လည်း တီဗီနှင့် နိုင်ငံပိုင် သတင်းစာများတွင်မူ ကြော်ငြာအများဆုံး ထည့်သွင်းနိုင်သည့် ကုမ္ပဏီ အမျိုးအစားများထဲ၌ ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်နေသည်။
6.17.5
Naing Group ဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်လျက်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု
ဆောက်လုပ်ရေး ကုမ္ပဏီများအနေဖြင့် အခွန်ရှောင်တိမ်းရာတွင် အဓိကအားဖြင့် တိုက်ခန်း၊ ကွန်ဒို၊ မြေ ကွက် များအား ရာဖြတ်ရာတွင် အမှန်တစ်ကယ် အရောင်းအ၀ယ်ဖြစ်သည့် တန်ဖိုးထက် အဆပေါင်း များစွာ လျော့ချ၍ ရာဖြတ်ခြင်း၊ လုပ်ငန်း အရှုံးပြ၍ ၀င်ငွေခွန် မဆောင်ခြင်းတို့ ပြုလုပ်နေခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီများအား သီးခြားအဖွဲ့ဖွဲ့ကာ တိကျစွာ စစ်ဆေးအခွန်ကောက်ရန် လိုအပ်နေပြီ ဖြစ်သည်။

ကွန်ဒိုတစ်ခန်းလျှင် လက်ရှိရန်ကုန်၌ ကျပ်သိန်း ၁၅၀၀ ၀န်းကျင်မှ ကျပ်သိန်း ၅၀၀၀ အထိ ဈေး သတ်မှတ် ရောင်းချလျက်ရှိပြီး ဆောက်လုပ်ရေး ကုမ္ပဏီများသည် အနည်းဆုံး ၁၀ ရာခိုင်နှုန်း အမြတ်မှ အများဆုံး ၅၀ ရာခိုင်နှုန်းအထိ အမြတ်ရရှိကြောင်း သိရသည်။

ထိုသို့ အမြတ်အစွန်း ရရှိသည့် လုပ်ငန်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် မကောက်ပဲ ကင်းလွတ်ခွင့် ပြု ထားခြင်း မှာ နိုင်ငံများစွာ နစ်နာသည့် အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသင့်သည်ဟု ထောက်ပြကြခြင်း ဖြစ်သည်။

ထိပ်ဆုံးအခွန်ထမ်း ၁၀ ဦးစာရင်းတွင် ပါဝင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီလုပ်ငန်းရှင် တစ်ဦး က''ကျွန်တော့် အနေနဲ့ ကျပ်သန်း ၁၀၀၀၊ ၂၀၀၀ ကျော်လောက်ပဲ အခွန်ဆောင်တာတောင် ထိပ်ဆုံး အခွန်ထမ်း ၁၀ ဦးထဲပါတယ်။ အနည်းဆုံး ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ဆောင်ရင်တောင်မှ ထိပ်ဆုံး အခွန်ထမ်း ၁၀၀ ဦး စာရင်းဝင်ပါတယ်။ ဒါက ၂၀၁၁-၂၀၁၂ အခွန်ထမ်း ၁၀၀ စာရင်းအရ ပြောတာ။ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ဆိုတာ နေရာကောင်းက ကွန်ဒိုအခန်း တစ်ခန်းစာပဲ ရှိပါတယ်။ ဒီတော့ သူတို့တွေ ပေးဆောင်သင့်တဲ့ အခွန်ရဲ့ ၁၀ ပုံ တစ်ပုံကနေ အပုံ ၁၀၀ ပုံ တစ်ပုံပဲ ဆောင်နေတာ ထင်ရှားနေတာပဲ။ ဒါက ပြည်တွင်းအခွန် အနေနဲ့ လုပ်ရမယ့် ကိစ္စပါ'' ဟု သုံးသပ် ပြောကြားခဲ့သည်။

''ရန်ကုန်က နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီကြီး တချို့က တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူတွေ၊ စည်ပင်တာဝန်ရှိ သူတွေနဲ့ ရင်းနှီး နီးစပ်တယ်လို့ သိရတယ်။ တချို့ကုမ္ပဏီကြီး တွေဆိုရင် ထိပ်ပိုင်းတာဝန် ရှိသူတွေကို ဘယ်လောက်ထိ ပေးနေလဲတော့ မသိဘူး။ အောက်ခြေ ၀န်ထမ်းတွေကို i Phone, i Pad တွေ ပေးတယ်လို့တောင် သိရပါတယ်'' ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

ဆောက်လုပ်ရေး ကုမ္ပဏီ ၈၃၀ နှင့် အထက်တွင် ကုမ္ပဏီ ၂၀ သာ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ နှင့် အထက် ပေးဆောင်သည်ဆိုလျှင် နိုင်ငံအတွက် နှစ်စဉ်အခွန်ငွေ မည်မျှနစ်နာသည်ကို တွက်ချက်နိုင်မည် ဖြစ်သည်။

ထိုသို့ နိုင်ငံနစ်နာ စေသည်အထိ အခွန်တိမ်းရှောင်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီများအပေါ် အခွန်တိကျစွာ စိစစ်ကောက်ခံရန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကိုပါ ထည့်သွင်းကောက်ခံရန် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ စီစဉ်ရမည့်အစား ပို့ကုန် သွင်းကုန် ကုမ္ပဏီများအပေါ် ကြိုတင်ခွန် ကောက်ခံနေသည် မှာလည်း မေးခွန်းထုတ်စရာအဖြစ် ရှိနေသည်ဟု ဆိုကြသည်။

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ''ပို့ကုန်သွင်းကုန် လုပ်ငန်းတွေကို အခွန် နှစ်ရာခိုင်နှုန်း ကြိုကောက်တယ်။ ဒီလောက် ၁၀ ပုံ ၁ ပုံပဲပေးပြီး အခွန်ရှောင်နေတဲ့ ကုမ္ပဏီကြီးကျတော့ ကုန်သွယ်ခွန်ပါ လွှတ်ပေးထားတာ ပြင်သင့်လား မသင့်လား။ ကုန်သွယ်ခွန်ပါ ကောက်သင့်လား မသင့်လား ပြည်တွင်း အခွန် သိပါတယ်'' ဟု ပြောပြခဲ့သည်။
EMG

 

No comments:

Post a Comment