Wednesday 6 March 2013

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဖင်လန်သမ္မတနိုင်ငံ သမ္မတမစ္စတာ Sauli Niinisto တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ





နေပြည်တော် မတ် ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် မတ်လ (၁) ရက်နေ့ မွန်းလွဲ (၁) နာရီတွင် ဖင်လန်သမ္မတနိုင်ငံ ဟယ်လ်စင်ကီမြို့ရှိ သမ္မတအိမ်တော်တွင် ဖင်လန်သမ္မတနိုင်ငံ သမ္မတမစ္စတာ Sauli Niinisto နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြီး တွေ့ဆုံဆွေးနွေးခဲ့မှုများကို ရှင်းလင်း ပြောကြားခဲ့ကာ မီဒီယာများ ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ ၎င်းရှင်းလင်း ပြောကြားချက် အပြည့် အစုံ မှာ အောက်ပါ အတိုင်းဖြစ်သည်-


အခု နှစ်နိုင်ငံပေါင်းပြီးတော့ သူတို့ သတင်းစာရှင်းလင်းပွဲလုပ်မယ်။ ဒီသတင်းစာရှင်းလင်းပွဲအတွက် အားလုံးကို ကြိုဆိုပါတယ်။ နှစ်ဖက်စလုံးက သမ္မတများကနေပြီးတော့ သူတို့ မိန့်ခွန်း အတို ချုံးပြီးေ တာ့ ပြောမယ်။ အဲဒီပြီးတဲ့ အခါကျလို့ရှိရင် မေးခွန်းကြိုက်တဲ့မေးခွန်းမေးလို့ ရပါတယ်။
ဖင်လန်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ Sauli Niinisto ၏ ပြောကြားချက်
ဒီနေ့ဟာဆိုလို့ရှိရင် သမိုင်းဝင်နေ့ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံကနေပြီးတော့ ပထမဦးဆုံး လာေ ရာက် ဖင်လန်နိုင်ငံကို လာရောက်လည်ပတ်တဲ့ သမ္မတကြီးရောက်တဲ့ နေ့မို့နော်။ အဲတော့ အများစု ဟာ မြန် မာနိုင်ငံရဲ့ တိုးတက်မှုအတွက် ဆွေးနွေးကြတယ်။ ဘာဖြစ်လို့လဲဆို နှစ်ပေါင်း များစွာ မြန် မာနိုင်ငံဟာ ကျွန်တော်တို့နဲ့ ဝေးကွာခဲ့တယ်။ အဲတော့ လူ့အခွင့်အရေး တိုးတက်ရေးနဲ့ ပတ် သက်ပြီးေ တာ့ နိုင်ငံတည်ထောင်ရေးအတွက်ကိုလည်း ကျွန်တော်တို့ အနေနဲ့ အားလုံးအားပေးပါတယ်။ အပစ်အ ခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ အောင်မြင်မှုများရတယ်။ နောက်ပြီးတော့ လောလောဆယ်လည်း ဆက် လက်ပြီးတော့ လှုပ်ရှားလျက်ရှိပါတယ်ဆိုတာ ကြားရတာ ဝမ်းသာပါတယ်။ အဲတော့ ယခု လုပ်ဆောင်ချက် ကို ဆက်လက်ပြီးတော့ လုပ်သွားဖို့အတွက် လူ့အခွင့်အရေးတိုးတက်ဖို့အတွက် အားပေးပါတယ်။ အဲတော့ ဒီလုပ်ငန်းဆောင်ရွက်ချက် များကို ဆက်လက်လုပ်သွားဖို့အတွက်လည်း ကျွန်တော်တို့ အနေနဲ့ အားပေး တယ်။ ပထမခြေလှမ်းအနေနဲ့ ၂၀၁၄-၂၀၁၆ ခုနှစ်အတွင်း ကူညီမစဖို့အတွက် ယူရို ၆.၅ သန်းကို လျာထား ပါတယ်။ အဲတော့ မြန်မာနိုင်ငံကို ပိတ်ဆို့ထားတဲ့ ရပ်ဆိုင်းထားတဲ့ ဆန်ရှင်တွေကိုလည်း ဖယ်ရှားပေးဖို့ အတွက် ကျွန်တော်တို့အနေနဲ့ ကြိုးစားပါမယ်။ အဲတော့ ပုဂ္ဂလိက စီးပွားရေး ဆက်သွယ်မှု အတွက် လည်း ဆွေးနွေးပါတယ်။ အထူးသဖြင့် သတ္တုတွင်းထွက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ ကူညီပေးဖို့ ဒီမှာရှိတဲ့ ကျွမ်းကျင်သူများတို့ကို ဝေမျှဖို့ အတွက်လည်း ဆွေးနွေးသွားပါတယ်။ အဲတော့ အဆက်အသွယ်များ တိုးတက်သွားမယ်လို့ ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်ရတာ စောင့်ကြည့် ရမှာပါ။  အဲတော့ အတူတကွ ဆောင်ရွက်သွားဖို့ဟာ ရှိတယ်။ သမ္မတကြီးအနေနဲ့ အပူချိန် ဒီဂရီဟာ ၅၀ လောက် ကွာခြားမှုရှိတယ်လို့ ပြောသော်လည်းပဲ အတူတကွ ဆောင်ရွက်သွားနိုင် ပါလိမ့်မယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ပြောကြားချက်
တက်ရောက်လာကြတဲ့ သတင်းသမားအားလုံးကို ကျွန်တော် မြန်မာ့ယဉ်ကျေးမှုအရ မင်္ဂလာပါလို့ ရှေးဦး စွာ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော့်အနေနဲ့  ဒီပထမဆုံး ဥရောပခရီးစဉ်မှာ အခုလိုကျွန်တော်တို့ ဖင် လန် သမ္မတနိုင်ငံကို ဒီလာရောက်ပြီးတော့ လည်ပတ်ခွင့်ရတဲ့အတွက်ကြောင့် များစွာဝမ်းသာမိပါတယ်။ ဒီခရီးစဉ်ဖြစ်မြောက်ဖို့အတွက်စီစဉ်ဆောင်ရွက်ပေးတဲ့သမ္မတကြီးနဲ့ကျွန်တော်တို့ဖင်လန်အစိုးရအဖွဲ့၊ နောက်တစ် ခါ ဖင်လန်သမ္မတ နိုင်ငံပြည်သူများကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံနှင့် ဖင်လန်သမ္မတနိုင်ငံဟာ ဒီပထဝီအနေအထားအရ ဝေးသော်လည်းပဲ ကျွန်ေ တာ် တို့ သံတမန်ဆက်ဆံခဲ့တဲ့ သက်တမ်းဟာ နှစ်ပေါင်းခြောက်ဆယ် ပြည့်ခါနီး ပြီဖြစ်ပါတယ်။ ဒီလို ရှည်လျားခဲ့တဲ့ ဒီဆက်ဆံမှုသမိုင်းကြောင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဒီဖင်လန်သမ္မတနိုင်ငံနဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ အလေးထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ် ကျော်ကတော့ ကျွန်တော် တို့ရဲ့ နိုင်ငံရေးစနစ်ချင်း မတူညီတဲ့အတွက်ကြောင့်၊ နောက်တစ်ခါ တခြား  အခြေအနေ အရပ်ရပ်တွေေ ကြာင့်၊ ကျွန်တော်တို့နှစ်နိုင်ငံရဲ့ ဆက်ဆံရေးတွေဟာ နှေးကွေးသွားခဲ့ပါတယ်။ သို့သော်လည်းပဲ မကြာမီနှစ် အတွင်းမှာ ကျွန်တော်တို့ နှစ်နိုင်ငံနှစ်ဘက်တူ ကြိုးစားအားထုတ်မှုနဲ့ ဒီသံအမတ်ကြီးတွေရဲ့ အထောက် အကူပြုမှုတွေကြောင့် ကျွန်တော်တို့နှစ်နိုင်ငံကြားမှာ ဒီအပြန်အလှန် ဆက်ဆံရေးဟာ လျှင်လျှင်မြန်မြန်နဲ့ တိုးတက်ပြီးလာခဲ့ပါတယ်။ ရှေ့လာမယ့် ကာလတွေမှာ ကျွန်တော်တို့ နှစ်နိုင်ငံအကြား အပြန်အ လှန်လေးစားမှု၊ နားလည်မှု၊ နောက်တစ်ခါ ပူးပေါင်းဆောင်ရွက်မှုတွေပေါ်မှာ အခြေခံပြီးတော့မှ ကျွန်တော် တို့ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို တိုးမြှင့်ပြီးေ တာ့ ဆောင်ရွက် သွားဖို့အတွက် ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒီနိုင်ငံနဲ့ ကျွန်တော်တို့ တူညီတဲ့ ဒီမိုကရေစီစနစ်ကို ဒါကျွန်တော်တို့ ပြောင်းလဲပြီးတော့ ကျင့်သုံးနေပြီဖြစ်တဲ့ အတွက်ကြောင့် ဒီနှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် တိုးမြှင့်နိုင်မယ့် အခွင့် အလမ်း ကောင်းတွေ လည်း များစွာရှိနေတယ်လို့ ကျွန်တော့် အနေနဲ့ ပြောကြားလိုပါတယ်။ စောစောက သမ္မတကြီး နဲ့ ဆွေးနွေးကြတဲ့နေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ အားပေးထောက်ခံခဲ့တဲ့ အတွက်ကြောင့် များစွာကျေးဇူးတင်ကြောင်း ပြောကြားလို ပါတယ်။ ကျွန်တော်တို့အစိုးရ အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့အညီ ဒီမြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဒီမိုကရေစီ လမ်းကြောင်းကို ကြိုးပမ်းပြီးတော့ အကောင်အထည်ဖော်လျက် ရှိပါတယ်။ ဒီမှာကျွန်တော်တို့ နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ဒီလူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စဉ်တွေ ဆောင် ရွက်နေပါတယ်။ ဒီဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတကြီးကို စောစောက ကျွန်တော် အသေးစိတ် ရှင်းလင်းပြခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေဟာ ကျွန်တော်တို့ ရပ်ဆိုင်းထားလို့ မရပါဘူး။ နောက်ကြောင်းကိုလည်း ကျွန်တော် တို့ ပြန်လှည့်စရာ အကြောင်းမရှိပါဘူး။ အခုပြုပြင်ပြောင်းလဲမှုတွေရဲ့ အရှိန်အဟုန်တွေဟာလည်း အထိုက်အလျောက် ရရှိလာပြီ ဖြစ်တဲ့ အတွက်ေ ကြာင့် ရှေ့ကိုပဲ ဆက်ပြီး ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်သွားဖို့ ဆိုပြီးတော့ သံန္နိဋ္ဌာန် ကျွန်တော် တို့ ချမှတ်ထားပါတယ်။ အခုလို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ ဒီအောင်မြင် မှုတွေရှိ သလိုပဲ အခက်အခဲတွေ၊ အတားအဆီးတွေ ဒါတွေလည်း ကျွန်တော်တို့ရှိပါ တယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေ တဲ့ ဒီပြည်တွင်းရေးကိစ္စတွေမှာလည်း ဒီအမျိုးသား စည်းလုံးညီညွတ်ရေး စိတ် ဓာတ် နောက် တစ်ခါ ကျွန်တော်တို့ ဒီနိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နားလည်စာနာမှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ဒါအောင်မြင်စွာ ဖြေရှင်းဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါ တယ်။ မြန်မာပြည်သူများ ကျွန်တော်တို့အကျိုးရှိရှိ ခံစားနိုင်ရေးနဲ့ မြန်မာနိုင်ငံ သာယာဝပြောရေးတို့ အတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို တိုးမြှင့်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်သလို ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ဖင်လန်သမ္မတနိုင်ငံကိုလည်း မိတ်ဖက်နိုင်ငံအဖြစ်နဲ့ လက်တွဲပြီး တော့ ကျွန်တော်တို့ ဒါကိုဆောင်ရွက်သွားလိုပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခွင့်အလမ်းကောင်းတွေ များစွာရှိပါတယ်။ ဒါကြောင့်မို့ ဖင်လန်နိုင်ငံ က လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့အတွက်လည်း ဖိတ်ခေါ်လိုပါတယ်။ စောစောက ကျွန်တော်တို့ နှစ်ဦး ဆွေးနွေးတဲ့နေရာမှာ ဒီနှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ရေးကိစ္စတွေ၊ နောက်တစ်ခါ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မယ့် ကိစ္စတွေ နောက်တစ်ခါဒေသဆိုင်ရာနဲ့ နိုင်ငံတကာ ကျွန်တော်တို့ အကျိုးတူ ပူးပေါင်း ဆောင် ရွက်မယ့် ကိစ္စတွေ ဒါတွေကို ရင်းနှီးစွာဆွေးနွေးပြီးတော့ ကျွန်တော်တို့ အမြင်ချင်းဖလှယ်ခဲ့ပါတယ်။ ကျွန်တော် တို့အတွက်လည်း များစွာနှစ်ထောင်းအားရရှိခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ ကျွန်တော်တို့ မြန်မာ ကိုယ် စားလှယ်အဖွဲ့ကို ဒီဖင်လန်သမ္မတနိုင်ငံကို ကျွန်တော်တို့ တရားဝင် လာရောက်ပြီးတော့ လည်ပတ်နိုင် ဖို့အတွက် နောက်အခု လို ကျွန်တော်တို့ကို ဖိတ်ကြားပေးတဲ့အတွက်ကြောင့်လည်း ဒီသမ္မတကြီးနဲ့တကွ အစိုးရအဖွဲ့၊ ပြည်သူတွေ ကို များစွာကျေးဇူးတင်ကြောင်း ထပ်လောင်းပြီးတော့ ပြောကြားလိုပါတယ်။ နိဂုံးချုပ် အနေနဲ့ ဖင်လန်နိုင်ငံကို ကျွန်တော်လာရောက်ပြီးတော့ အခုလိုလည်ပတ်တဲ့နည်းတူ သမ္မတကြီး ကိုလည်း မြန်မာနိုင်ငံကို လာရောက်ပြီးတော့ လည်ပတ်ဖို့အတွက် ကျွန်တော့်အနေနဲ့ ဖိတ်ကြား ပါကြောင်း ပြောကြားအပ်ပါတယ်။
နိုင်ငံတော်သမ္မတနှင့် ဖင်လန်နိုင်ငံသမ္မတတို့အား သတင်းထောက်များက မေးခွန်းများ မေးမြန်းခြင်း
မေး။    ။ဖင်လန်နိုင်ငံသမ္မတကြီးခင်ဗျား။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး မည်သို့ မည်ပုံရှုမြင်ပါသလဲ ဆိုသည်ကို သိလိုပါတယ်။
ဖြေ။    ။ပြောရမယ်ဆိုလို့ရှိရင်တဲ့ ဖင်လန်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၆၀ လောက် အဆက်အသွယ် ပြတ်လျက်ရှိတယ်။ နောက်လောလောဆယ်မှာ ဆိုလို့ရှိရင် ပြန်ပြီးတော့ စရမယ့် အခြေအနေလောက်မှာ ရှိတယ်။ တိုးတက်တဲ့ ဒီမိုကရေစီ၊ နောက်တစ်ခုက လူ့အခွင့်အရေးတိုးတက်ဖို့ အာဏာအဲ ဥပဒေ အာဏာစိုးမိုးမှု ဒါတွေအတွက်ကိုလည်း တိုးတက်မယ်လို့ မျှော်လင့်တယ်။ အကူအညီအနေနဲ့ ဘာလုပ် ….ဘာပြောချင်လဲဆိုတော့ အစိုးရကောင်းရရှိနိုင်ဖို့ ဒါတွေဟာ အဆင်သင့်မဖြစ်သေးပေမယ့် ကြိုးစားဖို့ နောက်တစ်ခါ အတိုက်အခံ အတိုက်အခိုက်တွေ ရပ်စဲသွားတယ်ဆိုတာ ကြားရတဲ့ အတွက်ကြောင့် နောက် တိုက်ခိုက်ရပ်စဲပြီး အတွက်လည်း ကြိုးစားဖို့ ဆွေးနွေးချင်တာပါ။
မေး။    ။ မြန်မာနိုင်ငံသမ္မတကြီးရှင့်။ ခရီးစဉ်နှင့် ပတ်သက်ပြီးသမ္မတကြီး၏ မျှော်လင့်ချက်နှင့် ပတ်သက်ပြီး သိလိုပါတယ်။
ဖြေ။    ။မျှော်လင့်ချက်နဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး ပြောချင်တာကတော့ ကျွန်တော်တို့ နှစ်နိုင်ငံဟာ သံတမန်ဆက်ဆံလာတာ နှစ်ပေါင်းခြောက်ဆယ် နီးပါး၊ နှစ်ပေါင်းခြောက်ဆယ် ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ဟိုတုန်းက ကျွန်တော်တို့ သံတမန်ဆက်ဆံစက နှစ်နိုင်ငံကျွန်တော်တို့ ချစ်ကြည် ရင်းနှီးခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ ဒီချစ်ကြည်ရင်းနှီးမှုကို တစ်အချက်ကတော့ ပြန်လည်ပြီးတော့ တည်ဆောက်လိုပါတယ်။ ဒုတိယအချက်ကတော့ ကျင့်သုံးတဲ့နိုင်ငံရေးစနစ်ချင်းကလည်း ဖင်လန်နိုင်ငံနဲ့ ကျွန်တော်တို့ အတူတူပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရှေ့ကို ရှင်သန်ဖွံ့ဖြိုးဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ အချိန်တိုတိုတောင်းတောင်း အတွင်းမှာ များစွာ ကျွန်တော်တို့ကြိုးပမ်းပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒါတွေအောင်မြင်ဖို့အတွက်လည်း မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဒီဖင်လန်နိုင်ငံအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းပြီးတော့ ကူညီပေးဖို့ဆိုပြီးတော့ ကျွန်တော် ဒီလိုမျှော်လင့်ပြီးတော့ ဒီကိုလာရောက်ခြင်းဖြစ်ပါတယ်။
မေး။ ။ဖင်လန်နိုင်ငံသမ္မတကြီးခင်ဗျား။ နော်ဝေနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအတွက် ကတိကဝတ်များ၊ ကူညီပံ့ပိုးမှုများပေးခဲ့ပါကြောင်း၊ အလားတူအဆွေတော် သမ္မတကြီးက မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွက် ယူရို ၆ ဒသမ ၅သန်း ကူညီရန် ကမ်းလှမ်းခဲ့ပါကြောင်း၊ အိုင်စီတီကဏ္ဍနှင့် ပံ့ပိုး ကူညီမှုများ၊ နောက်တစ်ခါ အီးယူနှင့် မြန်မာနိုင်ငံအကြား ပိုမိုတိုးတက်ကောင်းမွန်သည့် ဆက်ဆံရေးများ နှင့်ပတ်သက်ပြီး ကူညီပေးမှုများအတွက် အဆွေတော်သမ္မတကြီးထံမှ ကတိကဝတ်များ ကြားသိလိုပါ  တယ်။
ဖြေ။    ။ခုနတုန်းက မေးသွားတဲ့မေးခွန်း ၆ ဒသမ ၅ သန်းအပြင်ကို ပိုပြီးတော့ ကူညီဖို့ ရှိသလားဆိုတာ သူ့အနေနဲ့ ခုနကပြောသွားတဲ့ဟာ မြန်မာနိုင်ငံတိုးတက်ဖို့အတွက်ကို ၂၀၁၄ ခုနှစ်မှာ စပြီးတော့ ကူညီဖို့ စီစဉ်ထားပါတယ်။ နောက်တစ်ခုကတော့ ပုဂ္ဂလိက အပိုင်းဆိုင်ရာတွေ သူတို့ရဲ့ ဥပဒေအတိုင်း ဆက်လက် ကူညီဖို့လည်း မျှော်လင့်တယ်။ မြန်မာနိုင်ငံမှာ စက်မှုနဲ့ ပတ်သက်တဲ့ဟာတွေ အကူ အညီများစွာလိုတယ်။ အဲ့ဒီအတွက်လည်း အဖြေပေါင်းများစွာ လိုပါတယ်။ လွန်ခဲ့တဲ့နှစ်တုန်းက ဆိုလို့ရှိရင် ဒုနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကုမ္ပဏီ (၂၀) လောက်က မြန်မာနိုင်ငံကို သွားပြီးတော့ လည်ပတ်ခဲ့ပါတယ်။ ဥရောပနဲ့ မြန်မာ ဆက်သွယ်ရေးဆက်ဆံရေးမှာ အထူးတလည် ပြဿနာ မရှိပါဘူး။ ကောင်းမွန်စွာ ဖြစ်မယ် လို့ မျှော်လင့်ပါတယ်။
မေး။    ။လွှတ်တော်မှာ တပ်မတော်ပါဝင်မှု အခန်းကဏ္ဍကို သိလိုပါကြောင်း၊ လက်ရှိမှာတော့ တပ်မတော် သား ၂၅ ရာခိုင်နှုန်း ပါဝင်နေကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ လွှတ်တော်မှာ တပ်မတော်ပါဝင်မှု ရှိဦးမလား သိလိုပါတယ်။
ဖြေ။    ။ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတစ် နိုင်ငံနဲ့ တစ်နိုင်ငံဟာ သူရဲ့သမိုင်းကြောင်းနောက်ခံ နောက်တစ်ခါ ပကတိဖြစ်ပျက်နေတဲ့ အခြေအနေတွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကွဲပြားမှုတွေရှိပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေအရ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းနောက်ခံအရ ကျွန်တော်တို့ရဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဒါတွေကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ တပ်မတော်ကို ကျွန်တော်တို့ ချန်ထားလို့ မရပါဘူး။ တပ်မတော် ဟာလည်း ပါသင့်တဲ့အပိုင်းကနေပြီးတော့ ဝင်ပြီးတော့ ပါရမှာဖြစ်ပါတယ်။ အခုလွှတ်တော်ထဲမှာဆိုရင် ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ ဒီဟာကလည်း တိုင်းပြည်အတွက် ဆောင်ရွက်ကြတဲ့နေရာမှာ တပ်မတော်ဘက်က နေပြီးတော့ တပ်မတော်ကဏ္ဍကနေပြီးတော့ ဝိုင်းဝန်းပြီး တော့ ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ တပ်မတော်ဟာ သူရဲ့ အဓိက တာဝန်ဟာ ဒီနိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။ နောက်ပြီးတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည်ပင်လျှင် သမ္မတကနေ ခန့်ထားရတာဖြစ်ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာလည်း သူ့ဟာနဲ့သူရှိပြီးသား ဖြစ်ပါတယ်။ လတ်တလော အခြေအနေမှာတော့ တိုင်းပြည်ရဲ့ သမိုင်းကြောင်းနောက်ခံ လက်ရှိလက်နက်ကိုင်ပဋိပက္ခတွေ နောက်ဒါတွေကြောင့် လွှတ်တော်ထဲမှာ ဝိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက်ဆိုပြီးတော့ အခုလို ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းဖြစ်ပါတယ်။ ဒါဟာလည်း ကျွန်တော်တို့ တစ်နိုင်ငံတည်းတင် မဟုတ်ပါဘူး။ ဟိုတုန်းကလည်း အင်ဒိုနီးရှားတို့ ဘာတို့လည်း ဒီအတိုင်းပါပဲ။ ဒီဟာတွေဟာ တဖြည်းဖြည်းနဲ့ လျော့နည်းသွားမှာပဲ ဖြစ်ပါတယ်။ အတိအကျ တော့ လာမယ့် ၂၀၁၅ မှာရှိပါဦးမလားဆိုတော့ ဒီဟာတော့ ပြောဖို့ခက်ပါတယ်။ ဒီဟာကလည်း တိုင်းပြည် ရဲ့ အခြေအနေ၊ လွှတ်တော်ရဲ့အခြေအနေ၊ နောက်တစ်ခါ ပြည်သူတွေရဲ့ သဘောထား ဒီအပေါ်မှာ မူတည်တယ်လို့ပဲ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။


ref:သမ္မတရုံးဝဘ်ဆိုက်ဒ်

No comments:

Post a Comment