Wednesday 6 March 2013

ကိုလံဘီယာ ရေခဲမြစ်များ ဆယ်စုနှစ် သုံးခု အတွင်း ပျောက်ကွယ်သွားနိုင်


ကိုလံဘီယာ ရေခဲမြစ်များ ဆယ်စုနှစ် သုံးခု အတွင်း ပျောက်ကွယ်သွားနိုင်


ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ် လျက်ရှိသော အပူချိန်မြင့်မား လာမှုကြောင့် ဆယ်စုနှစ် သုံးခုအတွင်း ကိုလံဘီယာ နိုင်ငံအတွင်းရှိ ရေခဲမြစ်များမှာ အရည်ပျော် ကျ၍ပျောက်ကွယ် သွားနိုင်ဖွယ် ရှိကြောင်း မတ် ၅ ရက်တွင် ကိုလံဘီယာ မိုးလေဝသနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာဌာန (IDEAM) မှ ထုတ်ပြန်သော အစီရင် ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

နှစ်ပေါင်း ၃ဝ ကြာလျှင် ရာသီဥတု ပြောင်းလဲမှုကြောင့် မိမိတို့ နိုင်ငံ၏ ရေခဲမြစ် ၅၇ ရာခိုင်နှုန်းခန့်ကို ဆုံးရှုံးရနိုင်ကြောင်း၊ လက်ရှိ အနေအထား အတိုင်းသာ ဆက်လက် ဖြစ်သွား ပါက နှစ်ပေါင်း ၃ဝ ခန့်ကြာ လျှင် နိုင်ငံတွင်း၌ နှင်းဖုံးနေသော တောင်များကို တွေ့မြင်ရတော့ မည်မဟုတ်ဟု ခန့်မှန်းရကြောင်း IDEAM အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ရီကာဒိုလို ဇာဒိုက ပြောကြားသည်။

နှစ်စဉ် နှစ်တိုင်းတွင် ကိုလံဘီယာ ရေခဲမြစ်များ၏ သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင် နှုန်းခန့် ကြားသည် အရည်ပျော်ကျ နေကြောင်း ၁၈၅ဝ ပြည့်နှစ်မှစ၍ မှတ်သားထားသော အစီရင် ခံစာများ အရ သိရသည်။

ကိုလံဘီယာနိုင်ငံ အင်ဒီးယန်း တောင်တန်းများရှိ ရေခဲမြစ်များ အရည်ပျော်ကျ ခြင်းသည် ဒေသခံပြည်သူ များကို ရေထောက်ပံ့ ပေးရာတွင် အကျိုးပြုလျက် ရှိသည်ဟု ၎င်းအစီရင် ခံစာတွင် ဖော်ပြထားသည်။

ရေခဲမြစ်များမှ ရေခဲနှင့် နှင်းခဲများ အရည်ပျော် ကျခြင်းသည် မြစ်ရေမျက် နှာပြင်များကို ပိုမို မြင့်တက်စေပြီး ဒေသ ခံပြည်သူများ သောက်သုံးရန်နှင့် စိုက်ပျိုး မွေးမြူရေး တို့အတွက် လိုအပ်သော ရေအရင်း အမြစ် များကို ထောက်ပံ့ပေး လျက်ရှိသည်။ ကိုလံဘီယာ နိုင်ငံအတွင်းရှိ လယ်ယာ စိုက်ပျိုးရေး အဖွဲ့အစည်း အချို့သည် ရေခဲမြစ်မှ အရည်ပျော်စီး ဆင်းလာသည့် ရေများ အပေါ်တွင်သာ မှီခိုနေရသည်။ ကိုလံဘီယာ အရှေ့မြောက်ဘက်ရှိ Ei Cocuy အမျိုးသား ဥယျာဉ်ကြီးသည် နိုင်ငံအတွင်း၌ ရေခဲမြစ်နှင့် နှင်းဖုံးလွှမ်းမှု အများဆုံး ဖြစ်သော နေရာ တစ်ခုဖြစ်ပြီး အင်ဒီးယန်းတောင် တန်းများ၏ တစ်စိတ် တစ်ဒေသ လည်း ဖြစ်သည်။

၎င်းဒေသ အတွင်းရှိ လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်သူ ၃၅ဝဝ ခန့်သည် ၎င်းတို့၏ အသက်မွေးဝမ်း ကျောင်းအတွက် Ei Cocuy ၏ ရေခဲ မြစ်များမှ ရရှိသော ရေကိုသာ အမှီပြု နေရသည်ဟ IDEAM အဖွဲ့က ပြောကြားခဲ့ကြောင်း သိရသည်။
Myawady News

ဇင်ယော်
http://www.facebook.com/ZinYawNews

ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ် လျက်ရှိသော အပူချိန်မြင့်မား လာမှုကြောင့် ဆယ်စုနှစ် သုံးခုအတွင်း ကိုလံဘီယာ နိုင်ငံ အတွင်းရှိ ရေခဲမြစ်များမှာ အရည်ပျော် ကျ၍ပျောက်ကွယ် သွားနိုင်ဖွယ် ရှိကြောင်း မတ် ၅ ရက်တွင် ကိုလံဘီယာ မိုးလေဝသနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာဌာန (IDEAM) မှ ထုတ်ပြန်သော အစီရင် ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
နှစ်ပေါင်း ၃ဝ ကြာလျှင် ရာသီဥတု ပြောင်းလဲမှုကြောင့် မိမိတို့ နိုင်ငံ၏ ရေခဲမြစ် ၅၇ ရာခိုင်နှုန်းခန့်ကို ဆုံးရှုံးရနိုင်ကြောင်း၊ လက်ရှိ အနေ အထား အတိုင်းသာ ဆက်လက် ဖြစ်သွား ပါက နှစ်ပေါင်း ၃ဝ ခန့်ကြာ လျှင် နိုင်ငံတွင်း ၌ နှင်းဖုံးနေသော တောင်များ ကို တွေ့မြင်ရတော့ မည်မဟုတ်ဟု ခန့်မှန်းရကြောင်း IDEAM အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ရီကာဒိုလို ဇာဒိုက ပြောကြားသည်။

နှစ်စဉ် နှစ်တိုင်းတွင် ကိုလံဘီယာ ရေခဲမြစ်များ၏ သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင် နှုန်းခန့် ကြားသည် အရည်ပျော်ကျ နေကြောင်း ၁၈၅ဝ ပြည့်နှစ်မှစ၍ မှတ်သားထားသော အစီရင် ခံစာများ အရ သိရသည်။

ကိုလံဘီယာနိုင်ငံ အင်ဒီးယန်း တောင်တန်းများရှိ ရေခဲမြစ်များ အရည်ပျော်ကျ ခြင်းသည် ဒေသခံပြည်သူ များကို ရေထောက် ပံ့ ပေးရာတွင် အကျိုးပြုလျက် ရှိသည်ဟု ၎င်းအစီရင် ခံစာတွင် ဖော်ပြထားသည်။

ရေခဲမြစ်များမှ ရေခဲနှင့် နှင်းခဲများ အရည်ပျော် ကျခြင်းသည် မြစ်ရေမျက် နှာပြင်များကို ပိုမို မြင့်တက်စေပြီး ဒေသ ခံပြည်သူ များ သောက်သုံးရန်နှင့် စိုက်ပျိုး မွေးမြူရေး တို့အတွက် လိုအပ်သော ရေအရင်း အမြစ် များကို ထောက်ပံ့ပေး လျက်ရှိသည်။ ကိုလံ ဘီယာ နိုင်ငံအတွင်းရှိ လယ်ယာ စိုက်ပျိုးရေး အဖွဲ့အစည်း အချို့သည် ရေခဲမြစ်မှ အရည်ပျော်စီး ဆင်းလာသည့် ရေများ အပေါ်တွင် သာ မှီခိုနေရသည်။ ကိုလံဘီယာ အရှေ့မြောက်ဘက်ရှိ Ei Cocuy အမျိုးသား ဥယျာဉ်ကြီးသ ည် နိုင်ငံအတွင်း၌ ရေခဲမြစ်နှင့် နှင်းဖုံးလွှမ်းမှု အများဆုံး ဖြစ်သော နေရာ တစ်ခုဖြစ်ပြီး အင်ဒီးယန်းတောင် တန်းများ၏ တစ်စိတ် တစ်ဒေ သ လည်း ဖြစ်သည်။

၎င်းဒေသ အတွင်းရှိ လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်သူ ၃၅ဝဝ ခန့်သည် ၎င်းတို့၏ အသက်မွေးဝမ်း ကျောင်းအတွက် Ei Cocuy ၏ ရေခဲ မြစ်များမှ ရရှိသော ရေကိုသာ အမှီပြု နေရသည်ဟ IDEAM အဖွဲ့က ပြောကြားခဲ့ကြောင်း သိရသည်။
 
 
ref:MWD News

No comments:

Post a Comment