Wednesday 6 March 2013

"ပြည်ပထွက်ခွာခွင့် D-Form စနစ် ဧပြီတွင် ဖျက်ပြီ"



ရန်ကုန်၊ မတ် ၅
၆၄ နှစ်ကျော်ကြာ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (က) (D-Form) ပြုလုပ်ရခြင်းကို ဧပြီလတွင် ပယ်ဖျက်မည်ဟုလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ က ပြော သည်။ အစိုးရစရိတ်ဖြင့်ပြည်ပထွက်ခွာသူမှလွဲ၍ မည်သည့် ခရီးသည်မဆို မှတ်ပုံတင်အရာရှိထံ စာဖြင့် ပုံစံ (က)(D-Form) ကိုရယူ၍ ပြည်ပသို့ထွက်ခွာရမည်ဟု ၁၉၄၈ ခု နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြဋ္ဌာန်းခဲ့ သည့် နိုင်ငံခြားသားများ မှတ်ပုံတင်နည်းဥပဒေပုဒ်မ ၁၅/၆ ကို ပယ်ဖျက်ခြင်းဖြစ်သည်။ " (D-Form) လုပ်ရတာ က ဘဏ်မှာချလံသွားသွင်း ရုံနဲ့တင် မပြီးသေးဘူး။
အင်တာနက်ကလည်း ဖောင်ဖြည့် ရသေးတယ်။ တစ်ခါတလေ ကော်နက်ရှင် မကောင်း ရင် တော်တော် ဒုက္ခရောက်တာ။ခုလို ဖြေလျှော့ပေးလိုက်တော့ အရမ်းကောင်းသွားပြီပေါ့''ဟုပြည်ပခရီးသွားတစ်ဦး က ပြော သည်။

ပြည်ပထွက်ခွာကြမည့်သူများအပေါ် အစိုးရအဖွဲ့၏ ဖြေလျှော့မှုတစ်ခုဖြစ် သည်ဟု ဝန်ကြီးက ဆိုသည် ။

''တိုင်းရင်းသား လုပ်သားပြည်သူတွေ အလုပ်ရှုပ်သက်သာသွား တာပေါ့ဗျာ။ မဟုတ်ရင် ပြည်ပသွားတိုင်း (D-Form) ကိုလုပ်နေရ တယ်။ အခုတော့ဒါတွေလုပ်စရာ မလိုတော့ဘူး။အစိုးရသစ်ရဲ့မူဝါဒ ဖြစ်တဲ့

People Centre ကို ဝိုင်း အကောင်အထည် ဖော်သွားကြမှာပါ''ဟု ဝန်ကြီးဌာန တာဝန်ရှိသူက လည်းပြောသည်။

ဧပြီလတွင် (D-Form) စနစ်ပယ်ဖျက်ရာ တွင် မြန်မာပြည် ရောက်နိုင်ငံခြားသားများ ပါ ပြည်ပသို့ ပြန်လည် ထွက်ခွာ ပါက (D-Form) ရယူစရာလိုတော့မည် မဟုတ်ဟု သိရသည်။
ယခင်ကရောက်ရှိသည့် ကာလတစ်လအတွင်းမှလွဲလျှင် တစ်လကျော်ပါက (D-Form) ကို ရယူပြီးမှ သာ ပြန်လည် ထွက်ခွာခွင့်ပြုခဲ့ သည်။

ပုံစံ(က) (D-Form) ပြုလုပ်ရာ တွင် အစိုးရဘဏ်သို့ ငွေကျပ် ၂ဝဝ သာထွက်ခွာသူ က ပေးသွင်း ရသော်လည်း ပြင်ပတွင် အွန်လိုင်းဝန်ဆောင်မှုကြောင့် ဆောင်ရွက်ပေးသူကို ငွေကျပ် ၁ဝဝဝ၊ ၁၅ဝဝ အထိ ပြည်ပ ထွက်ခွာမည့်သူက ပေးဆောင်ခဲ့ရသည်။နိုင်ငံခြားသားများ မှတ်ပုံတင် နည်းဥပဒေပုဒ်မ ၁၅/၆မှာ ၁၉၄၉ ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ပြီးပြည်ပသို့ ပုံစံ(က) (D-Form)
ရယူ၍ ထွက်ခွာ သည့် စနစ်ကို ၁၉၅၈ခုနှစ်ဇန်နဝါရီ ၁ ရက် နေ့တွင် စတင်ကျင့်သုံးခဲ့သည်။

ref:popular

No comments:

Post a Comment