Wednesday 6 March 2013

"2015 ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ပါတီဥက္ကဌနေရာမှ ဖယ်ရှားရန် လျှို့ဝှက် စီမံသည်ဟု ဆို၍ ကိုယ်စားလှယ်အချို့အား ပါတီညီလာခံမှ ထုတ်ပယ်"



2015 ခုနှစ် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာပါက ပါတီ ဥက္ကဌနေရာမှ ဖယ်ရှားရေး လျှို့ဝှက် အစည်းအ၀း ပြုလုပ်ခဲ့သည်ဟု ဆို၍ မြောက်ပိုင်ခရိုင်ဥက္ကဌ ဦးခင်မောင်ရှိန်အား နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခြင်းခံလိုက်ကြောင်း ဦးခင်မောင်ရှိန်က ယင်းကိစ္စနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြု၍ ရှင်းလင်းလိုက်သည်။
ဦးခင်မောင်ရှိန်ဧ။်ရှင်းလင်းမှုတွင် ကြေညာချက်ပါ စွပ်စွဲချက်များ မှန်ကန်မှုမရှိပဲ ခိုင်လုံသော သတင်းဆိုသည်ကို ဘာမှန်းမ သိကြောင်း စ သည်ဖြင့် ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။

ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်မှ ၄.၃.၂၀၁၃ ရက်နေ့တွင် ကျင်းပသော ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင် အစည်းအဝေး ဆုံးဖြတ်ချက် အရ -
- ဦးခင်မောင်ဝင်း ဥက္ကဌ (ဗဟို ညီလာခံ ကိုယ်စားလှယ်)အလုပ်အမှုဆောင်အဖွဲ့ ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၊လမ်းမတော် မြို့နယ် 
-ဦးသန့်ဇင် ဗဟိုညီလာခံကိုယ်စားလှယ်၊အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ၊၊ရွှေပြည်သာ မြို့နယ်။
-ဦးခင်မောင်ရှိန် ဥက္ကဌ (ဗဟို ညီလာခံ ကိုယ်စားလှယ် )အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ၊မြောက်ပိုင်းခရိုင် ၊ ရန်ကုန်တိုင်းဒေသကြီး
- ဒေါ်မိမိကြီး ဗဟို ညီလာခံ ကိုယ်စားလှယ်၊အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ၊ ကောလင်း မြို့နယ်၊ တို့အား
အဖွဲ့ချုပ် အတွင်း ညီညွတ်ရေးကို ပြိုကွဲ ပျက်စီးစေမည့် အပြုအမူ ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသော သတင်းရရှိ ထားသဖြင့် အဖွဲချုပ် က မတ်လ ၂၀၁၃ ခုနှစ် ၈ ရက် ၊ ၉ ရက် ၊ ၁၀ ရက် နေ့များတွင် ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် အဖြစ်မှ ရပ်စဲလိုက်ကြောင်း ကြေညာခဲ့သည်။
 
 ref:theStreetView

No comments:

Post a Comment