Wednesday 6 March 2013

ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်

 ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်
 ကင်ဆာရောဂါ ခံစားနေရသည့် ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်သည် ဒေသစံတော်ချိန် အင်္ဂါနေ့ (မတ်လ ၅ ရက်) မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်သည်။ အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် သမ္မတချာဗက်ဇ်မှာ အသက် ရှင်ရေးအတွက် အခက်အခဲဆုံး အခြေအနေတွင်ရှိနေကြောင်း ဒုတိယသမ္မတ နီကိုလက်စ် မတ်ဒူရို က ပြည်သူများအား အသိပေးပြောကြားခဲ့သည်။ ထို့နောက် ဗင်နီဇွဲလား စံတော်ချိန် အင်္ဂါနေ့ ညနေ ၄း၂၅ တွင် သမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းက ထုတ်ပြန်ကြေညာခဲ့သည်။

hugo chavez

ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်သည် ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ်အရွယ်ရှိပြီး ကင်ဆာရောဂါကို ၂ နှစ်ကြာ ကုသမှုခံယူခဲ့ရသည်။ ချာဗက်ဇ်သည် ထို ၂ နှစ်တွင်း ကျူးဘားနိုင်ငံသို့သွားရောက်ကာ ခွဲစိတ် ကုသမှု ၄ ကြိမ်တိုင် ခံယူခဲ့ရသည်။ ဟူဂိုချာဗက်ဇ်၏ သမ္မတရာထူးနေရာကို ဒုတိယသမ္မတ နီကိုလက်စ် မတ်ဒူရိုက ဆက်ခံဖွယ်ရှိပြီး ၎င်းအား ဗင်နီဇွဲလားစစ်တပ်ကလည်း ထောက်ခံထားကြောင်း သိရှိရသည်။

No comments:

Post a Comment