Friday 18 January 2013

Splitfire တိုက်လေယာဉ်များ ရှာဖွေတူးဖော်မှု

Photo
 
ဒုတိယကမ္ဘာစစ်ကာလအတွင်းက မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သော Splitfire တိုက်လေယာဉ်များ ရှာဖွေမှုကို ဗြိတိန်က ပြုလုပ်နေ ပြီဖြစ် သည်။ သတ္တုဗေဒလေ့လာဆန်းမှုနှင့် စာရင်းဇယားများအရ ဒုတိယ ကမ္ဘာစစ်အတွင်းက အသုံးမပြုရသေးသော ဗြိတိန်လေတပ်၏ Splitfire တိုက်လေယာဉ် အစင်း ၃၀ ကျော်ကို ရန်ကန်အပြည်ပြည် ဆိုင်ရာ လေဆိပ်နေရာတွင် မြှုပ်နှံထားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လေယာဉ်များကို အမေရိကန် စစ်ဘက်အင်ဂျင်နီယာ များ ကမြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မြှုပ်နှံခဲ့သောလေယာဉ်များ ရှာဖွေရေးအတွက် ၁၇ နှစ်ကြာမျှ အချိန်ပေးခဲ့ရပြီးနောက် လေယာဉ်များတည်ရှိနေရာကို သိရှိဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံအတွင်း ၃ နေရာ သို့မဟုတ် ထို့ထက်ပိုသော နေရာများတွင်အစိတ်အပိုင်းများ တစ်စ စီဖြုတ်ထားသော Splitfire တိုက်လေယာဉ် ၁၂၀ ခန့်ကို မြှုပ်နှံထားကြောင်း လေယာဉ် များရှာဖွေးရေး အဖွဲ့က ယုံကြည်လျက်ရှိသည်။ ထိုလေယာဉ်များအနက် အစီးရေ ၄၀ မှ ၅၀ ခန့်မှာ ယနေ့ အချိန်အထိ ပျံသန်း၍ရသော အခြေအနေတွင် ရှိနေဆဲဟုဆိုသည်။ ဗြိတိန်လေယာဉ် ရှာဖွေရေး သမား ဒေးဗစ် ကွန်ဒေါလ်က ဦးဆောင်သော လေယာဉ်ရှာဖွေရေးအဖွဲ့ကို ဘီလာရုစ်နိုင်ငံမှ ဗီဒီယိုဂိမ်းကုမ္ပဏီ ၊ ရှေးဟောင်းသုတေသနပညာရှင်များ၊ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ တို့က ငွေကြေးထောက်ပံ့မှုများ ပေးခဲ့ကြ သည်။ Splitfire လေယာဉ်များ ရှာဖွေရေးအတွက် အစောပိုင်း လေ့လာဆန်းစစ်မှုမှာ ၁၀ ရက်ခန့် ကြာမြင်နိုင်ပြီး လေယာဉ်များအား တူးဖော်မှုလုပ်ငန်းမှာ သီတင်းပတ် ၄ ပတ်မှ ၆ ပတ်အထိ ကြာမြင့်နိုင်ကြောင်း သိရှိရသည်။ 
 Daily Mail Planet Myanmar Network

No comments:

Post a Comment