Friday 18 January 2013

စီမံကိန်းနှင့် ဒေသခံတို့ အကြား ပဋိပက္ခများသည် ရင်းနှီးမြုပ်နှံမှုအား အခက်အခဲ ဖြစ်စေနိုင်ဟု တရုတ်ဘက်မှဆို

စီမံကိန်းနှင့် ဒေသခံတို့ အကြား ပဋိပက္ခများသည် ရင်းနှီးမြုပ်နှံမှုအား အခက်အခဲ ဖြစ်စေနိုင်ဟု တရုတ်ဘက်မှဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၇။

တရုတ် နိုင်ငံမှ ပြုလုပ်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
နှင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတို့သည် ဒေသခံတို့နှင့် ပဋိပက္ခဖြစ်ပွား
လျက်ရှိပြီး အဆိုပါ ပဋိပက္ခများကြောင့် ရင်းနှီးမြုပ်နှံမှုအား အခက်အခဲ
ဖြစ်စေနိုင်သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးမှ ဒုဝန်ကြီးက ယနေ့တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

ဧရာဝတီ မြစ်ဆုံဒေသအား ရေအားလျှပ်စစ်စီမံကိန်း ပြုလုပ်ရာတွင် ဒေသခံ တိုင်းရင်းသားများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခဖြစ်ပွား
ခဲ့သောကြောင့် နိုင်ငံတော် သမ္မတမှ ၎င်း၏ သက်တမ်းအတွင်းရပ်ဆိုင်း ထားကြောင်း သိရပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပြုလုပ်
ရာတွင်လည်း ဒေသခံ ပြည်သူလူထုနှင့် ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့
ကြောင်း သိရသည်။

“အဲဒီ အခက်အခဲတွေ ပေါ်လာလို့ဖြေရှင်းလို့မရရင် ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ မှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။ အခက်အခဲကိစ္စ ဖြစ်ပေါ်လာစရာ ကိစ္စအကြောင်းအမျိုးမျိုးရှိပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိစ္စ၊ ပြဿနာတွေ ကို ပေါ့ပေါ့ဆဆ ဖြေရှင်းလို့မရပါဘူး။တကယ်လို့ ဖြစ်ပေါ်လာရင်လည်း တရုတ်အစိုးရအနေနဲ့ ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ပါတယ်။” ဟု ဒုဝန်ကြီး က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး “တရုတ်မြန်မာ ဆက်ဆံရေးအနေနဲ့ ဒုဝန်ကြီး
ပြောသလို တရုတ်နိုင်ငံဟာ စီးပွားရေးအားကောင်းပါတယ်။ တရုတ်ပြည်
ကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါ အခက်အခဲအနည်းငယ် ရှိပါတယ်။ ဥပမာ-ကြေးနီတောင်စီမံကိန်း၊ ရေအားလျှပ်စစ်စီမံကိန်းတို့မှာ အခက်အခဲအနည်းငယ်တွေ့ရပါတယ်” ဟု တရုတ်ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိ သူတစ်ဦးကလည်း သုံးသပ် ပြောကြားသည်။

အဆိုပါ အခက်အခဲ ပြဿနာများကို လက်ရှိအစိုးရနှင့် တရုတ်နိုင်ငံမှ
ဆွေးနွေးခဲ့ကြောင်း သိရပြီး ပေါ်ပေါက်လာသော အခက်အခဲများကို သုံးသက်ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိကြောင်း တရုတ်နိုင်ငံမှ ဒုဝန်ကြီးက
ပြောကြားခဲ့သည်။

အောင်ပြည့်

တရုတ် နိုင်ငံမှ ပြုလုပ်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတို့သည် ဒေသခံတို့နှင့် ပဋိ ပက္ခဖြစ်ပွားလျက်ရှိပြီး အဆိုပါပဋိပက္ခများကြောင့် ရင်းနှီးမြုပ်နှံမှုအား အခက်အခဲဖြစ်စေနိုင်သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူ သန်းရောင်းဝယ်ရေးမှ ဒုဝန်ကြီးက ယနေ့တွင် ထုတ်ဖော် ပြောကြား လိုက်သည်။

ဧရာဝတီ မြစ်ဆုံဒေသအား ရေအားလျှပ်စစ်စီမံကိန်း ပြုလုပ်ရာတွင် ဒေသခံတိုင်းရင်းသားများ၊ တိုင်းရင်း သား လက်နက်ကိုင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့သောကြောင့် နိုင်ငံတော်သမ္မတမှ ၎င်း၏သက်တမ်းအတွင်း ရပ်ဆိုင်းထားကြောင်းသိရပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပြုလုပ်ရာတွင်လည်း ဒေသခံ ပြည်သူ လူထုနှင့် ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲဒီ အခက်အခဲတွေ ပေါ်လာလို့ဖြေရှင်းလို့မရရင် ရင်းနှီးမြှုပ်နှံမှုကိစ္စတွေမှာ အခက်အခဲဖြစ်လာနိုင်ပါ တယ်။ အခက်အခဲကိစ္စ ဖြစ်ပေါ်လာစရာ ကိစ္စအကြောင်းအမျိုးမျိုးရှိပါတယ်။ ဖြစ်ပေါ်လာတဲ့ကိစ္စ၊ ပြဿ နာတွေကို ပေါ့ပေါ့ဆဆ ဖြေရှင်းလို့မရပါဘူး။တကယ်လို့ ဖြစ်ပေါ်လာရင်လည်း တရုတ်အစိုးရ အနေနဲ့ ဖြေ ရှင်းလို့ရမယ်လို့ ယုံကြည်ပါတယ်။” ဟု ဒုဝန်ကြီး က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး “တရုတ်မြန်မာ ဆက်ဆံရေးအနေနဲ့ ဒုဝန်ကြီးပြောသလို တရုတ်နိုင်ငံဟာ စီးပွားရေးအားကောင်းပါတယ်။ တရုတ်ပြည်ကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါ အခက်အခဲ အနည်းငယ် ရှိပါတယ်။ ဥပမာ-ကြေးနီတောင်စီမံကိန်း၊ ရေအားလျှပ်စစ်စီမံကိန်းတို့မှာ အခက်အခဲ အနည်း ငယ်တွေ့ ရပါတယ်” ဟု တရုတ်ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိ သူတစ်ဦးကလည်း သုံးသပ် ပြောကြားသည်။
အဆိုပါ အခက်အခဲ ပြဿနာများကို လက်ရှိအစိုးရနှင့် တရုတ်နိုင်ငံမှဆွေးနွေးခဲ့ကြောင်းသိရပြီး ပေါ်ပေါက် လာသော အခက်အခဲများကို သုံးသက်ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိကြောင်း တရုတ်နိုင်ငံမှ ဒုဝန်ကြီးကပြော ကြားခဲ့သည်။
The Myanma Age

No comments:

Post a Comment