Friday 18 January 2013

ဗန်းမော် - မိုးမောက် ကားလမ်းပေါ် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ ခဲ့သဖြင့် ဒေသခံသုံးဦး ဒဏ်ရာရ

ဗန်းမော်မြို့ သုံးမိုင်ရွှေပြည်သာရပ်ကွက်၊ ပန်းသစ်စလ္ဘက်ရည်ဆိုင်မှ ဦးသန်းစိုးသည် သုံးဘီးဆိုင်ကယ် ၄ဟ/ ၃၉၆၆ဖြင့် နေအိမ်မှ၎င်း၏ကြက်ခြံသို့ ဇန်န၀ါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ကြက်များ သယ်ယူရန် ထွက်ခွာလာရာ ဗန်းမော်-မိုးမောက်ကားလမ်းပေါ်တွင် KIA အဖွဲ့မှ Remote မိုင်းတစ် လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်လိုက်ပါစီးနင်းခဲ့သော ဒေသခံသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိ ရပါသည်။ဒဏ်ရာရရှိသူများမှာ သုံးဘီးဆိုင်ကယ်မောင်းသူ ဦးသန်းစိုး၊ ဗန်းမော်မြို့သုံးမိုင် ရွှေပြည် သူရပ် ကွက်နေ ဦးမရမ်အားနန်နှင့်ဗန်းမော်မြို့မန်မာ့စိုက်ပျိုးရေးဘဏ် အငယ်တန်းစာရေး ဦးကျော်ကျော်ဟန် တို့ ဖြစ်ကြောင်း သိရှိရသည်။
ယခုအခါ ဒဏ်ရာရရှိသူများကိုဗန်းမော်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသလျှက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment