Friday 18 January 2013

အအေးပျံ့နှံ့ခြင်း ယခုလ ရက် ၂၀ ကျော်တွင် ထပ်မံဖြစ်ဦးမည်

ယခုလအတွင်းအအေးပိုလာခြင်းမှာ cold surge (အအေးပျံ့နှံ့မှု )ကြောင့် ဖြစ်ပြီး Cold Wave ( အအေး လှိုင်း ) ပြတ်ခြင်းကြောင့် မဟုတ်ကြောင်း မိုးဇလမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော် ကပြောသည်။
“လေအေးတွေက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ဟိမ၀န္တာတောင်ခြေအတိုင်းရွှေ့လာတယ် 3 ဒီဂရီ စင်တီ ဂရိတ် လောက်ပိုလာတယ်။အဲ့ဒါကို အအေးလှိုင်းပြတ်တယ်လို့ မခေါ်ဘူး”ဟု ၄င်းကထပ်မံပြောသည်။
အအေးလှိုင်းပြတ်သည်ဆိုသည်မှာ ဆောင်းရာသီလတစ်လ၏ ပျှမ်းမျှ အပူချိန်အတွက် 7 ဒီဂရီ စင်တီ ဂရိတ်အောက်လျှော့ကျမှသာ အအေးလှိုင်း( Cold Wave ) ပြတ်သည်ဟုခေါ်ပြီး အအေးပျံ့နှံ့မှု ( cold surge )သည် တိုက်ခတ်လာသော လေအေးများ၏ တည့်တည့်ကျရောက်သောနေရာများ၌ အအေးဒဏ်ကို ခံစားရခြင်းဖြစ်ကြောင်းသိရသည်။
ယခုဖြစ်ပေါ်လာသောလေအေးများသည် အိန္ဒိယ နှင့်ဘင်္ဂလားဒေ့ရှ်မှလေအေးများဖြစ်ပြီး ဟိ မ၀န္တာ တောင်ခြေအတိုင်း တိုက်ခတ်လာခြင်းဖြစ်သည်ဟု ဦးချစ်ကျော်ကပြောသည်။
ထိုအအေးပျံ့နှံ့ မှုသည် ယခုလ ၂၂ ၊ ၂၃ ၊ ၂၄ ရက်တွင်လည်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ၁၀ ရက် တစ်ကြိမ် ခန့်အအေးပိုလာတတ်ကြောင်း ယခုလကဲ့သို့ အအေးပျံ့နှံ့ခြင်းကိုလည်း ဖေဖော်ဝါရီ ၈ ၊ ၉ ၊ ၁၀ ရက်တွင် ထပ်မံဖြစ်ပေါ်နိုင်ကြောင်းသိရသည်
၂၀၁၂ ခုနှစ်ဒီဇင်ဘာလတွင် ဆောင်းရာသီ၏ လက္ခဏာမပြခဲ့ခြင်းမှာ နိုဝင်ဘာလတွင်အချိန်အခါမဟုတ်မို ရွာ ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။


Credit Popular Myanmar News Journal

No comments:

Post a Comment