Friday 18 January 2013

ကြယ်ဂေါင်၌ နယ်မှတ်ပုံတင်နှင့်ဘာသာခြားများ ပြည်ဝင်ခွင့်အတွက် ငွေကုန်ကျမှုများနေ

Photo: ကြယ်ဂေါင်၌ နယ်မှတ်ပုံတင်နှင့်ဘာသာခြားများ ပြည်ဝင်ခွင့်အတွက်
ငွေကုန်ကျမှုများနေ
Friday, January 18, 2013

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ယူရာတွင် ငွေကြေးတောင်းခံမှုများ
ရှိနေသည့်အတွက် တရုတ်ပြည်နယ်စပ်မြို့သို့ သွားရောက်အလုပ်လုပ် ကြသည့် မြန်မာနိုင်ငံဖက်မှ အခြေခံလူတန်းစားအများစုမှာ အခက်အခဲတွေ့နေကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် မန္တလေးမြို့မှအမျိုးသား ကုန်သည်တစ်ဦးက ပြောကြားသည်။

“ တရုတ်ပြည်ထဲသွားဖို့ကို မြန်မာဖက်ကနေ စာအုပ်အနီရယ် ၊
နေ့စဉ်ဝင်ထွက်ခွင့် လက်မှတ်ရယ်ဆိုပြီး နှစ်မျိုးထုတ်ပေးတယ် ” ဟုအဆိုပါကုန်သည်က ပြောကြားသည်။

မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်အနီ ထုတ်ပေးရာတွင် ရှမ်းပြည်မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုသာ ထုတ်ပေးပြီးအခြားမြို့များမှ လာရောက်နေသည့် ကုန်သည်များကိုမူ ကျပ်ငွေ တစ်သောင်းကျော်မှ စတင်ကာငါးသောင်းအထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

“ဘာသာခြားတွေဆို ငါးသောင်းလောက်ပေးမှ မြန်မာစာအုပ်အနီ
ကိုင်ခွင့်ရှိတယ် ၊ ရိုးရိုး တစ်ခြား မြို့ကနေ လာတဲ့လူတွေကတော့ တစ်သောင်းခွဲနှစ်သောင်းလောက်ဆို စာအုပ်ရတယ် ” ဟု မူဆယ် 
မန္တလေး ကုန်သည်တစ်ဦးက ပြောကြားသည်။

တရုတ်ပြည်ကြယ်ဂေါင်တွင်လာရောက်အလုပ်လုပ်ကိုင်နေကြသည့်
မြန်မာဖက်မှ အခြေခံလူတန်းစား များအနေဖြင့် စာအုပ်အနီအတွက် အခက်အခဲရှိနေသောကြောင့် နေ့စဉ်ဝင်ထွက်ခွင့်လက်မှတ်အား တစ်ရက်လျှင် ငွေတစ်ထောင်နှုန်းဖြင့် ပေးဆောင်သွားလာနေရကြောင်း ကိုလည်း အဆိုပါကုန်သည် တို့က ဆိုသည်။

“ ငွေသောင်းဂဏန်းလောက်ရှိတဲ့စာအုပ်အတွက် ဒီမှာလာကုန်
ထမ်းနေတဲ့လူတွေက ဘယ်ပေးနိုင်မလဲ ၊ စာအုပ်အနီက မူဆယ်မှတ်ပုံတင်ကိုင်ထားမှ ထုတ်လို့ရတယ် ၊ နို့မို့ဆို လိုင်းကြေးပေးပြီး ထုတ်မှ အဆင်ပြေတယ် ” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ကြယ်ဂေါင်မြို့တွင် မြန်မာဖက်မှလာရောက်အလုပ်ကိုင်နေသူအများစုမှာ ကုန်ထမ်းခြင်းနှင့် အခြေခံအလုပ်များစွာလုပ်ရသည့်အတွက် နေ့စဉ် နံနက် (၇)နာရီမှ ည(၈)နာရီထိ အလုပ်လုပ် နေကြကြောင်းသိရပြီး၊ မြန်မာဖက်
မှနိုင်ငံကူးလက်မှတ်အနီစာအုပ်အား မြန်မာနိုင်ငံသားတိုင်း ထုတ်ပေးလျှင် ယခုထက် ပိုမိုအဆင်ပြေလာနိုင်ကြောင်း အဆိုပါကုန်သည်များက သုံးသပ်သည်။

၂၀၁၀ ဂီရိမုန်တိုင်းအပြီး ရခိုင်လူမျိုးများ ကြယ်ဂေါင်သို့နေ့စဉ်အသုတ်လိုက်
ပြောင်းရွှေ့မှုများရှိခဲ့ပြီး လက်ရှိအချိန်တွင် ခန့်မှန်းလူဦးရေ   သောင်းဂဏန်း
ရှိနေကြောင်းကိုလည်း သိရသည်။

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
Myit Makha Mediagroupမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ယူရာတွင် ငွေကြေးတောင်းခံမှုများ ရှိနေသည့်အတွက် တရုတ်ပြည်နယ်စပ်မြို့သို့ သွားရောက်အလုပ်လုပ် ကြသည့် မြန်မာနိုင်ငံဖက်မှ အခြေခံလူတန်းစားအများစုမှာ အခက်အခဲတွေ့နေကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် မန္တလေးမြို့မှအမျိုးသား ကုန်သည်တစ်ဦးက ပြောကြားသည်။

“ တရုတ်ပြည်ထဲသွားဖို့ကို မြန်မာဖက်ကနေ စာအုပ်အနီရယ် နေ့စဉ် ၀င်ထွက်ခွင့် လက်မှတ်ရယ်ဆိုပြီး နှစ်မျိုးထုတ်ပေးတယ် ” ဟုအဆိုပါကုန်သည်က ပြောကြားသည်။

မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်အနီ ထုတ်ပေးရာတွင် ရှမ်းပြည်မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုသာ ထုတ်ပေးပြီးအခြားမြို့များမှ လာရောက်နေသည့် ကုန်သည်များကိုမူ ကျပ်ငွေတစ်သောင်းကျော်မှ စတင်ကာ ငါးသောင်းအထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

“ဘာသာခြားတွေဆို ငါးသောင်းလောက်ပေးမှ မြန်မာစာအုပ်အနီ ကိုင်ခွင့်ရှိတယ် ၊ ရိုးရိုးတစ်ခြား မြို့ကနေ လာတဲ့လူတွေကတော့ တစ်သောင်းခွဲနှစ်သောင်းလောက်ဆို စာအုပ်ရတယ် ” ဟု မူဆယ် မန္တလေး ကုန်သည်တစ်ဦးက ပြောကြားသည်။

တရုတ်ပြည်ကြယ်ဂေါင်တွင်လာရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာဖက်မှ အခြေခံလူတန်းစား များအနေဖြင့် စာအုပ်အနီအတွက် အခက်အခဲရှိနေသောကြောင့် နေ့စဉ်ဝင်ထွက်ခွင့်လက်မှတ်အား တစ်ရက်လျှင် ငွေတစ်ထောင်နှုန်းဖြင့် ပေးဆောင်သွားလာနေရကြောင်း ကိုလည်း အဆိုပါကုန်သည် တို့က ဆိုသည်။

“ ငွေသောင်းဂဏန်းလောက်ရှိတဲ့စာအုပ်အတွက် ဒီမှာလာကုန်ထမ်းနေတဲ့လူတွေက ဘယ်ပေးနိုင်မလဲ ၊ စာအုပ်အနီက မူဆယ်မှတ်ပုံတင်ကိုင်ထားမှ ထုတ်လို့ရတယ်၊ နို့မို့ဆို လိုင်းကြေးပေးပြီး ထုတ်မှ အဆင်ပြေတယ် ” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ကြယ်ဂေါင်မြို့တွင် မြန်မာဖက်မှလာရောက်အလုပ်ကိုင်နေသူအများစုမှာ ကုန်ထမ်းခြင်းနှင့် အခြေခံအလုပ်များစွာ လုပ်ရသည့်အတွက် နေ့စဉ်နံနက် (၇)နာရီမှ ည(၈)နာရီထိ အလုပ်လုပ် နေ ကြကြောင်း သိရပြီး၊ မြန်မာဖက်မှနိုင်ငံကူးလက်မှတ်အနီစာအုပ်အား မြန်မာနိုင်ငံသားတိုင်း ထုတ်ပေးလျှင် ယခုထက် ပိုမိုအဆင်ပြေလာနိုင်ကြောင်း အဆိုပါကုန်သည်များက သုံးသပ်သည်။

၂၀၁၀ ဂီရိမုန်တိုင်းအပြီး ရခိုင်လူမျိုးများ ကြယ်ဂေါင်သို့နေ့စဉ်အသုတ်လိုက် ပြောင်းရွှေ့မှုများရှိခဲ့ပြီး လက်ရှိအချိန်တွင် ခန့်မှန်းလူဦးရေ သောင်းဂဏန်းရှိနေကြောင်းကိုလည်း သိရသည်။
 
From :  Myit Makha Mediagroup
3Like · ·

No comments:

Post a Comment