Friday 18 January 2013

ဖားကန့်ဒေသ အခြေစိုက် KIA အဖွဲ့ တပ်မဟာ(၂) တပ်ရင်း (၆) ပင်မ စခန်း ကုန်း အား မြန်မာ စစ်တပ်မှ သိမ်းပိုက်

Photo: ဖားကန့်ဒေသအခြေစိုက် KIA အဖွဲ့ တပ်မဟာ(၂) တပ်ရင်း(၆) ပင်မစခန်းကုန်း အား မြန်မာစစ်တပ်မှသိမ်းပိုက်
Friday, January 18, 2013

ဖားကန့်မြို့နယ်နှင့် အရှေ့မြောက်ဖက် ၁၀ မိုင်အကွာရှိ ကန်စီး၊ စိုင်းလှ ဒေသအခြေစိုက် KIA တပ်ရင်း(၆)၊ အင်အား (၅၀၀)ခန့် ရှိသော ပင်မစခန်းအား အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ် မှစစ်သည်များမှ (၁၇-၁-၂၀၁၃)ရက်နေ့ ညပိုင်း (၂၂၀၀) ချိန်တွင် ညတိုက်ပွဲဆင်နွဲကာ သိမ်းပိုက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ညတိုက်ပွဲမတိုင်ခင် လက်နက်ကြီး ပစ်ကူများဖြင့် KIA  သောင်းကျန်း သူများအား ဦးနှိမ်ပစ်ခတ်ထားပြီး ညပိုင်းအချိန် လ၏အလင်းရောင်ကို အသုံးချကာ ရန်သူပင်မ စခန်းကုန်းကို တက်ရောက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းစခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သော အရာရှိတစ်ဦးမှတယ်လီဖုန်းမှတဆင့်ဆက်သွယ်ပြောကြားသွားသည်။ (၁၆-၁-၂၀၁၃)ရက်နေ့ကတဲက တွင် အဆိုပါ KIA တပ်ဖွဲ့များ၏ ကာကင်းကုန်းများဖြစ်သော ဒွန်းမောင်းကုန်းနှင့် လမောင်းကုန်းကို သိမ်းပိုက်ထားခဲ့ပြီး ဖြစ်သည်။ ဖားကန့်ဒေသတိုက်ပွဲများတွင် မြန်မာစစ်တပ်သည် လေကြောင်းအကူအညီမယူဘဲ မြေပြင်တပ်များအသုံးပြုတိုက်ခိုက်သွားကြောင်းသိရှိရသည်။
(၁၈-၁-၂၀၁၃)ရက်နေ့ နံနက်ပိုင်းချိန်ထိ ကန်စီးဒေသမှ ကစဉ်ကလျား ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်သောင်းကျန်းသူများကို လိုက်လံရှင်းလင်းနေရသည်အတွက် လက်နက်ငယ်သံများကို ဖားကန့်မြို့ထဲမှ ပင်ကြားနေရကြောင်း ၊တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စာသင်ကျောင်းများအား ခေတ္တ ပိတ်ထားရကြောင်း ဒေသခံများမှ ပြောကြားပါသည်။ ကန်စီးခြေစိုက် KIA  တပ်ရင်း(၆)သည် KIA တပ်ရင်းများတွင် အချမ်းသာဆုံးတပ်ရင်းတစ်ရင်းဖြစ်ပြီး ဖားကန့်ဒေသတွင်အလုပ်လုပ်ကိုင်သူအားလုံး၎င်းတပ်ရင်းအား လစဉ်ဆက်ကြေးပေးဆောင်ရကြောင်းဒေသခံတစ်ဦးမှဆိုသည်။ လွန်ခဲ့သည် သုံးလခန့်ကလည် ဖားကန့်ဒေသတွင်း၇ှိ ကျောက်လုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေ သိန်းပေါင်း ၆၀၀၀၀ ကျော်အား တပ်ရင် (၆)မှကောက်ခံပေးပြီးKIA  ဗဟိုသို့ပို့ဆောင်ပေးခဲ့ရကြောင်းသိရှိရသည်။
 
ref open
ဖားကန့်မြို့နယ်နှင့် အရှေ့မြောက်ဖက် ၁၀ မိုင်အကွာရှိ ကန်စီး၊ စိုင်းလှ ဒေသ အခြေစိုက် KIA တပ်ရင်း(၆)၊ အင်အား (၅၀၀)ခန့် ရှိသော ပင်မစခန်းအား အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ် မှစစ်သည်များမှ (၁၇-၁-၂၀၁၃)ရက်နေ့ ညပိုင်း (၂၂၀၀) ချိန်တွင် ညတိုက်ပွဲဆင်နွဲကာ သိမ်းပိုက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ညတိုက်ပွဲမတိုင်ခင် လက်နက်ကြီး ပစ်ကူများဖြင့် KIA သောင်းကျန်း သူများအား ဦးနှိမ်ပစ်ခတ်ထားပြီး ညပိုင်းအချိန် လ၏အလင်းရောင်ကို အသုံးချကာ ရန်သူပင်မ စခန်းကုန်းကို တက်ရောက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းစခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သော အရာရှိတစ်ဦးမှတယ်လီဖုန်းမှတဆင့်ဆက်သွယ်ပြောကြားသွားသည်။ (၁၆-၁-၂၀၁၃)ရက်နေ့ကတဲက တွင် အဆိုပါ KIA တပ်ဖွဲ့များ၏ ကာကင်းကုန်းများဖြစ်သော ဒွန်းမောင်းကုန်းနှင့် လမောင်းကုန်းကို သိမ်းပိုက်ထားခဲ့ပြီး ဖြစ်သည်။ 
 
ဖားကန့်ဒေသတိုက်ပွဲများတွင် မြန်မာစစ်တပ်သည် လေကြောင်းအကူအညီမယူဘဲ မြေပြင်တပ်များအသုံးပြုတိုက်ခိုက်သွားကြောင်းသိရှိရသည်။
(၁၈-၁-၂၀၁၃)ရက်နေ့ နံနက်ပိုင်းချိန်ထိ ကန်စီးဒေသမှ ကစဉ်ကလျား ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်သောင်းကျန်းသူများကို လိုက်လံရှင်းလင်းနေရသည်အတွက် လက်နက်ငယ်သံများကို ဖားကန့်မြို့ထဲမှ ပင်ကြားနေရကြောင်း ၊တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စာသင်ကျောင်းများအား ခေတ္တ ပိတ်ထားရကြောင်း ဒေသခံများမှ ပြောကြားပါသည်။ ကန်စီးခြေစိုက် KIA တပ်ရင်း(၆)သည် KIA တပ်ရင်းများတွင် အချမ်းသာဆုံးတပ်ရင်းတစ်ရင်းဖြစ်ပြီး ဖားကန့်ဒေသတွင် အလုပ်လုပ်ကိုင်သူအားလုံး ၄င်းတပ်ရင်းအား လစဉ်ဆက်ကြေးပေးဆောင်ရကြောင်းဒေသခံတစ်ဦးမှဆိုသည်။ 
 
လွန်ခဲ့သည် သုံးလခန့်ကလည် ဖားကန့်ဒေသတွင်း၇ှိ ကျောက်လုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေ သိန်းပေါင်း ၆၀၀၀၀ ကျော်အား တပ်ရင် (၆)မှကောက်ခံပေးပြီး KIA ဗဟိုသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရှိရသည်။

No comments:

Post a Comment