Sunday 27 January 2013

သက်တမ်းလွန်ယာဉ်များကို သက်တမ်းတိုးပေးနေဟု ဝန်ကြီးပြော

Photo: သက်တမ်းလွန်ယာဉ်များကို သက်တမ်းတိုးပေးနေဟု ဝန်ကြီးပြော
Saturday, January 26, 2013

မှတ်ပုံတင်သက်တမ်း တဆက်တည်း ၅ နှစ် မကျော်သည့် သက်တမ်းလွန် ယာဉ်များကို သက်တမ်းတိုးပေးနေသည်ဟု ဝန်ကြီးက ဆိုသည်။

“မှတ်ပုံတင်သက်တမ်း သက်တမ်း တဆက်တည်း ၅ နှစ် မကျော်လွန်တဲ့ ယာဉ်တွေကိုသာ ယာဉ်စစ်ဆေးပြီး မှတ်တမ်း မှန်ကန်ပါက သက်တမ်း
တိုးခြင်း၊ ပိုင်ရှင်ဆန္ဒအရ ယာဉ်ဟောင်း အပ်နှံဖျက်သိမ်းခြင်းနှင့် အစားထိုးယာဉ် တင်သွင်းခြင်းတွေကို စီမံချက် စတင်ချိန်မှ စပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဇန်နဝါရီလ ၂၅ ရက်
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးဇေယျာအောင် က ပြောကြားခဲ့သည်။

၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ် နည်းဥပဒေများတွင် မှတ်ပုံတင်သက်တမ်း တဆက်တည်း ၅ နှစ်ကျော် ပျက်နေသော ယာဉ်များသည် မှတ်ပုံတင် အလိုအလျောက် ပျက်ပျယ်စေရမည်၊ မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းရမည် စသည်ဖြင့် ပြဋ္ဌာန်းပါရှိသည်ဟု ဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် ၁၉၄၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မှတ်ပုံတင်သက်တမ်း ၅ နှစ်ကျော် နှစ်ပြတ်သဖြင့် မှတ်ပုံတင် ဖျက်သိမ်းပြီးယာဉ် ၁၂,၂၆၈ စီး ရှိပြီးဖြစ်ကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမ
မှတ်ပုံတင်သက်တမ်း တဆက်တည်း ၅ နှစ် မကျော်သည့် သက်တမ်း လွန်ယာဉ်များကို သက်တမ်းတိုးပေးနေသည်ဟု ဝန်ကြီးကဆိုသည်။
“မှတ်ပုံတင်သက်တမ်း သက်တမ်း တဆက်တည်း ၅ နှစ် မကျော် လွန် တဲ့ ယာဉ်တွေကိုသာ ယာဉ်စစ်ဆေးပြီး မှတ်တမ်း မှန်ကန်ပါက သက်တမ်းတိုးခြင်း၊ ပိုင်ရှင်ဆန္ဒအရ ယာဉ်ဟောင်း အပ်နှံ ဖျက် သိမ်းခြင်းနှင့် အစားထိုးယာဉ် တင်သွင်းခြင်းတွေကို စီမံချက်စတင်ချိန်မှ စပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဇန်နဝါရီလ ၂၅ ရက်ပြည်သူ့  လွှတ်တော် အစည်းအဝေးတွင် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးဇေယျာအောင် က ပြောကြားခဲ့သည်။

၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ် နည်းဥပဒေများတွင် မှတ်ပုံတင်သက်တမ်း တဆက်တည်း ၅ နှစ်ကျော် ပျက်နေသော ယာဉ်များသည် မှတ်ပုံတင်အလိုအလျောက်ပျက်ပျယ်စေရမည်၊ မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းရမည် စသည်ဖြင့် ပြဋ္ဌာန်းပါရှိသည်ဟု ဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် ၁၉၄၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မှတ်ပုံတင်သက်တမ်း ၅ နှစ်ကျော် နှစ်ပြတ်သဖြင့် မှတ်ပုံတင် ဖျက်သိမ်းပြီးယာဉ် ၁၂,၂၆၈ စီး ရှိပြီးဖြစ်ကြောင်း သိရသည်။

မဇ္ဈိမ

No comments:

Post a Comment