Sunday 27 January 2013

ကချင်အရေး အမေရိကန် ကြားဝင်ရန် တောင်းဆို


ကချင်ပြည်နယ်တွင် စစ်မှန်သောငြိမ်းချမ်းရေးရရှိရေးအတွက် အမေရိကန်အစိုးရက ကူညီ ဆောင် ရွက် ပေးရန်အချက် (၅)ချက်ပါဝင်သော တောင်းဆိုစာတစ်စောင်ကို ထိုင်းနိုင်ငံချင်းမိုင် မြို့ ရှိ ကချင် တိုင်း ရင်းသားများက တောင်းဆိုလိုက်သည်။

လူသားချင်းစာနာသော အကူအညီအဖြစ် တရုတ်နယ်စပ်ရှိ ဒုက္ခသည်စခန်းကိုကူညီရန်၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောစီးပွားရေးပိတ်ဆို့မှုဖြေလျှော့ခြင်းကို ပြန်လည်သုံးသပ်ရန်၊ တရုတ်အစိုးရကို UNHCR ရုံး ဖွင့်လှစ်ရေးတိုက်တွန်းပေးရန်၊ကချင်အရေး ကုလသမဂ္ဂတွင် အလေးပေး ဆွေးနွေးပေးရန်၊ ပြည်လုံးကျွတ် စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရေးအတွက်တိုက်တွန်းပေးရန် ဆိုသည့်အချက်များ ယင်းထုတ်ပြန် ကြေညာချက်တွင် ဖော်ပြပါရှိသည်။

၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်တွင် ကချင်ရိုင်ဖယ်တပ်များသည် မဟာမိတ်တပ်များနှင့်အတူ ဖက်ဆစ်ဂျပန် များကို တိုက်ထုတ်စဉ် ပါဝင်ခဲ့သည်။

၂၀၁၁ ဇွန်လက စတင် ဖြစ်ပွားခဲ့သော KIA နှင့် အစိုးရ တပ်တို့၏ ၁၉လကျော် စစ်ပွဲကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သော စစ်ပြေး ဒုက္ခသည် တစ်သိန်းခန့် ရှိနေပြီ ဖြစ်သည်။
thevoiceweekly

No comments:

Post a Comment