Sunday 27 January 2013

အသက်မပြည့်သေးသူ မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ကျောင်းစုတိုက်နယ် ကန်းစွန်းခင်းကျေးရွာအုပ်စု ကွင်းကောက် ရွာ(ဆင်ဖြူတော်) “သိန်းတန်မြ” ဆန်စက်တွင် ၂၁-၁-၂၀၁၃ နေ့က အသက်မပြည့်သေးသော မိန်းကလေး ငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဦးစိုးသိန်း+ဒေါ်သောင်းကြည် တို့ပိုင်ဆိုင်သော “သိန်းတန်မြ” ဆန်စက်၏ မေဆရာ ဦးငြိမ်းငြိမ်း မှ ဆန်နမူနာယူသော စတီးကလောင်ကို ကိုင်၍ အသက် (၁၆)နှစ် (၁၀)လရှိ ဆန်ထမ်းအလုပ်သမ မ……… ကို ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

ဖြစ်ပွားပုံမှာ ဆန်စက်လည်နေသောအချိန် မိန်းကလေးမှ ဆန်အိတ်ကို စက်အပြင်ဘက်ရှိ ပိုင်ပုံသို့ သွားရောက် ပို့စဉ် စပါးအိတ်များ၊ ဆန်အိတ်များကြားတွင် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ ညပိုင်းဆင်းရသော အလုပ်သမားအဖွဲ့ဖြစ်၍ အချိန်မတော် သန်းခေါင်ယံအချိန် အော်ဟစ်ရုန်းကန်ခဲ့သော်လည်း လိုက်လံ ဖမ်းဆီးဆွဲခေါ်ကာ ကားဂွန်ဒေါင်းအောက်သို့ ဒုတိယအကြိမ် ဆွဲသွင်းပြီး အ၀တ်အစားများကို ဆွဲဆုပ် ချွတ်နေစဉ် စက်ထဲမှအလုပ်သမတစ်ဦးက ကြာမြင့်သဖြင့်လိုက်လာသောကြောင့်သာ အထမမြောက်ပဲ အရှက်တကွဲအကျိုးနည်း ဖြစ်ခဲ့ရပါသည်။

မိုးလင်း၍အလုပ်ပြီးချိန်ဆန်စက်ပိုင်ရှင် ဒေါ်သောင်းကြည်အားတိုင်ကြားသော်လည်းမည်သူ့ကိုမှမပြောပါ၊ သူ့ဝမ်းထဲ၌သာထားမည်ဟု ပြောဆိုပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကိုသွားရောက်တိုင် ကြားသော်လည်း နှစ်ဘက်ခေါ်စစ်မည် ပြောပြီး (၅)ရက်ခန့်ကြာသည်အထိ ညှိပေးမည် ဟု ပြောသောကြောင့် (၂၄-၁-၂၀၁၃)နေ့တွင် ကျောင်းစုတိုက်နယ် ရဲစခန်းသို့ သွားရောက် အမှုဖွင့် ခဲ့ကြောင်းသိရပါသည်။ ပထမသတင်းပေးတိုင်ချက်အရ စခန်းမှဒုရဲအုပ်တစ်ဦး နှင့် တပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီးခြင်း၊ အခင်းဖြစ်နေရာအား မှတ်တမ်းတင် ဓါတ်ပုံရိုက်ခြင်းပြုရာ ဆန်စက်ပိုင်ရှင်များမှ ယခုအမှုအတွက်ဆန်စက်နာမည်ပျက်သည်၊ သိက္ခာကျသည်ဟုပြောပြီး ဓါတ်ပုံများဖျက်ပေး ရန် ပြောသဖြင့် တာဝန်ကျရဲဝန်ထမ်းများက ဖျက်ပေးခဲ့ရကြောင်း စခန်းမှူးမှ ကိုမျိုးမျိုးလင်း(လူ့အခွင့်အရေးကာကွယ်မြင့် တင်သူများ ကွန်ရက်)ကို ပြောဆိုပါသည်။

အဆိုပါ အမှုအား ပထမသတင်းပေးတိုင်ချက်အမှတ် (၄/၂၀၁၃)၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆/ ၅၁၁)ဖြင့် ကျောင်းစုစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။
Hinthata HumanRights
 

No comments:

Post a Comment