Sunday 27 January 2013

ကမ္ဘာ့အကြီးဆုံး မြေပေါ် စက်တပ်ယာဉ်

ကမ္ဘာ့အကြီးဆုံး မြေပေါ် စက်တပ်ယာဉ်

နာဆာက ဂြိုလ်တုနဲ့ ဒုံးပျံသယ်တဲ့ အကြီးဆုံး ယာဉ်တွေထက်တောင် ပိုကြီး လို့ Bagger 288 ကို ကမ္ဘာ့အကြီးဆုံး Land Vehicle လို့ အသိအမှတ်ပြုထား ပါတယ်။

ဂျာမနီနိုင်ငံ၊ Tagebau Hambach ဒေသက ကျောက်မီးသွေးတွင်းမှာ အသုံးပြုဖို့အတွက် ဂျာမနီ Krupp ကုမ္မဏီမှ တည်ဆောက်လိုက်ခြင်း ဖြစ် ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပါ တယ်။ ပြီးတော့ နေရာတစ်နေရာကနေ တစ်နေရာ ရွှေ့ ပြောင်းခကလည်း အနည်းဆုံး ဂျာမနီ ငွေကြေး Mark ၁၅ သန်း မက ကုန်ကျပါတယ်။

၁၉၇၈ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အစိတ်အပိုင်း အားလုံးကို ဒီဇိုင်းချ ဖန်တီးဖို့ ၅ နှစ်ကြာပြီး အပြီးအစီး တည်ဆောက်ဖို့ နောက်ထပ် ၅ နှစ်ကြာပါတယ်။ ဒါကြောင့် စုစုပေါင်း ၁၀ နှစ်တောင် အချိန်ယူပြီး တည်ဆောက်ရတဲ့ မိုင်းတွင်းတူးစက်ကြီး ဖြစ်ပါတယ်။

အမြင့် ၃၁၁ ပေ၊ အရှည် ၅၀၇ ပေ အရွယ်အစားရှိပြီး စုစုပေါင်း တန်ချိန် ၁၃၅၀၀ တန် ဝိတ်လေးပါတယ်။ ကျောက်မီးသွေးရယ်လို့မဟုတ်ပဲ တွင်းရဲ့  အပြင်ကျောက်တောင်ကို ဖြိုဖို့အတွက် ပိုမို အသုံးဝင်တဲ့ စက် ဖြစ်ပါတယ်။ သူ့ရဲ့  တစ်ရက်တူးနိုင်တဲ့ ကျောက်မီးသွေးပမာဏက တန်ပေါင်း ၂ သိန်း ၄ သောင်း ရှိပြီး ဘောလုံးကွင်း တစ်ကွင်းထဲက မြေ အနက် ၉၈ ပေ တူးတဲ့ ပမာဏနဲ့အတူတူပဲ ဖြစ်ပါတယ်။ သူတစ်ရက်တူးစာက ဝက်ဂွန်ကားကြီး အစီး ၂၄၀၀ တင်စာ ပမာဏနဲ့ အတူတူပါပဲ။ တော်တော်ကို အလုပ်တွင်တဲ့ စက် ဖြစ်ပါတယ်။

တစ်နေရာကနေ တစ်နေရာကိုရွှေဖို့လို့လည်းရပါတယ်။ သူ့ရဲ့  သွားနှုန်းက တစ်မိနစ်ကို ၃၃ ပေ (တစ်နာရီ ၀.၆ ကီလိုမီတာ) ပဲ ရှိပါတယ်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလက ၂၄ မိုင်ကွာဝေးတဲ့ နောက်ထပ် ကျောက်မီးသွေး တစ်တွင်းကိုရွှေ့ ပြောင်း လုပ်သားအင်အား ၇၀ နဲ့ အခြားစက်ကြီးများလည်း အသုံးပြုရပါတယ်။ မြစ်ကိုဖြတ်ကူးဖို့အတွက် အောက်မှာ ဧရာမစတီးချောင်း များစွာ ခင်းပေးရပြီး ပြောင်းရွှေ့ စရိတ် စုစုပေါင်းက ဂျာမနီ Mark ၁၅ သန်း ကုန်ကျခဲ့ပါတယ်။ ဒါကြောင့် ထိုင်နေရုံမက ခရီးသွားရင်လည်း အတော် ဈေးကြီးတဲ့ စက်ဖြစ်ပါတယ်။

သူ့အတွက် တစ်ရက်အသုံးပြုဖို့ လျှပ်စစ်ဓာတ်အားက ၁၆.၅၆ မီဂါဝတ် လိုအပ်ပါတယ်။ လျှပ်စစ်မော်တာကြီးများနဲ့လည်ပတ်တဲ့ စက်ပဲ ဖြစ်ပါတယ်။ Bagger 288 ဟာ အခြားသော Bagger များနဲ့ စီးရီးအလိုက် ထွက်ရှိ ထားမှု ဖြစ်ပြီး လက်ရှိမှာ သူဟာ ကမ္ဘာ့အကြီးဆုံး မြေပေါ် စက်တပ် ယာဉ် ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_2286.html

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
နာဆာက ဂြိုလ်တုနဲ့ ဒုံးပျံသယ်တဲ့ အကြီးဆုံး ယာဉ်တွေထက်တောင် ပိုကြီး လို့ Bagger 288 ကို ကမ္ဘာ့အကြီးဆုံး Land Vehicle လို့ အသိ အမှတ်ပြုထားပါတယ်။
ဂျာမနီနိုင်ငံ၊ Tagebau Hambach ဒေသက ကျောက်မီးသွေးတွင်းမှာ အသုံးပြုဖို့အတွက် ဂျာမနီ Krupp ကုမ္မဏီမှ တည်ဆောက် လိုက်ခြင်း ဖြစ်ပါတယ်။ စုစုပေါင်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပါ တယ်။ ပြီးတော့ နေရာတစ်နေရာကနေ တစ်နေရာ ရွှေ့ ပြောင်းခကလည်းအနည်းဆုံးဂျာမနီ ငွေကြေး Mark ၁၅ သန်းမကကုန်ကျပါတယ်။

၁၉၇၈ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အစိတ်အပိုင်းအားလုံးကို ဒီဇိုင်းချဖန်တီးဖို့ ၅ နှစ်ကြာပြီး အပြီး အစီး တည်ဆောက်ဖို့ နောက်ထပ် ၅ နှစ်ကြာပါတယ်။ ဒါကြောင့် စုစုပေါင်း ၁၀ နှစ်တောင် အချိန်ယူပြီး တည်ဆောက်ရတဲ့ မိုင်းတွင်းတူးစက်ကြီး ဖြစ်ပါတယ်။

အမြင့် ၃၁၁ ပေ၊ အရှည် ၅၀၇ ပေ အရွယ်အစားရှိပြီး စုစုပေါင်းတန်ချိန် ၁၃၅၀၀ တန်ဝိတ်လေးပါ တယ်။ ကျောက်မီးသွေးရယ်လို့မဟုတ်ပဲတွင်းရဲ့  အပြင်ကျောက်တောင်ကို ဖြိုဖို့အတွက် ပိုမို အသုံးဝင်တဲ့ စက် ဖြစ်ပါတယ်။ သူ့ရဲ့ တစ်ရက်တူးနိုင်တဲ့ ကျောက်မီးသွေးပမာဏက တန်ပေါင်း ၂ သိန်း ၄ သောင်း ရှိပြီး ဘောလုံးကွင်း တစ်ကွင်းထဲက မြေအနက် ၉၈ ပေတူးတဲ့ပမာဏနဲ့အတူတူပဲ ဖြစ်ပါတယ်။ သူတစ် ရက် တူးစာက ဝက်ဂွန်ကားကြီး အစီး ၂၄၀၀ တင်စာပမာဏနဲ့အတူတူပါပဲ။ တော်တော်ကိုအလုပ်တွင်တဲ့ စက် ဖြစ်ပါတယ်။

တစ်နေရာကနေ တစ်နေရာကိုရွှေဖို့လို့လည်းရပါတယ်။ သူ့ရဲ့  သွားနှုန်းကတစ်မိနစ်ကို ၃၃ ပေ (တစ်နာရီ ၀.၆ ကီလိုမီတာ)ပဲရှိပါတယ်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလက ၂၄ မိုင်ကွာဝေး တဲ့ နောက် ထပ် ကျောက် မီးသွေး တစ်တွင်းကိုရွှေ့ ပြောင်းလုပ်သားအင်အား ၇၀ နဲ့ အခြားစက်ကြီးများလည်း အသုံးပြုရပါ တယ်။ မြစ်ကိုဖြတ်ကူးဖို့အတွက် အောက်မှာဧရာမစတီးချောင်းများစွာခင်းပေးရပြီး ပြောင်းရွှေ့ စရိတ် စုစုပေါင်းက ဂျာမနီ Mark ၁၅ သန်း ကုန်ကျခဲ့ပါတယ်။ ဒါကြောင့် ထိုင်နေရုံမက ခရီးသွားရင်လည်း အတော် ဈေးကြီးတဲ့စက်ဖြစ်ပါတယ်။

သူ့အတွက် တစ်ရက်အသုံးပြုဖို့ လျှပ်စစ်ဓာတ်အားက ၁၆.၅၆ မီဂါဝတ်လိုအပ်ပါတယ်။ လျှပ်စစ်မော် တာကြီးများနဲ့လည်ပတ်တဲ့စက်ပဲ ဖြစ်ပါတယ်။ Bagger 288 ဟာ အခြားသော Bagger များနဲ့ စီးရီးအလိုက် ထွက်ရှိထားမှု ဖြစ်ပြီး လက်ရှိမှာ သူဟာကမ္ဘာ့အကြီးဆုံး မြေပေါ် စက်တပ်ယာဉ် ဖြစ်ကြောင်းသိရပါတယ်။
--
Ref: wiki
International news for myanmar


No comments:

Post a Comment