ဖန်ပြွန်သန္ဓေသားနည်းပညာ (Invitro Fertilization – IVF)
နှင့် ကိုယ် ၀န်ဆောင်သူ အမျိုးသမီးများတွင် အသက်အန္တရာယ်ဖြစ်စေ သည့်
သွေးခဲများဖြစ်ပေါ်တတ်ကြောင်း သိပ္ပံပညာရှင်များကဆိုသည်။
သဘာဝအတိုင်းကိုယ်ဝန်ဆောင် သူအမျိုးသမီးများထက် သွေးခဲပိတ် ဆို့နိုင်ချေ ငါးဆပိုများကြောင်း သုတေသီများကတွေ့ရှိခဲ့သည်။
ဖန်ပြွန်သန္ဓေသားကိုယ်ဝန်ဆောင်ခြ င်းသည်
အဆုတ်သွေးလွှတ်ကြော မကြီးတွင်သွေးခဲ ပိတ်ဆို့ သော ပြဿနာနှင့်
သွေးပြန်ကြောတွင်း သွေးခဲပိတ်ဆို့သော ပြဿနာများကဲ့သို့
အသက် အန္တရာယ် ရှိဝေဒနာများနှင့် ဆက်စပ်နေသည်။
ဖန်ပြွန်သန္ဓေသား ကိုယ်ဝန်ကြောင့် သွေးခဲပိတ်ဆို့ပြီးသေဆုံးနှုန်းမှာ ကြီးမားသည့်ပမာဏသို့ မရောက်သေးသော်လည်း မိခင်များသေဆုံးသည့် အဓိကအကြောင်းရင်းမှာအဆုတ်သွေးခဲ ပိတ် ဆို့ခြင်းဖြစ် ၍ ဆရာဝန်များအနေနှင့်ဖန်ပြွန်သန္ဓေ သားဝန်ဆောင်မှု ရယူလိုသူမိခင်များကို ဘေးထွက်ဆိုးကျိုးများ အသိပေးထားသင့်ကြောင်းသုတေသီများကဆိုသည်။
ဖန်ပြွန်သန္ဓေသားဝန်ဆောင်မှု တွင်သုံးသည့်ဆေးဝါးများမှာ မိခင်၏
အီစထရိုဂျင်ဟော်မုန်းများ မြင့် တက်စေပြီး ကိုယ်ဝန်ရင့်မှသာ ပုံမှန်ပမာဏ
သို့ပြန်လည်ရောက်ရှိသည်။
အမျိုးသမီးသားဥအိမ်ကိုလှုံ့ဆော်၍ မမျိုးဥ (၁၅) လုံးခန့်မှည့်ကြွေ ရန်လိုအပ်သောကြောင့် မိခင်အားဟော် မုန်းဆေးအများအပြားပေးရလေ့ရှိသည်။
ဟော်မုန်းဆေးများကြောင့် ကိုယ်ဝန်ဆောင်စဉ်သွေးခဲသည့် ပြဿနာများဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ပထမ သုံးလပတ်အတွင်းအဖြစ်အများဆုံးဖြ စ်သည်။
“ဖန်ပြွန်သန္ဓေသားကုသမှုဖြစ် စဉ်မှာ မမျိုးဥများရင့်မှည့်ဖို့ ဟော်မုန်း
ဆေးအများအပြားပေးရပါတယ်။ ဒါကြောင့် အီစထရိုဂျင်ဟော်မုန်း ဆယ်ဆမှ အဆတစ်ရာအထိတက်လာပြီး ခန္ဓာကိုယ်တွင်းသွေးခဲ များ ဖြစ်ပေါ်စေပါတယ်။ ပထမသုံးလပတ်မှာ အန္တရာယ်အရှိဆုံးဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်တစ်ဦးရဲ့ ပုံမှန်အီစရို
ဂျင်ဟော်မုန်းပမာဏကို တဖြည်း ဖြည်းပြန်ရောက်လာမှသာ
အန္တရာယ်နည်းလာမှာဖြစ်ပါတယ်” ဟု လေ့လာ မှုကိုဦးဆောင်သူ ပီတာဟန်နရစ်က ဆိုသည်။
Source : PTI
ဖန်ပြွန်သန္ဓေသားနည်းပညာ (Invitro Fertilization – IVF) နှင့် ကိုယ် ၀န်ဆောင်သူ အမျိုးသမီးများတွင် အသက်အန္တရာယ်ဖြစ်စေ သည့် သွေးခဲများဖြစ်ပေါ်တတ်ကြောင်း သိပ္ပံပညာရှင်များကဆိုသည်။
သဘာဝအတိုင်းကိုယ်ဝန်ဆောင် သူအမျိုးသမီးများထက် သွေးခဲပိတ် ဆို့နိုင်ချေ ငါးဆပိုများကြောင်း သုတေသီများကတွေ့ရှိခဲ့သည်။
ဖန်ပြွန်သန္ဓေသားကိုယ်ဝန်ဆောင်ခြ
ဖန်ပြွန်သန္ဓေသား ကိုယ်ဝန်ကြောင့် သွေးခဲပိတ်ဆို့ပြီးသေဆုံးနှုန်းမ
ဖန်ပြွန်သန္ဓေသားဝန်ဆောင်မှု တွင်သုံးသည့်ဆေးဝါးများမှာ မိခင်၏ အီစထရိုဂျင်ဟော်မုန်းများ မြင့် တက်စေပြီး ကိုယ်ဝန်ရင့်မှသာ ပုံမှန်ပမာဏ သို့ပြန်လည်ရောက်ရှိသည်။
အမျိုးသမီးသားဥအိမ်ကိုလှုံ့ဆော်၍
ဟော်မုန်းဆေးများကြောင့် ကိုယ်ဝန်ဆောင်စဉ်သွေးခဲသည့် ပြဿနာများဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ပထမ သုံးလပတ်အတွင်းအဖြစ်အများဆုံးဖြ
“ဖန်ပြွန်သန္ဓေသားကုသမှုဖြစ် စဉ်မှာ မမျိုးဥများရင့်မှည့်ဖို့ ဟော်မုန်း ဆေးအများအပြားပေးရပါတယ်။ ဒါကြောင့် အီစထရိုဂျင်ဟော်မုန်း ဆယ်ဆမှ အဆတစ်ရာအထိတက်လာပြီး ခန္ဓာကိုယ်တွင်းသွေးခဲ များ ဖြစ်ပေါ်စေပါတယ်။ ပထမသုံးလပတ်မှာ အန္တရာယ်အရှိဆုံးဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်တစ်ဦးရဲ့ ပုံမှန်အီစရို ဂျင်ဟော်မုန်းပမာဏကို တဖြည်း ဖြည်းပြန်ရောက်လာမှသာ အန္တရာယ်နည်းလာမှာဖြစ်ပါတယ်” ဟု လေ့လာ မှုကိုဦးဆောင်သူ ပီတာဟန်နရစ်က ဆိုသည်။
Source : PTI
No comments:
Post a Comment