Sunday 27 January 2013

မန်းတွင် တိုင်းရင်သားလူမျိုးစုများ စုပေါင်းဈေးရောင်းပွဲတော် ကျင်းပမည်


၆၆နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားလူမျိုးများ စုပေါင်းဈေး ရောင်းပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။အဆိုပါဈေးရောင်းပွဲတော်ကို မန်းမြို့ ၃၅လမ်း၊ ၆၆- ၆၇လမ်းကြားရှိ ရှမ်းတိုင်းရင်းသားအသင်းတိုက်တွင် ဖေဖော်ဝါရီလ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ နံနက် ၉နာရီမှ ည ၉နာရီ အထိ နေ့စဉ်ကျင်းပမည်ဖြစ်ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်ကျင်းပ ခြင်းဖြစ်ကြောင်းသိရသည်။
တိုင်းရင်းသားလူမျိုးများအနေနဲ့ မိမိတို့ချစ်မြတ်နိုးတဲ့ ရိုးရာယဉ်ကျေးမှုအမွေနှစ်တွေကို ဖော်ထုတ်ပြသပြီး မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ တိုင်းရင်းသားလူမျိုးတွေ အချင်းချင်းနားလည်မှုရှိပြီး အပြန် အလှန်လေးစားဖို့ကူညီရိုင်းပင်းဖို့ ပြည်ထောင်စုစိတ်ဓာတ် အမြဲကိန်းအောင်နေဖို့ တိုင်းရင်းသားလူမျိုးတွေ ဥမကွဲ သိုက်မပျက် အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ လုပ်ဖြစ်တာပါလို့ ပွဲဖြစ်မြောက်ရေး ကော်မတီမှ ဥက္ကဌ ဦးစိုင်းပန်းဆိုင်မှ ပြောသည်။
ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားများမှာ ကချင်၊ ကယား၊ ကရင်၊ ကိုးကန့်၊ ချင်း၊ တအောင်း(ပလောင်)၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ရှမ်းနီတို့မှ မိမိတို့ရိုးရာပစ္စည်းများကိုပါဝင်ရောင်းချမည်ဖြစ် ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၄၀ကျော် ပါဝင်ရောင်းချမည်ဖြစ် ကြောင်းသိရသည်။

  Popular Myanmar News Journal 

No comments:

Post a Comment